ဆီးကြိတ်ရောဂါကြောင့် ဆီးသွားရင် အကြာကြီးစောင့်ရပြီး ဆီးကျင်၊ ဆီးအောင့်ဖြစ်ခြင်းများအတွက် သဘာဝဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။
(၁) ကုန်းထိကရုံးပင်ကို ရေစင်အောင်ဆေး၊ ထုထောင်းပြီး အရည်ညစ်ယူပါ။
(၂) ၄င်းအရည်ကို ပျားရည်အနည်းငယ် သောက်နိုင်ရုံလေး ရောစပ်ပြီး ထမင်းစားဇွန်းနဲ့ မနက်တစ်ဇွန်း၊ ညတစ်ဇွန်း တစ်နေ့ ၂ကြိမ် သောက်ပါ။
(၃) ကျန်တဲ့ ထိကရုုံးကြိတ်ဖတ်ကို ဆီးခုံပေါ်ကို အုပ်ပေးပါ။
နောက်တစ်နည်း
(၁) ကောက်ရိုးအဝါရောင် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေးကြောပြီး
ရေ ၃ခွက် ၁ခွက်တင် ကျိုပါ။
(၂) ဒိုဘာလာသကြားခဲ(ဆေးမဆိုးထားတဲ့ သဘာ၀ သကြားညို)ကို သောက်နိုင်ရုံလေးခတ်ပြီး လက်ဖက်ရည်ပန်းကန် ၂လုံးစာခန့် တစ်နေ့တစ်ကြိမ် သောက်ပါ။ ၁၀ ကျော်အောင် သောက်ပါ။
ကျောက်ကပ်ကိုလည်း အားကောင်းစေပါတယ်။ ဆီးကိုလည်း ရွှင်စေပါတယ်။
#credit