အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသား အရေကို ထိခိုက် စေနိုင် ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသား အရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တွေ ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) သင်္ဘောသီး

သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်း အင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာက အသားအရေကို တောက်ပစေပြီး သက်ကြီး အစက် အပြောက်တွေကို လျော့ကျစေပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ် ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံ့ပြီး ချောမွေ့ တောက်ပစေပါ တယ်။

• ဘယ်လို လိမ်းသင့်သလဲ

သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်။ သင်္ဘောသီး အနှစ်ကို ကြေညက် အောင် ချေပြီး မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ လိမ်းတဲ့အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန်တဲ့ သင်္ဘောသီးကို စားပေး နိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက် စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင် တာကြောင့် အကျိုးရှိပါတယ်။

၂) ထောပတ်သီး

အသားအရေ နူးညံံ့ ချောမွတ်နေစေဖို့ အတွက် ဗီတာမင်တွေ လိုအပ်နေပါ တယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှု များပါတယ်။ ငှက်ပျောသီး တစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှု ပိုများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါတာကြောင့် သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေးကြောင်းတွေ ထင်တာနဲ့ ပါးရေ တွန့်တာတွေလို အိုမင်းတဲ့ လက္ခဏာတွေကို လျော့ကျ စေပါတယ်။ ထောပတ် သီးမှာ ပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင်က အညစ်အကြေးတွေကို ကင်းဝေးစေပြီး နှင်းခူ၊ အနီရောင် အစက်အပြောက်နဲ့ ထိလွယ် ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံး ကုသနည်း ဖြစ်ပါတယ်။

• ဘယ်လို လိမ်းသင့်သလဲ

ထောပတ်သီးကိုမျက်နှာပေါင်းတင်ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုးမရှိဘဲအဆင်ပြေတဲ့နည်းပါ။ ပြုလုပ်နည်း ကတော့ ထောပတ်သီး အမှည့် တစ်လုံးကို နုညက်တဲ့အထိ ကြိတ်ခြေပြီး မျက်နှာပေါ်ကို ညင်ညင်သာသာ လိမ်းပေးပါ။ အချိန် ၁၀ မိနစ်လောက် ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သုတ်ပေးပါ။ ပိုပြီး အစိုဓာတ် ရစေဖို့အတွက် နွားနို့ အနည်းငယ် ဒါမှမဟုတ် ပျားရည် လက်ဖက်စားဇွန်းရဲ့ လေးပုံတစ်ပုံလောက် ထည့်ပြီး မျက်နှာပေါ် လိမ်းပေး နိုင်ပါတယ်။

၃) ပျားရည်

ပျားရည်ထဲမှာ အရေပြားကို ပြန်လည် ကောင်းမွန် စေနိုင်တဲ့ အင်တီအောက် ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင် ပစ္စည်းအနေနဲ့နေ့စဉ် သုံးပေးသင့်တာ ဖြစ်ပါတယ်။

• ဘယ်လို သုံးသင့်တာလဲ

ပျားရည် အနည်းငယ်ကို ရေနွေးအနည်းငယ် ရောထည့်ကာ ချောမွတ်တဲ့အထိ မွှေပါ။ ဆံပင်တွေကို အကုန်စုသိမ်းပြီး မျက်နှာပေါ်ကို ပျားရည်လိမ်းကာ သန့်စင် ပေးပါ။ ကြေးချွတ်တဲ့ အာနိသင် ရလိုရင် အဆိုပါ အရည်ထဲကိုအညို ရောင်သကြား ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပြီး သန့်စင် သင့်ပါတယ်။ ပြီးမှ ရေနဲ့ ဆေးကြောချလိုက်ပါ။