Home မုန့်လုပ်နည်း ကြက်ဥမရွေးလုပ်နည်း

ကြက်ဥမရွေးလုပ်နည်း

40

အခုဖော်ပြမယ့် နည်းလေးက အိမ်မှာ လွယ်လွယ်ကူကူလေး လုပ်စားလို့ရပြီး အစာပြေအစားအစာလေးဖြစ်တဲ့ ကြက်ဥမရွေး ပြုလုပ်နည်းလေးပါ။
..
ကိုယ်တိုင်လုပ်စားကြည့်လိုက်နော်

ပါဝင်ပစ္စည်း

• ဂျုံမှုန့် – ၂၀၀ ဂရမ် (မုန့်သားနယ်ရန်) + ၃၀ ဂရမ် (ဖြူးရန်)
• သကြား – ၁၅၀ ဂရမ်
• မုန့်ဖုတ်ဆော်ဒါ – လ္ဘက်ရည်ဇွန်း (၁)ဇွန်း
• ကြက်ဥ – သုံးလုံး
• ဆား – အနည်းငယ်
• Syrup သို့မဟုတ် ကပ်စေးနှဲ – ထမင်းစားဇွန်း – ၁ ဇွန်း မောက်မောက်
• ကြော်ရန်

**ကြက်ဥမရွေးပြုလုပ်နည်း **..
““““““““““““““““““`
• ပထမဆုံး ဇလုံတစ်ခုထဲကို ကြက်ဥဖောက်ထည့် ၊ဆော်ဒါထည့် ၊ ဆားထည့်ပါ။ပြီးလျှင် သမသွားအောင် ခေါက်ပါ။

• ကြက်ဥအနှစ်တွေ သမသွားပြီဆိုရင် ဇကာချထားတဲ့ ဂျုံမှုန့်ထဲကို ကြက်ဥအရေတွေ ထည့်လိုက်ပါ။လက်နဲ့ နယ်ပါ။ လက်နဲ့ နယ်တဲ့အခါ အရမ်း ကပ်စေးနေတတ်တဲ့အတွက် ဆီ ထမင်းစားဇွန်းနှင့် တစ်ဇွန်းခန့် ထည့်ပြီး နယ်မယ်ဆိုရင် လက်မှာ ဂျုံတွေကပ်တာကို သက်သာစေပါတယ်။

• ပြီးနောက် ဆီ တစ်ဇွန်းထည့်နယ်ပါ။

• ပြီးရင်တော့ နယ်ထားတဲ့ ဂျုံလုံးကို ရေစို၀တ်လေးအုပ်ပြီး တစ်နာရီခန့် နှပ်ထားပေးပါ။

• တစ်နာရီလောက် ဂျုံကို နှပ်ပြီးသွားပြီဆိုရင် ဂျုံကို ဒလိမ့်တုန်းနဲ့ ပြားပါမယ်။ စားပွဲပေါ်တင်ပြီး ဂျုံမှုန့် ဖြူးပေးထားပါ။

• ပြီးရင် ဒလိမ့်တုန်းနဲ့ ဂျုံလုံးကို ပြားနိုင်သမျှ ပြားပြားလေး ရအောင် ပြားပေးပါ။

• ဂျုံပြားရဲ့ အထူဟာ တော်တော်ပါးပါးလေး အနေအထားဖြစ်နေရင် ပိုပြီးကောင်းပါတယ်။

• ပြီးနောက် ပြားထားတဲ့ ဂျုံပြားကို ဓားနဲ့ နှစ်ခြမ်းခွဲပါ။

• ဂျုံပြားနှစ်ပြားကို ထပ်ပြီး အလယ်ကနေ ထပ်ဖြတ်ပြီး အရှည်လိုက် အပိုင်းပိုင်းပေးပါ။

• ဒါပြီးရင်တော့ အနေတော်လေးတွေ လှီးပေးပါ ။

• ပိုင်းဖြတ်လှီးနေချိန်မှာ အရမ်းကပ်မှာစိုးသောကြောင့် ဂျုံမှုန့်ကို ဖြူးပါမယ်။

• ဂျုံမှုန့်လေးတွေ များများဖြူးပြီးသွားရင်၊ ဂျုံခေါက်ဆွဲအတိုလေးတွေလို ပုံစံမျိုးလေးတွေ ရပါမယ်။

• ဒီလို အနေအထားရပြီဆို ကြော်ရန်အသင့်ပါပဲ။

• ဒယ်အိုးထဲ ဆီများများထည့်ပါ။ Deep Fried ကြော်ပါမယ်။ဆီအပူချိန် 150-C ဆိုရင် ကြော်ရန်အသင့်အနေအထားရောက်ပါပြီ။

• ကြော်ပါ။ ကြော်တဲ့အခါ သိပ်ပြီးနီရဲသွားအောင် ကြော်စရာမလိုပါဘူး။ ဆီပူထိတာနဲ့ မုန့်သားတွေဟာ ပွပြီး ချက်ခြင်းကျက်သွားပါတယ်။ အရမ်းနီကျွတ်သွားတဲ့အထိ ကြော်ရင် မရွေးတွေဟာ ကျိုးလွယ်ပါတယ်။ခပ်ပျော့ပျော့လေးပဲ ကြော်ပါ။

• ပြီးရင် ဆီစစ်ထားပါ။

• မုန့်တွေကို ဆီစစ်ထားချိန်မှာ သကြားရည် ကျိုပါမယ်။ဒယ်အိုးတစ်ခုထဲကို သကြား + ကပ်စေးနှဲ + ရေအနည်းငယ် ထည့်ပြီး မီးအေးအေးနဲ့ ကျိုပါ။

• သကြားခဲတွေ အရည်ပျော်ပြီး ပျစ်ခဲလာပြီဆိုရင် ရပါပြီ။

• ကျိုထားတဲ့ သကြားရည်တွေကို မုန့်တွေထဲ ထည့်နယ်ပါမယ်။ဖြည်းဖြည်းချင်း သကြားရည်တွေကို ထည့်ပါ။ မရွေးတွေကိုလဲ ခပ်ဖွဖွလေးပဲ နယ်ပေးပါ။လက်နဲ့ မနယ်ပါနဲ့ ။ သကြားရည်က အရမ်းပူခြစ်နေတော့ လက်တွေ အပူလောင်နိုင်ပါတယ်။ဇွန်းကြီးကြီးတချောင်းနဲ့ အသာအယာနယ်ရင်ရပါတယ်။ နှံ့နှံ့စပ်စပ်လေး နယ်ပါ။

• ပြီးရင် မရွေးလုပ်မယ့် ခွက်ကို ပြင်ဆင်ထားပါ။မိမိအဆင်ပြေတဲ့ ခွက်နဲ့ မရွေး သိပ်လို့ရပါတယ်။

• မရွေးတွေကို ဖိသိပ်ထည့်မှာဆိုတော့ ပြန်ထုတ်တဲ့အခါ အရမ်းခက်ပါတယ်။ထည့်ပါ။

• ပြီးရင် ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဖိဖိပေးရင်းလုံး၀ ဖိသိပ်သွားတဲ့အထိ သိပ်ပေးပါ။

• ပြီးရင် ရေခဲသေတ္တာ အောက်ထပ်မှာ ငါးမိနစ်လောက် ခဏ ထားပါ။

• ဒါဆိုတော့ ရပါပြီ။ မိမိနှစ်သက်ရာ အရွယ်အစားကို ဓားထက်ထက်နဲ့ လှီးဖြတ်ပြီး သုံးဆောင်နိုင်ပါပြီ။

• အရသာကတော့ ဖော်ပြထားတဲ့အချိုးနဲ့ လုပ်ရင် လုံး၀ ငြိမ်ပါတယ်။ အရမ်းလဲ ချိုရဲမနေပါဘူး။

———-
အခုဖော်ပြမယ့်နည်းလေးက အိမ်မှာ လွယ်လွယ်ကူကူလေး လုပ်စားလို့ရပြီး အစာပြေအစားအစာလေးဖြစ်တဲ့ ကြက်ဥမရွေး ပြုလုပ်နည်းလေးပါ။
..
ကိုယ်တိုင်လုပ်စားကြည့်လိုက်နော်…

ပါဝင်ပစ္စည်းလေးတွေက…

• ဂျုံမှုန့် – ၂၀၀ ဂရမ် (မုန့်သားနယ်ရန်) + ၃၀ ဂရမ် (ဖြူးရန်)

• သကြား – ၁၅၀ ဂရမ်

• မုန့်ဖုတ်ဆော်ဒါ – လ္ဘက်ရည်ဇွန်း (၁)ဇွန်း

• ကြက်ဥ – သုံးလုံး

• ဆား – အနည်းငယ်

• Syrup သို့မဟုတ် ကပ်စေးနှဲ – ထမင်းစားဇွန်း – ၁ ဇွန်း မောက်မောက်

• ကြော်ရန်ဆီ

မရွေးပြုလုပ်နည်း
““““““““““““““““`
• ပထမဆုံး ဇလုံတစ်ခုထဲကို ကြက်ဥဖောက်ထည့် ၊ဆော်ဒါထည့် ၊ ဆားထည့်ပါ။ပြီးလျှင် သမသွားအောင် ခေါက်ပါ။

• ကြက်ဥအနှစ်တွေ သမသွားပြီဆိုရင် ဇကာချထားတဲ့ ဂျုံမှုန့်ထဲကို ကြက်ဥအရေတွေ ထည့်လိုက်ပါ။လက်နဲ့ နယ်ပါ။ လက်နဲ့ နယ်တဲ့အခါ အရမ်း ကပ်စေးနေတတ်တဲ့အတွက် ဆီ ထမင်းစားဇွန်းနှင့် တစ်ဇွန်းခန့် ထည့်ပြီး နယ်မယ်ဆိုရင် လက်မှာ ဂျုံတွေကပ်တာကို သက်သာစေပါတယ်။

• ပြီးနောက် ဆီ တစ်ဇွန်းထည့်နယ်ပါ။

• ပြီးရင်တော့ နယ်ထားတဲ့ ဂျုံလုံးကို ရေစိုဝတ်လေးအုပ်ပြီး တစ်နာရီခန့် နှပ်ထားပေးပါ။

• တစ်နာရီလောက် ဂျုံကို နှပ်ပြီးသွားပြီဆိုရင် ဂျုံကို ဒလိမ့်တုန်းနဲ့ ပြားပါမယ်။ စားပွဲပေါ်တင်ပြီး ဂျုံမှုန့် ဖြူးပေးထားပါ။

• ပြီးရင် ဒလိမ့်တုန်းနဲ့ ဂျုံလုံးကို ပြားနိုင်သမျှ ပြားပြားလေး ရအောင် ပြားပေးပါ။

• ဂျုံပြားရဲ့ အထူဟာ တော်တော်ပါးပါးလေး အနေအထားဖြစ်နေရင် ပိုပြီးကောင်းပါတယ်။

• ပြီးနောက် ပြားထားတဲ့ ဂျုံပြားကို ဓားနဲ့ နှစ်ခြမ်းခွဲပါ။

• ဂျုံပြားနှစ်ပြားကို ထပ်ပြီး အလယ်ကနေ ထပ်ဖြတ်ပြီး အရှည်လိုက် အပိုင်းပိုင်းပေးပါ။

• ဒါပြီးရင်တော့ အနေတော်လေးတွေ လှီးပေးပါ ။

• ပိုင်းဖြတ်လှီးနေချိန်မှာ အရမ်းကပ်မှာစိုးသောကြောင့် ဂျုံမှုန့်ကို ဖြူးပါမယ်။

• ဂျုံမှုန့်လေးတွေ များများဖြူးပြီးသွားရင်၊ ဂျုံခေါက်ဆွဲအတိုလေးတွေလို ပုံစံမျိုးလေးတွေ ရပါမယ်။

• ဒီလို အနေအထားရပြီဆို ကြော်ရန်အသင့်ပါပဲ။

• ဒယ်အိုးထဲ ဆီများများထည့်ပါ။ Deep Fried ကြော်ပါမယ်။ဆီအပူချိန် 150-C ဆိုရင် ကြော်ရန်အသင့်အနေအထားရောက်ပါပြီ။

• ကြော်ပါ။ ကြော်တဲ့အခါ သိပ်ပြီးနီရဲသွားအောင် ကြော်စရာမလိုပါဘူး။ ဆီပူထိတာနဲ့ မုန့်သားတွေဟာ ပွပြီး ချက်ခြင်းကျက်သွားပါတယ်။ အရမ်းနီကျွတ်သွားတဲ့အထိ ကြော်ရင် မေရွေးတွေဟာ ကျိုးလွယ်ပါတယ်။ခပ်ပျော့ပျော့လေးပဲ ကြော်ပါ။

• ပြီးရင် ဆီစစ်ထားပါ။

• မုန့်တွေကို ဆီစစ်ထားချိန်မှာ သကြားရည် ကျိုပါမယ်။ဒယ်အိုးတစ်ခုထဲကို သကြား + ကပ်စေးနှဲ + ရေအနည်းငယ် ထည့်ပြီး မီးအေးအေးနဲ့ ကျိုပါ။

• သကြားခဲတွေ အရည်ပျော်ပြီး ပျစ်ခဲလာပြီဆိုရင် ရပါပြီ။

• ကျိုထားတဲ့ သကြားရည်တွေကို မုန့်တွေထဲ ထည့်နယ်ပါမယ်။ဖြည်းဖြည်းချင်း သကြားရည်တွေကို ထည့်ပါ။ မေရွေးတွေကိုလဲ ခပ်ဖွဖွလေးပဲ နယ်ပေးပါ။လက်နဲ့ မနယ်ပါနဲ့ ။ သကြားရည်က အရမ်းပူခြစ်နေတော့ လက်တွေ အပူလောင်နိုင်ပါတယ်။ဇွန်းကြီးကြီးတချောင်းနဲ့ အသာအယာနယ်ရင်ရပါတယ်။ နှံ့နှံ့စပ်စပ်လေး နယ်ပါ။

• ပြီးရင် မရွေးလုပ်မယ့် ခွက်ကို ပြင်ဆင်ထားပါ။မိမိအဆင်ပြေတဲ့ ခွက်နဲ့ မရွေး သိပ်လို့ရပါတယ်။

• မရွေးတွေကို ဖိသိပ်ထည့်မှာဆိုတော့ ပြန်ထုတ်တဲ့အခါ အရမ်းခက်ပါတယ်။ထည့်ပါ။

• ပြီးရင် ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဖိဖိပေးရင်းလုံးဝ ဖိသိပ်သွားတဲ့အထိ သိပ်ပေးပါ။

• ပြီးရင် ရေခဲသေတ္တာ အောက်ထပ်မှာ ငါးမိနစ်လောက် ခဏ ထားပါ။

• ဒါဆိုတော့ ရပါပြီ။ မိမိနှစ်သက်ရာ အရွယ်အစားကို ဓားထက်ထက်နဲ့ လှီးဖြတ်ပြီး သုံးဆောင်နိုင်ပါပြီ။

• အရသာကတော့ ဖော်ပြထားတဲ့အချိုးနဲ့ လုပ်ရင် လုံးဝ ငြိမ်ပါတယ်။ အရမ်းလဲ ချိုရဲမနေပါဘူး။

Crd