Home HEALTH ဆန်ဆေးရည်ဖြင့်ဇီဝရည်ပြုလုပ်နည်း

ဆန်ဆေးရည်ဖြင့်ဇီဝရည်ပြုလုပ်နည်း

3

ရှေးဦးစွာ ဆန်ဆေးရည်(ဦးရေ)ကို
ရေသန့်ဗူးတစ်ဗူး (အပြည့်မထည့်
နဲ့ လှုပ်လို့ရအောင်) ရေဘူးထဲကိုသကြား
ညို(သို့)အဖြူ ဟင်းစားဇွန်းနဲ့၂ဇွန်းထည့်
အဖုံးပိတ်ပြီးလှုပ်ပါ

နောက်ထပ်ဒိန်ချဉ်
ဟင်းစားဇွန်း၂ဇွန်း ထည့်ပြီးအဖုံးပိတ်ပြီး
လှုပ်ပါ လှုပ်တဲ့အခါ အရည်ပျော်သွား
အောင် သမသွားအောင် ခပ်ကြမ်းကြမ်း
လှုပ်ပေးပါ

ပြီးပါက(၇)ရက်ကြာရင်အ
သုံးပြုနိုင်လို့ အသုံးပြုနိုင်သည့်ရက်စွဲ
ရေးပြီး ဘူးမှာကပ်လို့အရိပ်ထဲမှာ၊တပါတ်
ခန့်ထားပြီးအသုံးပြုနိုင်ပါသည်။

၃။ အသုံးပြုနိုင်သည့်အပင်တွေကတော့
ဟင်းသီးဟင်းရွက်များ သီးပင်စားပင်များ
က်ိုအသုံးပြုနိုင်ပါတယ်

ရေ၂၀လီတာဆေး
ဖြန်းပုံးတပုံးကို ဇီဝအရည် ဟင်းစားဇွန်းနဲ့
၄ဇွန်းထည့်ပြီး ဖြန်းပေးရမှာပါ( ၅/၇ )ရက်
တခါဖြန်းပေးနိုင်ပါတယ်

စပါးပင်များဆိုပါ
က သန္ဓေတည်ချိန်တွင် တကြိမ်သာဖြန်းပေး
ဖို့ဖြစ်ပါတယ် မနက်ပိုင်း (သို့) ညနေပ်ိုင်းမှာ
ဖြန်းပေးနိုင်ပါတယ်။

၄။ အဲ့ဒီဆန်ဆေးရည်မှထုန်လုပ်တဲ့ ဇီဝအ
ရည်ဟာ သဘာဝ Organic ဇီဝအားဖြည့်ဆေး
ရည်စစ်စစ်ဖြစ်လို့

အသုံးများသွားရင်တောင်
အသီးအနှံများမပျက်စီးနိုင်ပဲ အိမ်တွင်းရှိ
ပစ္စည်းအမယ်နည်းနည်းဖြင့် ဇီဝအားဖြည့်
ရည်ကိုရရှိနိုင်ပြီး

ကုန်ကျမှုသက်သာသဖြင့်
စိုက်မွေးတောင်သူများ မြို့နေလူတန်းစား
များအတွက်ပင်အကျိုးကျေးဇူးများပြား
နိုင်ပါကြောင်းတင်ပြပေးလိုက်ပါတယ်။

#Credit