ဒီနေ့ခေတ်စားနေကြတဲ့ AI (Artificial Intelligence ) ကို စာဖတ်သူတွေ သိရှိထားကြပြီးသား အသုံးပြုဖူးပြီးသားဖြစ်ကြမှာပါ။ အခုတင်ပြပေးမှာကတော့ AI အမျိုးအစားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ AI မှာ အမျိုးအစားအားဖြင့် သုံးမျိုးရှိပါတယ်။ အဲဒီအမျိုးအစားသုံးမျိုးကို သိထားဖို့ တင်ပြပေးလိုက်ပါတယ်
1. Artificial Narrow Intelligence (ANI): ဒီအမျိုးအစားကတော့ ယနေ့ကျွန်တော်တို့ ထိတွေ့အသုံးပြုနေတဲ့ AI ရဲ့အသုံးအများဆုံးပုံစံဖြစ်ပါတယ်။ “အားနည်းသော AI” လို့လည်း သိကြတဲ့ ANI ဟာ အလုပ်တစ်ခုတည်းလုပ်ဆောင်ရာတွင် အထူးပြုပြီး လွန်ကဲစွာ ကျွမ်းကျင်မှု ဖြင့် ခန့်မှန်းချက်များကို ပြုလုပ်ပါတယ်။ ဥပမာ- Google ရဲ့ရှာဖွေရေးအင်ဂျင် အယ်လဂိုရီသမ် များ သို့မဟုတ် Apple ရဲ့ Siri ကဲ့သို့သော အသံမှတ်မိသည့်ဆော့ဖ်ဝဲများဖြစ်ပါတယ်။
2. Artificial General Intelligence (AGI): “ခိုင်မာသော AI” ဟု မကြာခဏ ရည်ညွှန်းလေ့ရှိတဲ့ AGI ဟာ လူသားတစ်ဦးကဲ့သို့ပင် အလုပ်များစွာကို နားလည်၊ သင်ယူနိုင်ပြီး အသုံးချနိုင်သော AI အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၎င်းဟာ ၎င်းရဲ့စွမ်းရည်များကို လွတ်လပ်စွာ တည်ဆောက်နိုင်ပြီး အခြေအနေအသစ်များနှင့် လိုက်လျောညီထွေ ဖြစ်စေနိုင်ပါ တယ်။ ဒီ AI အမျိုးအစားဟာ လက်ရှိမှာ မရှိသေးသော်လည်းပဲ ဆက်လက်လုပ်ဆောင်နေသော AI သုတေသနတွေမှာ အဓိကအာရုံစိုက်လုပ်ဆောင်နေကြတဲ့ AI အမျိုးအစားဖြစ်ပါတယ်။ တကယ်တော့ အချို့သော သုတေသီတွေက OpenAI ရဲ့ GPT-4 ဟာ “AGI ၏မီးပွားများ (Sparks of AGI)”လို့ ဆိုနေကြပါတယ်။
3. Artificial superintelligence (ASI): ASI ၏ အယူအဆသည် စီးပွားရေးအရ တန်ဖိုးရှိ သော အလုပ်ပုံစံအားလုံးနီးပါးတွင် AGI ကကြိုတင်ခန့်မှန်းလုပ်ဆောင်တဲ့ အဆင့်များစွာကို အသုံးချ ပုံစံယူပြီး လူသားဉာဏ်ရည်ထက်သာလွန်တဲ့ မှန်းဆခြင်းတွေ ထပ်မံလုပ်ဆောင်ပါ တယ်။ ASI သည် လူ့ဦးနှောက်ကို ကျိုးကြောင်းဆင်ခြင်နိုင်မှု၊ ရှုပ်ထွေးသော ပြဿနာဖြေရှင်းနိုင်မှု၊ အတွေးအမြင်၊ လျင်မြန်စွာလေ့လာရန်နှင့် ရှုပ်ထွေးသောစိတ်ကူးများကို နားလည်နိုင်သောကြောင့် စီးပွားရေးအရ တန်ဖိုးအရှိဆုံးအလုပ်တွင် လူ့ဦးနှောက်ကို စွမ်းဆောင်ရည်ထက် သာလွန်စေမှာဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ဒီ AI အမျိုးအစားဟာ အဆင့်မြင့်သိပ္ပံပညာ AI ပဲဖြစ်ပါတယ်။
ကဲ ခုဆိုရင် ကျွန်တော်တို့ဟာ ခုခေတ်စားနေတဲ့ AI ရဲ့ အမျိုးအစား ၃ မျိုးအကြောင်းကို တင်ပြပေးခဲ့ပြီးပါပြီ။ နောက်ထပ်လည်း အခြားစိတ်ဝင်စားဖွယ် သိရှိထားသင့်တာလေးတွေကို ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
#Ref; revelo.com