(၁) ဆားရည်စိမ်နှင့်ချဉ်ဖတ်
ဆားရည်စိတ်၊ ချဉ်ဖတ်နှင့် သနပ်များသည် ကယ်လိုရီပါဝင်မှု နည်းပါးသော်လည်း ဆိုဒီယမ်အမြောက်အမြားပါဝင်သည်။ ငါးလက်မ အရှည်ရှိသည့် ဆားရည်စိမ်တို့စရာ ဟင်းရွက်တစ်ဖတ်လျှင် ဆိုဒီယမ် (၅၇၀) မီလီဂရမ်ခန့်ပါဝင်နိုင်သည်။ တစ်နေ့လျှင် ဆိုဒီယမ် (၂၃၀၀) မီလီဂရမ်ခန့် လိုအပ်သည်ဖြစ်ရာ ချဉ်ဖတ်တစ်တုံးစားလျှင်ပင် တစ်နေ့တာစားသုံးနိုင်သည့် ဆိုဒီယမ်သုံးပုံ တစ်ပုံကျော်ဝင်ရောက်သွားပြီဖြစ်သည်။
(၂) ဝက်အူချောင်း
ဝက်အူချောင်းတစ်ဝက်လျှင် (၁၃) ကယ်လိုရီခန့်ပါဝင်သော်လည်း ဆိုဒီယမ်ပမာဏ (၄၆၀) မီလီဂရမ်အထိ ပါဝင်နိုင်သည့်အတွက် သွေးတိုးတတ်သည်။
(၃) အသင့်စားအာလူးကြော်
အာလူးကြော်များကို ပြည့်ဝဆီ နှင့် အသွင်ပြောင်းဆီနည်းအောင် မည်မျှ ကြော်ထားသည်ဖြစ်စေ၊ ဆိုဒီယမ်နှင့် အဆီပါဝင်မှု မြင့်မားဆဲ ဖြစ်သည်။ တစ်ခါစားအာလူးကြော် တစ်ထုပ်လျှင် အဆီ (၁၉) ဂရမ်ပါပြီး ဆိုဒီယမ် (၂၇၀) မီလီဂရမ်အထိပါနိုင်သည်။
(၄) ဒိုးနတ်မုန့်
ဒိုးနတ်မုန့်တစ်ကွင်းလျှင် (၂၀၀) ကယ်လိုရီပါဝင်ပြီး အဆီ (၁၂) ဂရမ်ပါဝင်သည်။ မုန့်ဖုတ်ရာတွင် အသုံးပြုသည့် ဆိုဒါကြောင့် ဆိုဒီယမ် ပါဝင်မှုမြင့်မားသည်။
(၅) အရက်
အရက်သောက်လျှင် သွေးပေါင် ချက်ချင်းတက်လာတတ်သည်။ အရက်က သွေးကြောနံရံများကိုပါ ပျက်စီးစေပြီး သွေးခဲခြင်း၊ သွေးကြောကျဉ်းခြင်း စသည့်နောက်ဆက်တွဲ ပြဿနာများ ဝင်လာတတ်သည်။