Home HEALTH ခံတွင်းနံ့ဆိုးခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

ခံတွင်းနံ့ဆိုးခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

1

၁။ လျှာကြောင့် ခံတွင်းနံ့ဆိုးခြင်း

လျှာကြောင့် ခံတွင်းနံ့ဆိုးတဲ့ လက္ခဏာရပ်တွေကတော့ လျှာမှာ အဝါရောင် အလွှာတစ်ထပ်ဖြစ်ခြင်း ဒါမှမဟုတ် လက်ဖမိုးကို လျက်ကြည့်တဲ့အခါ အနံ့အသက် မကောင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ လျှာသန့်ရှင်း ဖို့နည်းကတော့ သွားတိုက်ဆေး အနည်းငယ်ယူကာ လျှာပွတ်တံနဲ့ လျှာကို ပွတ်ပေးဖို့ပဲ ဖြစ်ပါတယ်။

၂။ သွားဖုံးကြောင့် ခံတွင်းနံ့ဆိုးခြင်း

သွားဖုံးကနေ သွေးထွက်နေတတ်ပါတယ်။ သွားကြား သန့်ရှင်းရေး လုပ်လေ့ မရှိသူတွေမှာ ဖြစ်လေ့ရှိပြီး အကယ်၍ သွားကြားထိုးကြိုးနဲ့ သွားကြား ထိုးခဲ့ရင်တောင် နာကျင်နေမှာပါ။

၃။ လည်ချောင်း/နှာခေါင်းကြောင့် ခံတွင်းနံ့ဆိုးခြင်း

အသံဝင်ခြင်း၊ လည်ချောင်းအသံ ကပ်ခြင်းတို့နဲ့ပါ တွဲပြီး ဖြစ်လေ့ရှိပါတယ်။ ဓာတ်မတည့် ပျောက်ဆေး သုံးဆောင်နေသူတွေမှာလည်း ဖြစ်တတ်ပါတယ်။

၄။ လူနေမှုပုံစံကြောင့် ခံတွင်းနံ့ဆိုးခြင်း

အစာလျှော့စားကာ အပိန်ကျင့်ခြင်းက ခံတွင်းနံ့ ဆိုးစေနိုင်သလို နို့နဲ့ ချိစ်စားခြင်း၊ ကော်ဖီသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ စိတ်ဖိစီးခြင်းတို့ကြောင့်လည်း ခံတွင်းနံ့ နံတတ်ပါတယ်။

“ခံတွင်းနံ့ သင်းပျံ့စေမည့် အဆင့်ခြောက်ဆင့်”

ခံတွင်းနံ့ နံတာ ပျောက်ဖို့က မခက်ခဲပါဘူး။ အောက်ပါ အချက်ခြောက်ချက်ကို လိုက်နာရုံနဲ့ ခံတွင်းနံ့ ကောင်းလာမှာပါ။

၁။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ လျှာပွတ်တံနဲ့ လျှာပွတ်ပေးပါ။ လျှာပွတ်ခြင်းက အစာအကြွင်းအကျန်နဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။ သန့်ရှင်းတဲ့ ခံတွင်းရဲ့ အနံ့ကလည်း လန်းဆန်း နေမှာပါ။

၂။ သင့်တော်တဲ့ ပစ္စည်း သုံးပေးသင့်ပါတယ်။ သွားပွတ်တံဆိုရင်လည်း အမွေးနူးညံ့တာမျိုး သုံးပေးသင့်ပါတယ်။ အကယ်၍ လျှာပွတ်တံ မရှိပါက ဇွန်းနဲ့ ပွတ်ပေးနိုင်ပါတယ်။

၃။ မနက်တစ်ခါ ညတစ်ခါ သွားတိုက်ပါ။ နူးညံ့တဲ့ သွားပွတ်တံကို သုံးပြီး စက်ဝိုင်းသဏ္ဌာန် လှည့်ကာ၊ လှည့်ကာ နှစ်မိနစ်ကြာ တိုက်ပေးပါ။ ခပ်ကြမ်းကြမ်း မဖိမိစေပါနဲ့။ သွားရဲ့ကြွေလွှာ ပျက်စီးစေနိုင်တာ ကြောင့်ပါ။

၄။ အာခြောက်မခံပါနဲ့။ မကြာခဏ ရေသောက်ပါ။ အယ်ကိုဟော အခြေခံ ပလုတ်ကျင်းဆေးရည်ကို ရှောင်ပါ။ အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းလို ခံတွင်းကို ခြောက်သွေ့စေတာကြောင့်ပါ။

၅။ သွားဖုံးရောဂါရှိပါက သွားဆရာဝန်ထံ မှန်မှန်ပြပါ။

၆။ ကော်ဖီနဲ့ တခြားအက်စစ်ပါတဲ့၊ ဂက်စ်ပါတဲ့ အအေးတွေ ရှောင်ပါ။ သကြားများတဲ့ အစာကို ရှောင်ပါ။ ဒီအစားအစာတွေကို အကယ်၍ စားမိခဲ့ရင်လည်း စားအပြီး ငါးမိနစ်အကြာမှာ သကြားမပါ ပီကေကို ဝါးပါ။ ဒါမှ တံတွေး ထွက်ရှိလာပြီး အက်စစ်တွေကို ပြန်ချေဖျက်နိုင်မှာပါ။
#credit