Home HEALTH ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်ပါ

ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်ပါ

23

မြေအိုး သေးသေးလေးထဲကျို
ရေ မပြည့်တပြည့်ထည့်ပြီး
မကျည်းသီး လက်တဆုပ်ခန့်
ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့်
ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်

အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ် ။
မမွှေနဲ့ မွှေစရာမလိုဘူး ။
မွှေရင် အဖတ်မှုန်တွေ ထလာလိမ့်မယ် ။

တစ်ချက်မှမမွှေဘဲ
သူ့ဘာသာ ကြည်တက်လာတဲ့ အရည်ကြည်ကို
ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်တယ် ။

သောက်ရင် ဘာအကျိုးဖြစ်မလဲဆို
အရင် စဉ်းစားကြည့်ရအောင် …

မကျည်းသီးကို
ကြေးဘုရား ကြေးခွက်တွေ အညှိတွေ တက်နေတာတွေကို ပွတ်တိုက်ဆေးကြောပေးရင်
ပြောင်လက်သွားတယ် ။

အသားကိုင်ထားတဲ့လက်တွေကို
မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ် ။

တစ်ချို့က ဆိတ်သားကို အညှီနံ့ပျောက်အောင်
မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ် ။

မကျည်းဖျော်ရည်ကို
ရေအစားထိုး သောက်မယ်ဆို
အမျိုးသားတွေအတွက်ရော
အမျိုးသမီးတွေ အတွက်ရော
ကလေး လူကြီးပါ မကျန်
သောက်တဲ့ အကျိုးကြောင့်

ဝမ်းတွင်းအေးနေမယ်
ကိုယ်တွင်းအဆိပ်အတောက်များကို
ဝမ်းအဖြစ် ဖယ်ရှားပေးလို့
အပူအစပ် ကင်းစင်ပြီး
မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို
ပါးသထက် ပါးစေမယ်
အမြဲတမ်းသောက်နေလို့
ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်

ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာ
အခုလိုဥပမာနဲ့ ပြောမယ်
ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့
အပြင်မှာထားတဲ့ အသီးအရွက်လိုဘဲ

ရင်အေးတယ်
ဝမ်းမှန်တယ်
ဆီးမှန်တယ်
ခံတွင်းရှင်းပြီး အနံ့ပျောက်တယ်
မျက်လုံးကြည်တယ်
ဝက်ခြံတွေ စင်တယ်

အထူးသဖြင့် သောက်တုန်းက ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာ

ပိုက္ဆံမကုန္လို့
အထင်မသေးဘဲ စမ်းကြည့်ရအောင် ။
ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့
ရှေးစကားပုံလည်း ရှိတယ်နော် ။

အဖိုး အဖွားတွေ
အခုလို သဘာဝအသီးတွေကို
ကိုယ့်ဘာသာဖျော်သောက်လို့
ဘာရောဂါမှ မဖြစ်တဲ့အပြင်
ငွေတွေ အလဟသ မကုန်ခဲ့လို့
ဘုရားတွေတည် ကျောင်းတွေဆောက်
လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီး
အသက်ရှည်ခဲ့ကြတယ်ဆိုတာကို
မမေ့နဲ့နော် ။

#Credit