ကျွန်တော်တို့ အင်ဂျင်တွေ ကိုင်ကြပါတယ်။ တကယ်လည်း လက်ရာသေသပ်ကြပါတယ်။ ကျွမ်းကျင်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် အင်ဂျင်တွေ ကိုင်ဖို့လိုအပ်တာလဲ? ဘယ်လိုအခြေအနေမျိုးမှာ အင်ဂျင်တွေကိုင်ကြလဲ? တွေ့ဆုံကြုံဖူးတာလေး မျှဝေပေးပါ့မယ်ခင်ဗျာ။ အင်ဂျင်ဟိတက်တယ်။ ဟိတက်ပြီး ရေဆူတယ် ၊ ခဏကြာတော့ ဂတ်စကက်ပျက်ပြီး ကားပါထိုးရပ်သွားတယ်။ ရုံကိုဆွဲလာတယ်။ customer ကို ၁ပတ် ဆယ်ရက်လောက် ခွါချိန်းလိုက်တယ်။ တကယ်တမ်း ဟပ်ခွာအပေါ်ဖွင့်အောက်ဖွင့်ဆိုရင် အများဆုံး ၃ရက်ပါပဲ။ ဒါပေမဲ့ ရေဆူပြီးဂတ်စကက်ပျက်တာလောက်တင်မဟုတ်တော့ဘဲ။ ဘလောက်ထဲရေရောက်ကုန်တယ်။ ဘယ်ရင်ပျော် ၊ ကွန်နတင်းကောက် စတဲ့ အနေထားမျိုးတွေထိ ဖြစ်လာခဲ့ရင် အင်ဂျင်ချမှကို ရတော့မှာပါ။ လိုအပ်တာတွေ သေချာစစ်ဆေးရမယ်။ အင်ဂျင်အစိတ်အပိုင်းတွေ လဲသင့်လဲရမယ်။
အင်ဂျင်ရေဆူတယ် ၊ ဘာကြောင့်ရေဆူတာလဲ? ဟိတက်လို့ရေဆူတာပါ။ ဟိတက်ရခြင်းအကြောင်းအရင်းတွေကတော့ (၁၀ချက်) ရှိပါတယ်။
belt ကြိုးတွေပျက်တယ်
radiator fan မလည်ဘူး
Water hoses တွေပေါက်တယ် ၊ ပျက်တယ်
radiator ပိတ်တယ် ၊ ပေါက်တယ်
Thermostat မကောင်းဘူး ၊ မပွင့်ဘူး ၊ အသေဖြစ်နေတယ်
water pump မကောင်းဘူး ၊ ဒလတ်ကြိုးတယ် ၊ မလည်ဘူး ၊ ဆိုဒ်သေးနေတယ်
coolant မသုံးဘူး ရိုးရိုးရေသုံးတယ် ၊ coolant နည်းနေတယ်
engine oil မရှိဘူး ၊ engine oil ခမ်းနေတယ် ၊အင်ဂျင်ဝိုင်ယိုတယ်။
Cooling ရေလိုင်းတလျောက် စိမ့်နေတယ်
pressure cap မကောင်းဘူး ၊ မလုံဘူး။
အင်ဂျင်အပူလွန်ကဲမှုကြောင့် ဟပ်မျက်နှာပြင်တွေ မညီညာတော့ဘူး။ ဒါကလည်း အင်ဂျင်ပြဿနာထဲက တစ်ခုပါပဲ။ မိတ်ဆွေ တစ်ယောက်ရဲ့ Honda CRV 97 အနိမ့်လေး အင်ဂျင်ရေဆူတဲ့ ပြဿနာ တစ်ခု ကူညီပြီး ဖြေရှင်းခဲ့ပေးဖူးတယ်။ ရေလိုင်းတွေ အကုန်လုံး အယိုအစိမ့်မရှိပါဘဲလျှက် ၅မိုင်လောက်မောင်းပြီးတာနဲ့ ဟိတက်တယ်။ အင်ဂျင်စက်ပြန်သပ် ပြန်နိုး ၊ နိုးနိုးချင်းမှာ အေးဆေးပဲ အဲ့ဒီ ၄ ၅ မိုင်ဆို ဟိတက်တယ်။ ခဏအကြာ အင်ဂျင်ပါထိုးရပ်သွားတယ်။ ဂပ်စကတ် ဘာညာ ပျက်လားဆိုတော့လဲ မပျက်ဘူး။ ကျွန်တော်ဒီနေရာမှာ တွေးတာက အင်ဂျင်ဟိတက်တဲ့ အပိုင်းမှာ ယနေခေတ် ကြုံနေရတာ ၂ မျိုးရှိပါတယ်။ engine mechanical issue နဲ့ electrical issue ။ electrical issue ဆိုတာ ဘာလဲဆိုရင် ဥပမာအားဖြင့် cooling fan မလည်တာတို့ ၊ oil pressure sensor မကောင်းတာတို့ ၊ water temperature sensor မကောင်းတာကြောင့် Heat တက်ပါတယ်။ scan စစ်လိုက်ရင် engine temperature တွေက မဟားတရားကြီးတွေ များနေတာမျိုး ၊ ကြုံဖူးမှာပါ -40C တို့ ဘာတို့ဆိုရင် Electrical issue ကြောင့်ဖြစ်ပါတယ်။ ဒါမျိုးက အင်ဂျင်ဟိ ရုပ်ချည်းတက်တယ် ၊ ရုပ်ချည်းကျတယ်။ သို့ပေမဲ့ mechanical issue ကတော့ အဲ့လိုမဟုတ်ဘူး။ အင်ဂျင်စစနိုးချင်းမှာ ဟိချက်ချင်းမတက်ဘူး။ ကြာလာတော့မှ မီးသွေးမီးလို ဖြည်းဖြည်းချင်းဟိတက်တယ်။ ပြန်ကျတာလဲ နှေးတယ်။ Thermodynamic သင်ဖူးတဲ့ လူတွေသိမယ်။ Latent heat တို့ enthalpy တို့ရဲ့ heat (အပူ) သဘောတရားတွေ ဖြစ်ပါတယ်။ ယခုကျွန်တော့် မိတ်ဆွေရဲ့ Honda CRV လေးက အင်ဂျင်ဟပ် မျက်နှာပြင်မညီလို့ ရေလိုင်းတွေမလုံဘူး။ ဒါ့ကြောင့် အင်ဂျင်ရဲ့ cooling လိုင်းမှာ ပြဿနာလာတက်နေတာဖြစ်ပါတယ်။ ဟပ်ဆိုင်မှာ ဟပ်စစ်တော့ အဖြေပေါ်ပါပြီ။ ဒါ့ကြောင့် facing စားတယ် ဟပ်မျက်နှာပြင်သတယ်။ ဟပ်အကွဲအပြဲအယိုအစိမ့်ကလည်းမရှိတော့ ပြင်ပြီးသုံးလိုက်တာ OK သွားတယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးဘူး။ water pump ရဲ့ blade တွေသေးနေတယ်။ ဒါ့ကြောင့် cooling pressure ကလည်း ပုံမှန်ထက်နည်းနေသေးပါတယ်။ ဒါ့ကြောင့် water pump လဲလိုက်ပါတယ်။ အဆုံးမှာတော့ အင်ဂျင်ဟိတက်တဲ့ပြဿနာ ပြေလည်သွားပါတယ်။ အမှန်က အဲ့ဒီကားလေးဟာ ဟပ်မကောင်းလို့ ဟပ်အသစ်လဲထားတာ တစ်နှစ်သားပဲရှိသေးတယ်။ ဟပ်အသစ်ပေမဲ့လည်း cooling လိုင်းပြဿနာရှိခဲ့ရင် ခုလို ဟပ်ကိုလာထိပြီး အင်ဂျင်ဟပ်ဟာ ကုံးကွပြီး ကြိုးကြာရုပ်ကဲ့သို့ဖြစ်သွားပါတယ်။
#credit to original owner