အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင် အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ #Floor_Plan ပုံစံဆွဲရတာပါ။ အခန်းတွေ ဘယ်လိုဖွဲ့မလဲ ? အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ? ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ? အဲဒီလိုအခြေနေ မျိုးမှာ  ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်။

#Standard_Size

#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10’×12’~ပေ
ပုံမှန်ဆိုက် 12’×14′ ~ပေ
ဆိုက်ကြီး 16’×20′ ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
#Hotelအခန်း
#Guest_house_အခန်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10’×10′ ~ပေ
ပုံမှန်ဆိုက် 11’×12′ ~ပေ
ဆိုက်ကြီး 12’×14′ ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10’×7′ ~ပေ
ပုံမှန်ဆိုက် 10’×10′ ~ပေ
ဆိုက်ကြီး 10’×12′ ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3’6″×4′ ~ပေ
ပုံမှန်ဆိုက် 4’×5′ ~ပေ
ဆိုက်ကြီး 5’×7′ ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3’3″×3′ ~ပေ
ပုံမှန်ဆိုက် 4’×4′ ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4’×5′ ~ပေ
ပုံမှန်ဆိုက် 4’×6′ ~ပေ
ဆိုက်ကြီး 5’×7′ ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10’×10′ ~ပေ
ပုံမှန်ဆိုက် 10’×12′ ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4’×5′ ~ပေ
ပုံမှန်ဆိုက် 4’×6′ ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3′ ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11’×15′ ~ပေ
ပုံမှန်ဆိုက် 12’×16′ ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3’~ပေ ‘6″ ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း #အိမ်သာ #မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2’~ပေ ,6″~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3′ ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3’~ပေ
အကျော် ဟာ 7″~ လက်မခွဲ
အနင်းဟာ 10″~လက်မ ဖြစ်ပါတယ်။

crd to original uploader