Window 11 တွင် work and play တစ်ခုလုံးအတွက် အသွင်အပြင်အသစ်နှင့်အတူ upgrade အများအပြား ပါဝင်လာကြောင်းသိရှိရသည်။ feature အများအပြားကို redesign ကြီးကြီးမားမားပြုလုပ်ထားပြီး ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် release ပြုလုပ်မှာ ဖြစ်ပါသည်။ Window 11 ကိုစဖွင့်လိုက်သည်နှင့် rounded corner များနဲ့ Start menu အသစ်ကို တွေ့ရှိရ မှာဖြစ်ပြီး တချိန်တည်းတပြိုင်တည်းဖွင့်ထားတဲ့ application များကိုဖော်ပြဖို့ snap layout ပါဝင်လာခြင်း နှင့်အတူ productivity update အများအပြားလည်း ပါဝင်လာမှာဖြစ်ပါတယ်။ သို့သော်လည်း task bar တွင် application များကို drag and drop ပြုလုပ်ခြင်း၊ shortcut သို့မဟုတ် file များကို task bar ပေါ်တွင်ထား ခြင်းတို့ကို Window 11 တွင် ခွင့်ပြုတော့မှာမဟုတ်တဲ့ အတွက် Window fan တွေအတွက်တော့ စိတ်တိုင်းမကျ စရာ အချက်တစ်ခုဖြစ်ပါတယ်။ Window 11 သည် နောက်ဆုံးရသတင်းများ၊ Microsoft team integration၊ new Window store တို့ဖော်ပြပေးမယ့် widget အသစ်များဖြင့်လည်း သင့်ကို အမြဲ up to date ဖြစ်နေစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Window 11 မှာ android application တွေကို run နိုင်ကတော့ အလွန်စိတ်ကျေနပ်စရာကောင်းတဲ့အချက်ဖြစ်ပါတယ်။ Gamer တွေစိတ်တိုင်းကျစေမယ့်အရာတွေကတော့ Game ဆော့တဲ့အခါမှာတွေ့ရမယ့် အမြင်ပိုင်းဆိုင်ရာ ပိုကောင်းလာစေဖို့ Auto HDR နဲ့ ပိုမိုမြန်ဆန်တဲ့ performance တွေရရှိဖို့ Direct storage support ပြုလုပ်ပေးမှာတွေပဲဖြစ်ပါတယ်။ Business user တွေ ကြိုက်နှစ်သက်စေမှာကတော့ သူတို့ရဲ့နေရာတွေမဆုံးရှုံး စေဘဲ undock and dock ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။ အောက်ပါအချက်တွေကတော့ သင်တို့သိရှိထားသင့်တဲ့ Window 11 နဲ့သက်ဆိုင်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။
Window 11 release လုပ်မယ့်နေ့ရက်၊ ဈေးနှုန်း နဲ့ beta
Microsoft ဟာ Window 11 ကို အောက်တိုဘာလ ၅ ရက်နေ့မှာ တရားဝင် release လုပ်မှာဖြစ်ကြောင်း ကြေငြာထားပါတယ်။ Window 10 အသုံးပြုနေတဲ့စက်တွေကို Window 11 အခမဲ့ upgrade ပြုလုပ်ခွင့်ပေးမှာဖြစ်ပေမယ့် upgrade ပြုလုပ်မယ့် laptop နဲ့ desktop တွေအနေနဲ့ Window 11 ကို support လုပ်တဲ့ feature တွေရှိ/မရှိနဲ့ သင့်တော်တဲ့ CPU ရှိနေဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ သင့်ကွန်ပျူတာကို Window 11 upgrade ပြုလုပ်နိုင်/မနိုင်ကို စစ်ဆေးနိုင်ဖို့ Windows.com သို့သွားရောက်ကာ PC Health Check application ကို download ပြုလုပ်ပြီး စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Microsoft ရဲ့ phase and measured process တွေလုပ်ေဆာင်ေနတာကြောင့် အချို့သော Window 10 license version အသုံးပြုတွေ အတွက်တော့ ဒီနှစ်ကုန် (သို့မဟုတ်) ၂၀၂၂ ခုနှစ်အထိ upgrade ပြုလုပ်နိုင်သေးမှာမဟုတ်ပါဘူး။ အကြောင်း ကတော့ Window 11 ဟာ အခြေခံအားဖြင့် hardware eligibility ဖြစ်မှု၊ reliability metric၊ device ရဲ့သက်တမ်းနဲ့ အခြားသောအချက်အလက်တွေကို ဦးစားပေးထားမှာဖြစ်တာကြောင့် ဖြစ်ပါတယ်။ သို့သော် လည်း Microsoft ဟာ OS အသစ်ကို စောစီးစွာ စမ်းသပ်အသုံးပြုချင်သူတွေအတွက် Window 11 insider ကို ကြိုတင်မိတ်ဆက်ပေးထားပြီးဖြစ်ပါတယ်။ ဒါဟာ Window 11 ရဲ့ feature အပြည့်အစုံ မပါသေးပေမယ့်လို့ Window 11 ဟာ ဘယ်လိုပုံစံမျိုး ဖြစ်မယ်ဆိုတာ သိရှိစေမှာဖြစ်ပါတယ်။ Microsoft ဟာ ဇူလိုင်လနှောင်းပိုင်းတုန်းက လူထုအတွင်းစမ်းသပ်ဖို့ Window 11 beta version ကို စတင် release လုပ်ခဲ့တာဖြစ်ပါတယ်။ Window 11 insider ကနေ Window 11 beta ကိုပြောင်းလဲခြင်းဟာ latest builds တွေကို တခါတည်းပြုလုပ်တာထက် ပိုမို stable ဖြစ်စေပြီး ပိုမိုထောက့်ပံ့စေမှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာ ကတော့ ဒီ software ဟာ မပြီးသေးတာ ဖြစ်တဲ့အတွက် အချို့သော bug တွေကို ကြုံတွေ့နိုင်တာပဲ ဖြစ်ပါတယ်။ Microsoft ဟာ စက်တင်ဘာလ ၂၂ ရက်နေ့က Window 11 ကို အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်အသုံးပြု နိုင်မှာဖြစ်ကြောင်း ကြေငြာခြင်းနဲ့အတူ laptop နဲ့ tablet တွေမှာတွေ့မြင်ရမယ့် surface product event ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
Window 11 ဒီဇိုင်း(ဒီဇိုင်းအသစ်နဲ့ Start Menu)
Window 11 ဟာ အသွင်အပြင်အသစ်နဲ့အတူ ပိုမို ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းကြောင့် ခံစားမှုအသစ်တွေကို ရရှိစေမှာဖြစ်တဲ့အပြင် အသုံးပြုသူတွေကိုလည်း လွယ်ကူ စေမှာဖြစ်ပါတယ်။ ၎င်းတွင် Start button ကို အလယ်မှာထားရှိပြီး button ကိုနှိပ်လိုက်ရင် recent file၊ documents နဲ့ application တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Start Menu တွင် application တွေကို list နဲ့မဖော်ပြတော့ပဲအဲဒီအစား ရွေးချယ်တဲ့ application တွေကို grid နဲ့ဖော်ပြပေးမှာဖြစ်ပြီး ဒုတိယ grid မှာတော့ recommend လုပ်ထားတဲ့ application တွေကို ဖော်ပြထားမှာဖြစ်ပါတယ်။ All Apps button ကတော့ သမားရိုးကျအတိုင်း application တွေကို list နဲ့ပြသပေး မှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အသုံးပြုလိုတဲ့ နေရာကို လွယ်လွယ်ကူကူလျင်လျင်မြန်မြန် ရောက်ရှိ စေနိုင်ဖို့ပဲဖြစ်ပါတယ်။ Window 11 အသစ်တွင် application များ၌ rounded corner များ ပိုမိုထည့်သွင်း ထားမှုနဲ့ streamlined taskbar တစ်ခုပါဝင်မှုတို့ကြောင့် ပိုမိုသစ်လွင်မှုရှိစေမှာ ဖြစ်ပါတယ်။ color နဲ့ transition အသစ်တွေ ပါဝင်လာမှုနဲ့အတူ dark mode လည်း ပါဝင်မှာဖြစ်ပါတယ်။
Window 11 Snap layouts, Snap Groups and Docking
Window 11 တွင် Snap layout feature သည် သင်ရွေးချယ်လိုတဲ့ snap layout ကို pick လုပ်နိုင် တာကြောင့် သင့်အနေနဲ့ application မျိုးစုံကို တချိန်တည်း run နိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ application ၂ ခုမှ ၆ ခုထိ ဘေးချင်းယှဉ်လျှက် (သို့မဟုတ်) grid ထဲမှာ ထားရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Window 11 တွင် Snap Groups feature အသစ်ကို taskbar တွင်ထည့်သွင်းထားတဲ့အတွက် message အနေနဲ့ ဖြေရှင်းထားတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ Docking feature အသစ်အနေနဲ့လည်း သင့်ရဲ့ monitor ကို အခန်းရွှေ့ပြောင်းရန် unplug လုပ်ထားချိန်တွင် monitor ပေါ်ရှိ Window ကို minimize လုပ်ပေးထား မှာဖြစ်ပြီး dock ကိုပြန်လည်တပ်ဆင်ချိန်မှသာ Window များကို ယခင်အတိုင်း ပြန်လည်ပေါ်လာစေမှာဖြစ်ပါ တယ်။
Window 11 Widgets
Window 11 တွင် Microsoft Edge နှင့် AI တို့၏ widget များကို အသစ်ရွေးချယ်ပေးထားပြီး ထို widget များရဲ့ အကူအညီနဲ့ တခဏအတွင်း သင့်ပြက္ခဒိန်ကိုကြည့်ရှုနိုင် ခြင်း၊ ရာသီဥတုအခြေအနေ၊ သတင်းများ၊ သင်မှတ်သား ထားသည့် လုပ်ဆောင်ရန်အချက်များ၊ ဓာတ်ပုံများနှင့် အခြားအရာများစွာကို ကြည့်ရှုလုပ်ဆောင်နိုင်မှာဖြစ်ပါ တယ်။ Widget များကို သင့်တကိုယ်ရေစာအသုံးပြုဖို့ စီစဉ်ထားနိုင်ပြီး သင့် desktop ပေါ်မှာ ဘယ်လိုပေါ်နေစေချင်သလဲဆိုတာကိုပါ လုပ်ဆောင်ထား နိုင်ပါတယ်။ Widget များကို slide ပြုလုပ်ထားပြီး သင်ကြိုက်နှစ်သက်သလို desktop ရဲ့တစိတ်တပိုင်း (သို့မဟုတ်) အားလုံးကိုဖုံးကွယ်ထားနိုင်ပါတယ်။
Window 11 ၏ better touch, pen and voice support
Window 11 တွင် input ပြုလုပ်နိုင်သည့် နည်းလမ်း များစွာပါဝင်ပါတယ်။ ဥပမာအနေနဲ့ touch bar အတွင်းရှိ icon များအကြားတွင် space ကို ပိုမိုထားရှိပေးထားသဖြင့် သင်ရွေးချယ်ထားသည့် icon ကို ပိုမိုလွယ်ကူစွာ touch လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် visual cues aimed လုပ်ရာတွင်လည်း touch target ကို ပိုမိုကြီးမားအောင် ထည့်သွင်းပေးထားတဲ့အတွက် လွယ်ကူစွာသိရှိနိုင်ပြီး window တွေကို ရွှေ့ပြောင်းရာမှာ လည်း အကူအညီဖြစ်စေမှာဖြစ်ပါတယ်။ on-screen keyboard ကို ဒီဇိုင်းပြန်လည်ပြင်ဆင်ပေးထားပြီး customize ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Window 11 တွင် touch pen အသုံးပြုခဲ့မယ်ဆိုရင်လည်း အပြင်မှာ တကယ့်ဘောလ်ပင်နဲ့ရေးနေသလို ခံစားရစေနိုင်မှာဖြစ် ပါတယ်။ အသံနဲ့စာရေးသားခြင်းပြုလုပ်မှုအပိုင်းတွင် ပိုမို တိကျစွာရေးသားနိုင်အောင်နဲ့ အသံထွက်အပိုင်းေတွမှာ ပိုမိုကောင်းမွန်အောင် တိုးမြှင့်လုပ်ဆောင်ပေးထားပါ တယ်။ Voice command တွင်လည်း documents များကို ဖျက်ရန် “delete that” ကဲ့သို့သော command မျိုးကို ထောက်ပံ့ပေးထားပါတယ်။
Window 11 desktops
Window 11 ဟာ desktop အမျိုးမျိုးကို ကိုယ်ပိုင် wallpaper တစ်ခုစီထားပြီး သင့်စိတ်ကြိုက် ပြုလုပ်ထား နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ အလုပ်အတွက် အိမ်အတွက် ကျောင်းအတွက် ဂိမ်းကစားရန်အတွက် စသဖြင့် desktop တစ်ခုချင်းစီကို သက်ဆိုင်ရာ application များနဲ့ ထားနိုင်မှာဖြစ်ပါတယ်။
Window 11 ၏ New Windows Store နှင့် Android Applications
Microsoft သည် Window 11 တွင် ရှာဖွေလိုသော Application များကို ပိုမိုလွယ်ကူလျင်မြန်ေအာင် ရှာဖွေ နိုင်စေရန် Microsoft Store ကို ဒီဇိုင်းပြန်လည်ပြင်ဆင် ပေးထားပါတယ်။ ဒါတွေထက်ပိုပြီး သတိပြုမိစေတဲ့ အချက်ကတော့ Android Applications တွေကို Window 11 ပေါ်မှာ အသုံးပြုနိုင်မယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီနှစ်ကုန်ရင် Android Applications တွေကို Microsoft Store မှာရှာဖွေနိုင်မှာဖြစ်ပြီး Amazon Appstore ကနေ download ပြုလုပ်နိုင်မှာဖြစ်တဲ့အကြောင်း ပြောကြား ထားပါတယ်။ ဒီအပိုင်းမှာ အနည်းငယ်ရှုပ်ထွေးမှုတွေ ရှိနေပေမယ့် လာမယ့်လမှာ information တွေကို ပိုမိုထုတ်ဖော်ပြောကြား ပေးမယ်လို့ ကတိပြုထားပါတယ်။
Window 11 Gaming ၏ Auto HDR နှင့် Direct storage
Gaming ဟာ Window တွေမှာ ကြီးမားတဲ့အစိတ်အပိုင်း အဖြစ်ပါဝင်နေပြီး Window 11 မှာလည်း ဆက်လက် ပါဝင်နေပါတယ်။ Microsoft ဟာ သူ့ရဲ့ OS မှာရှိတဲ့ Gaming feature အသစ်ကို မိတ်ဆက်ပေးထားပါတယ်။ အဓိကအနေနဲ့ Window 11 ရဲ့ Auto HDR ဖြစ်ပြီး သူတို့ရဲ့Game တွေကို application မလိုဘဲ contrast and colour တိုးလာအောင် reconfigure လုပ်နိုင်မှာဖြစ် ပါတယ်။ Microsoft ဟာ Window 11 launch event မှာ SDR သုံးထားတဲ့ Game နဲ့ Auto HDR သုံးထားတဲ့ Game တို့ကို screen ကိုတဝက်စီပိုင်းကာ ယှဉ်ပြခဲ့ ပါတယ်။ Auto HDR ရဲ့ပုံရိပ်တွေဟာ ပိုတောက်ပပြီး ပိုအသေးစိတ်တွေ့မြင်ခဲ့ရပါတယ်။ Window 11 ဟာ DirectStorage API ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ တကယ်လို့ သင်ဟာ Xbox Series X (သို့မဟုတ်) Series S ကို အသုံးပြုနေခဲ့ပြီးသူဆိုရင် ဘယ်ဟာက load time ပိုမြန်သလဲဆိုတာ သတိပြုမိမှာဖြစ်ပါတယ်။ နောက်ဆုံး တော့လည်း Xbox Game Pass နဲ့ Microsoft ရဲ့ Gaming subscription service တွေကို Window 11 ကနေ Xbox App ဆက်လက်အသုံးပြုနေနိုင်မှာဖြစ်ပါ တယ်။
Window 11: Team Integration
Window 11 တွင် standard application အဖြစ်ကြာရှည်ပါဝင်နေဖို့ မသေချာသော်လည်း Microsoft သည် Team ကို mainstream အဖြစ် Window 11 တွင်ပေါင်းထည့်နိုင်ဖို့ ကြိုးစားနေပါတယ်။ Microsoft Team ရဲ့ chat ကနေပြီး text or voice အပြင် video call နဲ့လည်း ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Team ကို Window၊ Android နဲ့ iOS တွေပေါ် မှာလည်း web link ကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Taskbar ပေါ်ကနေလည်း အလွယ်တကူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Window 11: System requirements and TPM
Window 11 ကိုအသုံးပြုရန် system အားလုံးဟာ TPM 2.0 chip လိုအပ်မှာဖြစ်ပါတယ်။ TPM ဆိုတာဟာ Trusted Point Module ရဲ့ အတိုကောက်ဖြစ်ပြီး PC တွေမှာတော့ security အဖြစ် သိရှိထားကြပါတယ်။ ဒီ module ကို လွန်ခဲ့တဲ့ ၅ နှစ်ကတုန်းကတည်းက ရောင်းချ ထားခဲ့တဲ့ PC တွေမှာ install လုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ Window 11 မှာ TPM module မရှိတဲ့ virtual machine user တွေကို lock လုပ်သွားမှာဖြစ်လို့ virtual machine ကို အသုံးပြုချင်ရင်တော့ TPM simulate လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ Microsoft ကတော့ Window 11 ကို run နိုင်ဖို့ အောက်ပါအတိုင်းလိုအပ်မှာဖြစ်တယ်လို့ ပြောကြား ထားပါတယ်-
microsoft ၏ အောက်ဖော်ပြပါ link တွင်လည်း လေ့လာနိုင်ပါတယ်။
Microsoft Specification
- CPU: 1 gigahertz (GHz) (သို့မဟုတ်) အဲဒီထက် ပိုမြန်ရမှာဖြစ်ပြီး 2 or more coresရှိရမှာဖြစ်ကာ 64-bit processor ကို compatible ဖြစ်ရမှာဖြစ် ပါတယ် (သို့မဟုတ်) System on a Chip (SoC) ဖြစ်ရပါမယ်။
- RAM: 4 GB
- Storage: 64GB နဲ့အထက်ဖြစ်ရပါမယ်။
- System firmware: UEFI, Secure Boot Capable
- TPM: Trusted Point Module (TPM) version 2.0 ရှိရပါမယ်။
- Graphic Card: Compatible with DirectX 12 or later with WDDM 2.0 driver
- Display: High definition (720p) display အနည်းဆုံးရှိရမှာဖြစ်ပြီး မျက်နှာပြင်အကျယ် ၉ လက်မအထက်နဲ့ 8 bits per colour channel ရှိရမှာ ဖြစ်ပါတယ်။
- Internet: Window 11 Home edition ဟာ internet နဲ့ ပထမအကြိမ်အသုံးပြုချိန်မှာ device setup လုပ်နိုင်ဖို့ Microsoft account တစ်ခုလိုအပ်မှာ ဖြစ်ပါတယ်။
Intel ရဲ့ 8th generation chip တွေနဲ့ နောက်ပိုင်း chip အသစ်တွေသာ Window 11 ကို run နိုင်မှာလည်း ဖြစ်ပါတယ်။ အကျဉ်းချုပ်ရရင်တော့ Window 11 ဟာ ယခင် Window တွေလိုမဟုတ်တာကို သေချာပေါက် ခံစားရစေမှာဖြစ်ပြီး ထုတ်လုပ်မှုနဲ့ ဖျော်ဖြေရေးအပိုင်း (အထူးသဖြင့် ဂိမ်း) တွေမှာ MacOS Monterey ထက် သာလွန်သော ကြီးမားတဲ့ခုန်ပျံကျော်လွှားမှုကြီးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ multitasking feature နဲ့ Start Menu အသစ်တွေဟာ အထူးကြိုက်နှစ်သက်စရာပဲ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ကျရင်ကြည့်ရမယ့် Window 11 ရဲ့ဆွဲဆောင်မှုကောင်းကောင်းတွေကို ကျွန်တော်တို့နဲ့အတူ ရင်ခုန်ခံစားကြည့်ကြရအောင်။