Home HEALTH ဆေးဖက်ဝင် မာလာဖူး

ဆေးဖက်ဝင် မာလာဖူး

42

(၁) အစာခြေစနစ် ကို ကူညီပေးတယ်

မာလာဖူး ရဲ့ ပူရှိန်းရှိန်း၊ ရှတတ အာနိသင်ကြောင့် အစာချေဖျက်မှုကို အားပေးပြီး အစာခြေစနစ် ရဲ့ လုပ်ဆောင်ချက်ကို ကူညီထောက်ပံ့ပေးပါတယ်။ လေနာရောဂါ၊ အစာမကြေတာ၊ ဗိုက်အောင့်တာ၊ ခံတွင်းပျက်တာ၊ သန်ထတာ၊ လေပွတာ၊ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တာ၊ စားချင်စိတ် မရှိတာ စတဲ့ ဝေဒနာတွေ အတွက် ဆေးတစ်ခွက် ပါပဲ။

(၂) ရောင်ရမ်းမှု နဲ့ နာကျင်မှုတွေကို သက်သာစေတယ်

အရောင်ကျစေတာ နဲ့ နာကျင်ကိုက်ခဲမှုတွေ သက်သာစေတာ ကလည်း မာလာဖူးရဲ့ အာနိသင်တွေထဲ ပါဝင်ပါတယ်။ အနာကျက်မြန်စေတယ်၊ ပြန်သက်သာစေနိုင်စွမ်း ကို အားပေးတယ်

ဆီးရွှင်စေဖို့ကို အားပေးတဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပြီး ပိုလျှံနေတဲ့ အရည်တွေကို စွန့်ထုတ်နိုင်စေပါတယ်။ အဲဒီကနေမှ အဆစ်နာရောဂါ၊ လေးဖက်နာရောဂါ တို့လို ရောင်ရမ်းမှု တွေကို လျော့ကျစေပြီး နာကျင်မှုတွေလျော့ပါးစေနိုင်ပါတယ်။

အနာကျက်မြန်စေခြင်း
ရောင်ရမ်းမှုတွေကို သက်သာစေတဲ့အပြင် အနာကျက်မြန်စေတဲ့အစွမ်းလည်းရှိပါတယ်။

(၃) ရောဂါပိုးမွှား တွေကို နှိမ်နင်းစေနိုင်တယ်

ဝမ်းလျှောစေတတ်တဲ့ E.coli ပိုး အပါအဝင် ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင် ရှိသလို မှိုပိုးတွေ နဲ့ ဘက်တီးရီးယား တွေကိုလည်း ကူညီနှိမ်နင်းပေးပါတယ်။

(၄) အမျိုးသမီးကျန်းမာရေး အတွက် ကောင်းတယ်

မာလာဖူး က အဖြူဆင်းခြင်း၊ ရာသီလာချိန် နာကျင်ကိုက်ခဲခြင်း၊ စတဲ့ အမျိုးသမီးတွေမှာ ခံစားရလေ့ ရှိတဲ့ ကျန်းမာရေးပြဿနာတွေ အတွက် အကျိုးပြုအာနိသင် လည်း ရှိပါတယ်။

(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေ ကြွယ်ဝတယ်

မာလာဖူး မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်တာမို့ Free radical တွေကြောင့် ဖြစ်လာတဲ့ ထိခိုက်မှုအန္တရာယ်တွေကို ဟန့်တားပေးနိုင်ပါတယ်။ Free radical လို့ ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို ပျက်စီးစေပြီး ကင်ဆာရောဂါ အပါအဝင် ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း
နာတာရှည် ရောင်ရမ်းခြင်းကြောင့်ဖြစ်လာတဲ့ နှလုံးရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ပါတယ်။

Crd