မနက်အိပ်ရာထတာနဲ့ ခေါင်းမူးပြီး နေ့လည်ဘက်မှာ မျက်ခွံတွေလေးလာတာ၊ အိပ်ငိုက်တာ၊ မျက်လုံးတွေဝါးပြီး ခေါင်းမူးတာ၊ ညဘက်ဆို ခြေသလုံးနဲ့ ဒူးတွေနာကျင်တာ၊ ခေါင်းအုံးနဲ့ထိတာနဲ့ လက်တွေ၊ ခြေထောက်တွေ၊ လက်ဖဝါး၊ ခြေဖဝါးတွေ ထုံကျင်တာ စတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် သင့်ရဲ့ သွေးလည်ပတ်မှုစနစ် မကောင်းတော့ဘူးဆိုတာကို ပြသနေတာ ဖြစ်နိုင်ပါတယ်။
ဒီလိုဝေဒနာတွေကို လျစ်လျူမရှုသင့်ဘဲ ရိုးရှင်းတဲ့ သဘာဝနည်းလမ်းတစ်ခုကို စမ်းသုံးကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းက ရှေးယခင်ကတည်းက သုံးခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး အိမ်တွင်းမီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ရတာမို့ လွယ်ကူပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အထက်ပါဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
သွေးလည်ပတ်မှု ကောင်းစေမယ့် ဆေးပြုတ်နည်း
ပါဝင်ပစ္စည်းများ
ကြက်သွန်နီ ၄-၅ လုံး
ကြက်သွန်ဖြူ ၁-၂ လုံး
ဂျင်းတစ်တက်
စပါးလင် ၂-၃ ပင်
ဆွမ်းမွှေးရွက် (ရှိပါက) – ဆွမ်းမွှေးရွက် ထည့်လိုက်ရင် ပိုမွှေးပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ရေသန့် ၁ လီတာနဲ့ ရောပြီး ဆူအောင် ပြုတ်ပါ။ ပြီးရင် မနက်တစ်ခွက်၊ ညနေတစ်ခွက် စစ်ပြီး ပုံမှန်သောက်ပေးပါ။
ဒီနည်းလမ်းက လုပ်ရတာ လွယ်ကူပေမယ့် သွေးလည်ပတ်မှုကောင်းမွန်စေဖို့ များစွာ အကျိုးရှိပါတယ်။ သွေးလည်ပတ်မှု ကောင်းလာတဲ့အခါမှာ ခန္ဓာကိုယ်ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင် စမ်းသောက်ကြည့်ဖို့ အကြံပြုလိုပါတယ်။
#crd