ယနေ့ခေတ်မှာ ဈေးနှုန်းအမျိုးမျိုးနဲ့ သုံးမိနစ် ရေနွေးအိုးလို့ ခေါ်ကြတဲ့ ရေနွေးအိုးတွေကို လူတန်းစားအမျိုးမျိုးက အသုံးပြုလျက် ရှိပါတယ်။
ရေနွေးဆူတာ မြန်တယ်၊ အချိန်ကုန်သက်သာတယ်၊ သယ်ရ လွယ်ကူတယ် စတဲ့ အကြောင်းပြချက်တွေနဲ့ လူတွေရဲ့ သဘောကျမှုကို ရရှိနေတာပါ။
ဒါပေမယ့် သူ့ရဲ့အားနည်းချက် တစ်ခုကတော့ ဆေးကြောဖို့ မလုပ်တာပဲ ဖြစ်ပါတယ်။
အသုံးပြုတာ ကြာလေ အိုးရဲ့ အတွင်းမှာ အညှိလိုမျိုးတွေ ညစ်နွမ်းလာတတ်ပါတယ်။
ဒါကြောင့် သန့်ရှင်းလို့ ရမယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ပထမနည်း သန့်ရှင်းခြင်း။
ပထမဆုံးအနေနဲ့
ရေနဲ့ ရှာလကာရည်ကို အချိုးကျ ရောစပ်ပြီး ရေနွေးအိုးထဲကို ထည့်ပါ။
တစ်နာရီလောက်ကြာအောင် ရေနွေး အိုး ထဲမှာ ထားထားရပါမယ်။
တစ်နာရီကြာပြီးရင်တော့ ရေနွေးအိုးကို ဆူအောင် တည်လိုက်ပါ။
ရေဆူရင်တော့ ၁၅ မိနစ်သို့ မိနစ် ၂၀ လောက် အဲ့သည့်အတိုင်း ဆက်ထားလိုက်ပါ။
ဒီလို ထားပြီးရင်တော့ ရေနွေးအိုးထဲက ရေတွေကို သွန်ပြီး ရေထည့်ပြီး ကျင်းလိုက်ရင် ရပါပြီ။
(၂) ဒုတိယနည်း သန့်ရှင်းခြင်း။
ရေနွေးအိုးထဲကို ရေထည့်ပါ။ ရေထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ပါ ထည့်လိုက်ပါ။
ပြီးရင်တော့ ရေနွေးဆူအောင် တည်လိုက်ပါ။
ရေဆူသွားတဲ့အခါ မိနစ် ၂၀ လောက် ရေနွေးအိုးထဲမှာပဲ ဆက်ထားပါ။
မိနစ် ၂၀ ကြာပြီးရင်တော့ ရေနွေးအိုးထဲက ဆူထားတဲ့ရေတွေကို သွန်ပစ်ပြီး ရေအေးအေးနဲ့ ကျင်းပြီး အသုံးပြုနိုင်ပါပြီ။
(၃) တတိယနည်း သန့်ရှင်းခြင်း။
လီမွန်သီး သို့ သံပယိုသီးရှိရင် အဆင် ပြေပါတယ်။ သံပယိုရည် သို့မဟုတ် လီမွန်ရည်နဲ့ ရေကို ၁၅ ဆ ၁ ဆ အချိုးဖြင့် ရောစပ်ပြီး ရေနွေးအိုးထဲကို ထည့်ပါ။
တစ်နာရီလောက် ကြာအောင် ရေနွေး အိုးထဲမှာ ထည့်ထားပြီးတဲ့အခါမှာ ရေဆူအောင် တည်လိုက်ပါ။
ပြီးရင် ဆူသွားတဲ့ ရေတွေကို သွန်ပစ်ပြီး ရေအသန့် ထပ်ထည့်ပြီး နောက်တစ်ကြိမ် ရေဆူအောင် တည်လိုက်ပါ။
ပြီးရင်တော့ ရေအေးနဲ့ ဆေးပြီး မူလအတိုင်း အသုံးပြုလို့ ရပါပြီ ။
#Credit To Original Writer