ကြမ်းတမ်းနေတဲ့သင့်လက်ဖဝါးတွေကို အချိန်တစ်မိနစ်အတွင်းမှာ နူးညံ့သွားစေမယ်ဆိုရင် သင်အံ့သြသွားလေမလား။ မယုံမရှိနဲ့ အခုပဲလုပ်ကြည့်လိုက်ပါ။ ကြမ်းထော်နေတဲ့ လက်ဖဝါးတွေညက်ညောသွားစေရုံမက ဝင်းမွတ်လာတော့မှာ ဖြစ်ပါတယ်။
အသုံးပြုရမည့်ပစ္စည်းများမှာ-
သကြားလက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်၊ သံလွင်ဆီ(သို့)အုန်းဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် သကြားနှစ်ဇွန်းခန့်ကို လက်ဖဝါးထဲသို့ လောင်းထည့်ပါ။ ပြီးရင် သံလွင်ဆီ (သို့)အုန်းဆီနှစ်ဇွန်းခန့်ကိုလောင်းထည့်ပါ။
သကြားနဲ့ဆီတွေရောသမသွား အောင်လက်ဖဝါးနှစ်ဖက်ကိုခပ်ကြမ်းကြမ်းပွတ်တိုက်ပါ။ (ထိုအရောအနှောတွေ အောက်သို့ကျမသွား အောင်လက်ဖဝါးချင်း သေသေချာချာပွတ်တိုက်ပါ။)
အသားထဲသို့ စိမ့်ဝင်သွားအောင် လက်ဖဝါးနှစ်ဖက်ကို စက်ဝိုင်းပုံဏ္ဌာန်အဖြစ် ပုံစံအမျိုးမျိုးပွတ်ပေးပါ။ လက်ဖဝါးတွေကို အားရ အောင်ပွတ်ပြီးတဲ့အခါ လက်ခုံ၊ လက်ဖမိုးတွေကိုပါ ဆက်၍ပွတ်တိုက်ပေးလိုက်ပါဦး။
အားရပြီဆိုပါက လက်ကိုဆပ်ပြာဖြင့်ဆေးကြောပါ။ ပြီးရင်လိုးရှင်း တစ်ခုခုလိမ်းပေးလိုက်ပါ။