Home HEALTH သိမ်းထားသင့်သော “အဖိုးတန် ဆေးမြီးတိုများ

သိမ်းထားသင့်သော “အဖိုးတန် ဆေးမြီးတိုများ

5

၁။ သွေးတိုးလို့ သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာရောမွှေ
သောက်လိုက်ပါ။

သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာပျောက်ကင်းစေပါသည်။

၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။

သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။

၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ်
ထည့်ပြီးသောက်ပါ။

တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။

အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။

၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။

ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။

၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင်အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။

ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။

၆။ သွားကိုက် သွားဖုံးရောင် သွားပြည်ယိုဖြစ်လျှင်မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။

သက်သာပျောက်ကင်းစေပါသည်။

မှတ်ချက်

မာလကာစေ့ခြောက်မှုန့်ကိုသွားခြေထဲ
ထည့်ပေးလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။

၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာပျောက်ကင်းစေပါသည်။

၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်းလုပ်သောက်ပါ သက်သာပျောက်ကင်းစေသည်

၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကိုသွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ ဆီးအိမ်တွင်းမှာ ကျောက်တည်ခြင်းဖြစ်လျှင်သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။ သုံးခါပင် မသောက်ရဘဲ
သက်သာပျောက်ကင်းစေပါသည်။

၁၁။ ဆီးကျဉ် ဆီးနီ ဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေလို့ရသောအရည်၅ ကျပ်သားကိုရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ

နေချင်းပင်သက်သာပျောက်ကင်းစေပါသည်။

၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင်
ပျားရည်စစ်စစ်ကို ….
လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်းစားဝင်အိပ်ပျော်စေနိုင်ပါသည်။

၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့်် ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။

၁၄။ ပန်းနာ ရင်ကျပ် ချောင်းဆိုးခြင်းဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ ။သက်သာပျောက်ကင်းစေပါသည်။

၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကိုဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ ဝေဒနာချက်ချင်းသက်သာစေပါသည်။

၁၆။ ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ခေါင်းလျှော်ရည်နှင့်
တွဲဖက် လျှော်ပေးပါ။ဆံပင်များလုံးဝမကျွတ်စေပါ။

၁၇။ အမျိုးသမီးများတွင် အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ်သို့အုံပေးကာပတ်တီးစည်းထားပါပျောက်ကင်းစေပါသည်။

၁၈။ ဒူးနာ ခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။
၄၂ ။ ချောင်းဆိုးလျှင်….ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။

၄၃ ။ ရင်ပြည့်ရင်ကယ် ..ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ ။

၄၄ ။ နှာပိတ်သော်…..ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့်ဆွဲပေးပါ ။

၄၅ ။ တက်လျှင်….ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။

၄၆ ။ရေငတ်ဝမ်းကျ …..ဆီးသီးအစေ့အတွင်းမှအဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။

၄၇ ။ ကင်းထိုးသော်…….ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။

၄၈ ။ ကြို့ထိုးလျှင်……ကြက်သွန်းနီကိုထန်း
လျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။

၄၉ ။ခရုသင်း…..ကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာစားရပါသည် ။

၅၀ ။ခြေတုန်လက်တုန်ဖြစ်လျှင်….ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။

၅၁ ။ ခါးနာ ခါးကိုက်……ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။

၅၂ ။ ငှက်ဖျားထလျှင် …..မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။
ခံတွင်းပျက်လျှင်…..ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။

၅၃ ။ခေါင်းတခြမ်းကိုက်လျှင်…….ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။
စကားထစ်လျှင်. . နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။

၅၄ ။ စအိုယားနာ….ကြိတ်မှန်ရွက် အရည်ညှစ်၍စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။

၅၅ ။ ဆီးချုပ်လျှင်….ငုပင်၏ အနှစ်ိုကိုသွေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ ။

၅၆ ။ ဆီးတစက်စက်ကျလျှင်…ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။

၅၇ ။ ဆီးချုပ်လျှင် ……ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။

၅၈ ။ ဆီးအောင့်ကျောက်တည်လျှင်……ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။

၅၉ ။ ဆီးချိုဖြစ်လျှင် ….ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။

၆၀ ။ ဆီးအနှစ်ကျလျှင်…..သင်္ဘော ရွက် သုံးရွက်ကိုထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။

၆၁ ။ ဆီးပူလျှင်…..ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။

၆၂ ။ဆံပင်ပြန်ပေါက်ဆေး……သံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏

၆၃ ။ တင်းတိပ်….နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။

၆၄ ။ ဓာတ်ချုပ်လျှင် ……ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။

၆၅ ။ နားကိုက်လျှင်…..ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်၏ ။

၆၆ ။ နားအူ နားလေထွက်လျှင်….သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။

၆၇ ။ နားပြည်ယိုလျှင်….ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ ။

၆၈ ။နားအတွင်းပိုးကောင်ဝင်လျှင်….ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။

၆၉ ။ နို့ကြောင်းပိတ်လျှင်….ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။

၇၀ ။ နို့လှိုင်လှိုင်ထွက်ဆေး……စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏

၇၁ ။နှလုံးရောဂါဖြစ်လျှင်.. ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏ ။
နှခေါင်းသွေးလျှံလျှင်……ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။

၇၂ ။ နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. … ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။

Credit OriginalUploader