Home HEALTH Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ

Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ

20

လက်ဖက်၊ လက်ဖက်ရည်နဲ့ ကော်ဖီတွေထဲမှာပါတဲ့ (ကေဖင်း) ဓါတ်ရဲ့သတ္တိတွေအကြောင်း ခပ်တိုတိုလေးရေးပါရစေ။ လေ့လာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ထားပြီးပြီ။ ရေတိုနဲ့ ရေရှည်သက်ရောက်မှုတွေကို ကောင်းကောင်း သိနေပါပြီ။ အသင့်အတင့်စားသုံးရင် ရေတိုမှာ ခေါင်းကိုက်၊ ပျို့ချင်၊ စိုးရိမ်စိတ် စတာတွေ ပါတယ်။ ရေရှည်ဆိုရင် (ပါကင်ဆိုနစ်ဇင်) ရောဂါ၊ ဆီးချို (၂)၊ အသဲရောဂါ၊ နှလုံး-သွေးလွှတ်ကြောရောဂါတွေ သက်သာစေတာတွေ့ရတယ်။ ဗဟိုအာရုံကြောစနစ်ကို နိုးဆွပေး နိုင်လို့ နှလုံးကြွက်သားနဲ့ အနုစားကြွက်သားတွေကို ပြေလျှော့စေတယ်၊ အစာခြေရည် ပိုထွက်မယ်၊ ဆီးပိုသွားစေမယ်။

Positive effects အပေါင်းသဘောဆောင်တဲ့ အကျိုးတွေ –
  • ရေရှည် များများသုံးစွဲရင် နှလုံး-သွေးကြောရောဂါနဲ့ ဆီးချိုရောဂါတွေ အဖြစ်နည်းမယ်။
  • Neurotransmitters ခေါ်တဲ့ အာရုံကြောတွေကို နိုးဆွပေးလို့ Acetylcholine, Dopamine, Serotonin, epinephrine and Glutamate တွေပိုထွက်လာမယ်။
  • Acetylcholine ဆိုတာ သတိထားမှု၊ အာရုံစူးစိုက်မှု၊ လေ့လာမှု၊ မှတ်ဉာဏ်တွေအတွက် အသုံးဝင်တယ်။
  • Increased alertness သတိရှိမှုပိုမယ်။
  • Decreased fatigue အားယုတ်တာ သက်သာမယ်။
  • Increase the metabolic rate ကိုယ်ခန္ဓာအလုပ်တွေ ပိုစေမယ်။
  • Cancer ကင်ဆာဖြစ်မှာလဲ နည်းစေနိုင်တယ်။
  • Parkinson’s disease (ပါကင်ဆိုနဇင်) ရောဂါ အဖြစ်နည်းစေမယ်။
  • Type 2 diabetes ဆီးချို အမျိုးအစား (၂) အဖြစ်နည်းတယ်။
  • Hepatic cancers အသဲကင်ဆာ အဖြစ်နည်းတယ်။
  • Antioxidant activity အဆိပ်အတောက် ဖယ်ရှားရေး အားပေးတယ်။
Negative effects အနုတ်သဘောဆောင်တာတွေ
  • increase blood pressure သွေးဖိအား များစေမယ်။
  • High blood pressure သွေးတိုးရှိနေသူတွေမှာ Strokes, Cerebral vascular disease နောက်ဆက်တွဲ ဖြစ်တာတွေ များစေမယ်။
  • Reduce control of fine motor movements အသေးစိတ် ကြွက်သားလှုပ်ရှားမှုုကို လျှော့စေလို့ လက်တုံမယ်။
  • Cortisol secretion (ကော်တီဇော) ထုတ်ပေးတာကို များစေမယ်။
  • Increased insomnia မအိပ်ချင်ဖြစ်မယ်။
  • Addictive စွဲစေတယ်။
  • Caffeine withdrawal ဖြတ်လိုက်ရင် Headache ခေါင်းကိုက်၊ Fatigue အားယုတ်၊ Decreased alertness သတိရှိမှုနည်းစေမယ်။
  • Caffeine 300 mg ထက်များရင် anxiety စိုးရိမ်စိတ်ဖြစ်မယ်။
  • Auditory hallucinations နားထဲကနေ သူများမကြားတာကို ကြားနေတာမျိုး ဖြစ်နိုင်တယ်။
  • Bone loss at the spine အသက်ကြီးအမျိုးသမီးတွေ ခါးရိုးအားနည်းမယ်။
Coffee Mix, Instant Coffee (ကော်ဖီမစ်)၊ (အင်းစတင့်ကော်ဖီ) တွေရဲ့ အာဟာရတန်ဘိုး
  • 1 pouch, 200 gm ၁ ထုပ် = ၂ဝဝ ဂရမ်၊
  • Calories (ကလိုရီ) = 55
  • Calories from Fat အဆီကရတဲ့ အဆီ = 18
  • Total Fat စုစုပေါင်းအဆီ = 2.0g 3%
  • Saturated Fat ပြည့်ဝအဆီ = 2.0g 10%
  • Polyunsaturated Fat, Monounsaturated Fat မပြည့်ဝအဆီ = 0.0g
  • Cholesterol (ကိုလက်စထော) = 0mg 0%
  • Sodium (ဆိုဒီယမ်) ဆား = 10mg 0%
  • Carbohydrates (ကစီဓါတ်) = 9.0g 3%
  • Dietary Fiber (ဖိုင်ဘာ) = 0.0g 0%
  • Sugars သကြား = 5.0g
  • Protein (ပရိုတင်း) = 0.0g
  • Vitamin A ဗီတာမင် (အေ) = 0%
  • Vitamin C ဗီတာမင် (စီ) = 0%
  • Calcium (ကယ်လ်စီယမ်) = 0%
  • Iron သံဓါတ် = 0%