Home HEALTH ညောင်းညာကိုက်ခဲနေတာ ယူပစ်သလို ပျောက်နည်းလေး

ညောင်းညာကိုက်ခဲနေတာ ယူပစ်သလို ပျောက်နည်းလေး

3

နေမကောင်းလို့ ဆေ:သောက်လဲမပျောက်ဘဲ ညောင်းညာကိုက်ခဲနေတာ ယူပစ်သလို ပျောက်နည်းလေး အိမ်တွင်းကုထုံး တကယ်လက်တွေ့ ပါ

ပါဝင်ပစ္စည်း
———–
ကြက်သွန်နီ ၂-လုံး
ကြက်သွန်ဖြူ ၁-လုံး
သံပုရာသီး ၂-လုံး
ဂျင်း ၂-တက်
ရှောက်ရွက်(သို့)သံပုရာရွက် ၁၀ ၁၅-ရွက်ခန့်

အားလုံးကို အိုးတစ်ခုမှာ ရောပြီး အိုးထဲ ရေတစ်ဝက်ကျော် ထည့်ပြီး ပြုတ်လိုက်ပါ။

ပွက်ပွက်ဆူလာတဲ့အခါ အိုးကို ညီတဲ့နေရာ မှာချ ဒူးထောင် ထိုင်ပြီး ၁၀-မိနစ်ခန့် စောင်ကို ခေါင်းမှ ခြေထိ တစ်ကိုယ်လုံး ခြုံထားပါ။

မသုံးတဲ့ အိုးကို ခြေခွထိုင်ပီး လုပ်ရင် ပိုကောင်းပါသည်။

ချွေးတွေ တစ်ကိုယ်လုံး ရေလောင်းထားသလို ချွေးထွက်လာပါမယ်။

တော်တော်ကို နေလို့ကောင်းသွားတယ်။ ညောင်းညာ ကို*က်ခဲတာ အကုန်ပျောက်။

မသွန်ပစ်ဘဲ ၅-ခါ ၆-ခါ လုပ်လို့ ရပါ တယ်။

ပူအောင် ပြန်နွှေးရမှာပါ… အဖျားပါ ပျောက်သွားတယ်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို credit ပေးပါတယ်။