Home COMPUTER SOFTWARE ၂၀၂၁ ခုနှစ်မှာ ရေပန်းအစားဆုံးနဲ့ ကစားသူအများဆုံးဖြစ်နေတဲ့ Online Game (၁၀) ခု

၂၀၂၁ ခုနှစ်မှာ ရေပန်းအစားဆုံးနဲ့ ကစားသူအများဆုံးဖြစ်နေတဲ့ Online Game (၁၀) ခု

21

Online Game Player တွေအတွက် သတင်းလေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာတစ်၀ှမ်းမှာရှိကြတဲ့ online gamer တွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ Game တွေကို ဆော့ကစားလျက်ရှိကြတဲ့အထဲကမှ ၂၀၂၁ ခုနှစ်မှာ လက်ရှိရေပန်းအစားဆုံးနဲ့ ကစားသူဦးရေအများဆုံး Online Game ၁၀ ခုအကြောင်းကို တင်ဆက်ပေးသွား မှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ရေပန်းအစားဆုံးနဲ့ ကစားသူအများဆုံးဖြစ်နေတဲ့ Online Game (၁၀) ခု

ကမ္ဘာတစ်ဝန်မှာ ကစားနေကြတဲ့ online game တွေထဲက၂၀၂၁ ခုနှစ်အတွင်း ရေပန်းအစားဆုံးနဲ့ ကစားသူအများဆုံးရှိတဲ့ online game (၁၀) ခုရဲ့စာရင်းကို ကောက်ယူခဲ့ရာမှာ မြန်မာနိုင်ငံမှာလည်း လူကြိုက်များရေပန်းစားတဲ့ PUBG က ကစားသူ သန်း ၁၀၀ ကျော်နဲ့ ထိပ်ဆုံးမှာရှိနေခဲ့ပါတယ်။ ရေပန်းအစားဆုံးနဲ့ ကစားသူအများဆုံးရှိတဲ့ online game ၁၀ ခုကို အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။

၁။        PUBG

PUBG ကို PUBG Corporation ကနေ ၂၀၁၈ ခုနှစ်က စတင်ဖြန့်ချီခဲ့ကာ ဒီ game ကို XBOX, iOS, PC နဲ့ Android တွေပေါ်မှာကစားနိုင်ပြီး လက်ရှိကစားသူ သန်း ၁၀၀ ကျော်ရှိပါတယ်။ PUBG ဟာ သံသယရှိစရာမလိုတဲ့ ရေပန်းအစားဆုံး online game ဖြစ်ပြီး ပစ်ခတ်မှုတွေနဲ့ နေ့ညအချိန်ပြောင်းလဲမှုတွေဟာ game ကစားသူအများအပြား မျှော်လင့်ခဲ့ကြတာတွေဖြစ်ပါတယ်။ ဒီ game ဟာ တချိန်တည်းမှာ ကစားသူ ၉၉ ယောက်ထိ ပါဝင်ကစားနိုင်ပါတယ်။ PUBG ဟာ game ရဲ့ graphic နဲ့အတူ အမှန်တကယ်ဖြစ်နေသလို ခံစားရစေတဲ့ မြေပုံအသုံးပြုခြင်း၊ ရည်မှန်းချက်အောင်မြင်ဖို့ အကာအကွယ်နဲ့သစ်တောတွေအကြားမှာ ပုန်းအောင်းနေတဲ့ ရန်သူတွေကို တိုက်ခိုက်ရခြင်းတို့ကြောင့် ရေပန်းစားလူကြိုက်များနေရခြင်းပါ။ ကစားသူများဟာ game မှာအနိုင်ရရှိဖို့ အသက်မသေဘဲနဲ့ ရန်သူအားလုံးကို သတ်နိုင်ရမှာြဖစ်မှာတယ်။

၂။         Minecraft

Mojang Studios ကနေပြီး ၂၀၁၁ ခုနှစ်က ထုတ်လုပ်ဖြန့်ချီတဲ့ Minecraft online game ကတော့ ကစားသူ ၉၅ သန်းကျော်နဲ့ ရေပန်းအစားဆုံး ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီ game ကို Microsoft Windows, MAC OS နဲ့ Linux တို့ပေါ်မှာ ကစားနိုင်ပါတယ်။ Game မှာ Survival mode, Adventure mode, Creative mode နဲ့ Spectator mode တွေပါဝင်ပြီး ကစားသူတွေဟာ အသက်ရှင်ဖို့အတွက်နဲ့ နေထိုင်စရာအဆောက်အဦတွေ၊ တိရစ္ဆာန်တွေနေဖို့နေရာတွေနဲ့ အစားအစာထုတ်လုပ်တာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဂိမ်းမှာ ကန့်သတ်ထားတာတွေ သိပ်မရှိဘဲ ကစားတဲ့သူတွေ လုပ်ချင်တာတွေလုပ်နိုင်အောင် ခွင့်ပြုပေးထားပါတယ်။

၃။        Apex Legends

Apex Legends ကို Respawn Entertainment က ၂၀၁၉ ခုနှစ်က ဖြန့်ချီခဲ့ပြီး Microsoft Windows, PlayStation 4 နဲ့ XBOX တို့မှာ ကစားနိုင်ပါတယ်။ ဒီဂိမ်းဟာ တစ်လတည်းနဲ့ ကစားတဲ့သူ သန်း ၅၀ ရှိခဲ့တဲ့ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို စတင်ဖြန့်ချီစဉ်ကတည်းက စစ်တိုက်တဲ့ဂိမ်းတွေကိုကြိုက်ပြီး PUBG နဲ့ Fortnite တို့ကို မဆော့ချင်သူတွေအတွက်လို့ ကြေငြာထားခဲ့ပါတယ်။ ဒီဂိမ်းဟာ ကစားသူ ၆ ယောက်က ၃ ယောက်တစ်ဖွဲ့စီနေကာ ၂ သင်းခွဲပြီး ကစားရမှာဖြစ်ပါတယ်။ ကျွန်းတစ်ကျွန်းပေါ်မှာ သယံဇာတနဲ့ လက်နက်တွေထုတ်လုပ်ပြီး တချိန်တည်းမှာပဲ တခြားအဖွဲ့ကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ကစားသူအများဆုံးကျန်တဲ့အဖွဲ့က အနိုင်ရရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းဟာ ၂၀၂၁ ခုနှစ်ရဲ့ Best Superherothemed video game အဖြစ် သတ်မှတ်ခြင်းလည်း ခံထားရပါတယ်။

၄။        Fortnite Battle Royale

Epic Games ကနေ ၂၀၁၇ ခုနှစ်က ဖြန်ချီခဲ့ပြီး Xbox, iOS, PC and Android တွေပေါ်မှာ ကစားနိုင်ကာ ကစာသူ ၄၅ သန်းကျော် ရှိတဲ့ Fortnite Battle Royale က စတုတ္ထနေရာပါ ။ ဒီ game မှာ features, equipment တွေနဲ့ game stages တွေ အများအပြား ပါရှိပါတယ်။

၅။        Counter-Strike : Global Offensive

Value Corporation က ၂၀၁၂ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချီတဲ့ Counter-Strike ကိုတော့ Game player တွေအားလုံး သိပြီးသား ဖြစ်မှာပါ။ Xbox 360, OSX, Microsoft Window, Play station 3 and Linux တို့မှာ ကစားနိုင်တဲ့ ဒီဂိမ်းကတော့ ကမ္ဘာတစ်ဝှမ်း ကစားသူ ၃၅ သန်းကျော်နဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။ ဒီဂိမ်းကတော့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့တို့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ Multiplayer shooter game အမျိုးအစားဖြစ်ပြီး ရည်မှန်းချက်အောင်မြင်စေရန် ဗုံးထောင်ခြင်း၊ ဗုံးဖြုတ်ခြင်း၊ နေရာများအား ထိန်းချုပ်ခြင်း၊ ရန်သူကို သတ်ဖြတ်ခြင်းနှင့် ဓားစာခံများကို ကာကွယ်ပေးခြင်းစသဖြင့် ကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။

၆။        HearthStone

ဒီဂိမ်းကို Blizzard Entertainment က ၂၀၁၂ ခုနှစ်မှာ ထုတ်လုပ်ပြီး Xbox, iOS, PC နှင့် Android တွေမှာ ကစားနိုင်ပါတယ်။ ကစားသူ သန်း၃၀ ရှိတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။ HearthStone ဂိမ်းကို စတင်ထုတ်လုပ်စဉ်က အတွေ့အကြုံရရန်သာ ရည်ရွယ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်နေပါတယ်။ ဒီဂိမ်းအနိုင်ရဖို့ မတူညီတဲ့ စွမ်းအင်တွေနဲ့ အိမ်တွေကနေ ကဒ်တွေကို စုဆောင်းပြီး ရန်သူကို တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ Birth Academy Game Award ကိုလည်း Multiplayer category နဲ့ ရရှိထားပါတယ်။

၇။ League of Legends

Riot Games ကနေ ၂၀၀၉ ခုနှစ်က ဖြန့်ချီခဲ့တဲ့ League of Legends ကို Xbox, iOS, PC နှင့် Android တွေပေါ်မှာ ကစားနိုင်ပြီး ကစားသူ ၂၇ သန်းရှိတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းပေါ်တာ ကြာပြီဆိုပေမယ့် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ Game level တိုင်းမှာ ကစားသူတွေကို စိတ်လှုပ်ရှားမှုပေးနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။

၈။        Call of Duty Mobile

Timi Studios ကနေ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ဖြန့်ချီပြီး Android ပေါ်မှာ ကစားနိုင်တဲ့ Call of Duty Mobile ကတော့ ဂိမ်းကစားသူ ၁၅ သန်း ဝန်းကျင်ရှိပါတယ်။ First person shooter game ဖြစ်ပြီး စတင်ဖြန့်ချီတဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာကနေ တစ်နှစ်အတွင်း download လုပ်သူ သန်း ၂၇၀ ဝန်းကျင်ရှိပြီး အဲဒီကနေ ဒေါ်လာ သန်း ၄၈၀ ရရှိခဲ့ပါတယ်။

၉။        Among US

Inner Sloth LLC, Play Every Ware ကနေ ၂၀၁၈ ခုနှစ်က ထုတ်လုပ်ဖြန့်ချီခဲ့တဲ့ ဒီဂိမ်းကို Nintendo Switch, Android, Play Station 4, Microsoft Window, Xbox one, iOS နှင့် Play Station 5 တို့မှာ ကစားနိုင်ပြီး ဂိမ်းကစားသူ ၈ သန်းရှိပါတယ်။ Free ကစားနိုင်တဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

၁၀။      Call of Duty Warzone

 Activision ကနေ ၂၀၂၀ ခုနှစ် မတ်လမှာ ထုတ်လုပ်ဖြန့်ချီတဲ့ Call of Duty Warzone ကို Play Station 4, Play Station 5, Xbox One, Xbox Series X/ SC နှင့် Microsoft Window တွေ အပေါ်မှာ ကစားနိုင်ပြီး ဂိမ်းကစားသူ ၆သန်း ရှိပါတယ်။ မကစားခင်မှာ ထပ်မံ download လုပ်ဖို့ သို့မဟုတ် အခြားသော အဆင့်တွေ ထပ်လုပ်စရာမလိုဘဲ အကောင်းဆုံး Online game တစ်ခုပဲ ဖြစ်ပါတယ်။