Home HEALTH ထောပတ်သီး ကြိုက်သူများ

ထောပတ်သီး ကြိုက်သူများ

28

ထောပတ်သီး ကို မြတ်နိုးစွာ စားသုံးသူတွေကိုလည်း လက်တို့သတိပေးချင်တာလည်းပါ ၊

သိရက်နဲ့ပဲဖြစ်ဖြစ်၊မသိလို့ပဲဖြစ်ဖြစ်
ထောပတ်သီးတွေ မရင့်မီခူးဆွတ်ပြီး

ဈေးကွက်မှာရောင်းချနေကြတာတွေနဲ့ပတ်သက်ပြီးပြောချင်တာလည်းပါတာမို့ …။

၁။။ Hass ထောပတ်သီးရဲ့ စတင်ရင့်ချိန်ဟာ နိုဝင်ဘာမှာစတင်ပါတယ်။ ဒါပေမယ့် ကောင်းစွာ ရင့် ချိန်ကတော့
ဒီဇင်ဘာလ ပဲဆိုပါစို့။

အဲသည် Hass ထောပတ်သီးရဲ့ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အရသာ ကို ခံစားချင်တယ်ဆိုရင် ဇန္နဝါရီလမှာစားသုံးပါလို့ပြောချင်ပါတယ်။

၂။။ ခု ချိန်(ဩဂုတ်၊စက်တင်ဘာလ တွေမှာ ထောပတ်သီးမျိုး‌ေတာ်တော်များများက မရင့် ကြသေးပါဖူး။

မျိုးအနည်းငယ်သာ စောရင့်ကြပါတယ်။
ဥပမာ။။ ပီတာဆန်၊ပုံစံကလုံးဝိုင်းပါတယ်။ အခွံပါးပြီး အမှည့်မြန်ပါတယ်။

ရင့်ပြီးအသီးတလုံးက ၂ရက်လောက်အတွင်းမှည့်ပါတယ်။ကြာရှည်အထားမခံပါဖူး။

ယခု စက်တင်ဘာလထဲမှာတော့ Russel 034/034 ဗီယက်နမ်မျိုး အသီးတွေ စတင်ရင့်ပါမယ်။သူကလည်းခွံစိမ်းအတိုင်းမှည့်တဲ့မျိုးပါ။

ခူးဆွတ်ပြီး ၃-၄ရက်အတွင်းမှည့်ပါတယ်။အခွံပါးတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ရင် အသီးနာပြီး အတွင်းကအသားပုပ်နိုင်ပါတယ်။

အရသာကတော့ စီးစီးပိုင်ပိုင်နဲ့အဆိမ့်အရသာကဲပါတယ်။

နောက်မျိုးအချို့က အောက်တိုဘာလ မှာစတင်မှည့်မှာပါ။

အဲသည်မျိုးတွေကတော့ ပင်ကာတန်(Pinkerton)၊ ဘာကေးနီးယား(Buccaneer)ဘွတ်-7(Boot-7) မျိုးတွေပဲဖြစ်ပါတယ်။

အဲသည် စားသုံးရန်ကောင်းမွန်တဲ့ မျိုးတွေ တုန်းသွားရင်တော့
ကမ္ဘာကျော် ဟက်စ်(Hass)အသီးတွေ စတင်အပျို
ဖော်ဝင်ချိန်ပဲဆိုပါတော့။

ဒေသအလိုက်ကွဲပြားတဲ့ ရာသီဥတုအခြေအနေအရ အချို့ဒေသကအနည်းငယ်သော hassတွေ ဈေးကွက်ထဲစတင်ရောက်လာနိုင်ပါတယ်။

ဒါကြောင့် ထောပတ်သီးကိုကျန်းမာရေးအတွက်ပဲစားချင်တာပဲဖြစ်ဖြစ်၊ အသားအရေလှပဖို့စာချင်တာပဲဖြစ်ဖြစ် ထောပတ်သီးတစ်လုံးဝယ်ယူစားသုံးတော့မယ်ဆိုရင်

(၁)အထက်မှာပြောထားတဲ့လမှာ ထွက်ရမယ့် အသီးမျိုးများဟုတ်မဟုတ်၊‌

‌ေရာင်းချသူက အသီးအကြောင်း ဂဃနဏ ပြောမပြနိုင်ရင်၊ သတိနဲ့သာဝယ်ယူစားသုံးပါလို့ပြောချင်ပါတယ်။

အရည်အသွေးစံမမီတဲ့ဒေသသီးတွေနဲ့ပတ်သက်လို့တော့ဘာမှ မပြောလိုပါ။

ဒါပေမယ့် ပြင်ဦးလွင်က မြောက်ကျွန်းသူဆိုတဲ့မျိုးကတော့
ဇန္နဝါရီလမှာခူးဆွတ်မှ သူ့ရဲ့ အကောင်းဆုံးအရသာကို ခံစားရမှာပါ။

ပြီးတော့ ထောပတ်သီးလက်လီရောင်းချသူ‌ေတွကို‌ေပြာချင်တာပါ။လုံခြုံမှုအားနည်းတဲ့ခြံတွေကနေ မရင့်သေးတဲ့ထောပတ်သီးတွေကို

မသမာသူအချို့ ခိုးယူခူးဆွတ်ရောင်းချ တဲ့ အခါ ပေါချောင်လိုက်ပြီး တဆင့်ဝယ်ယူရောင်းချတာမျိူးမလုပ်ကြဖို့ ပြောချင်ပါတယ်။

တွေ့ကရာအသီးတွေကို တောင်ကြီးမျိုး၊ရွာငံမျိုး စသည်ဖြင့်မဟုတ်တန်းတရား
ပြောဆိုရောင်းချတာမျိုးလည်းမလုပ်‌စေချင်ပါ။

မိမိတို့စားသုံးသူတွေကိုစေတနာထား ဂရုစိုက်ပေးခြင်းဖြင့်မိမိတန်ဖိုးနဲ့ဂုဏ်သိက္ခာကိုမြှင့်တင်ဖို့လိုအပ်ပါတယ်။

အထူးသဖြင့် ဧည့်သည်အဝင်အထွက်များတဲ့ ပြင်ဦးလွင်မြို့က ထောပတ်သီးရောင်းချသူတွေကို အထူးပြောချင်ပါတယ်။

စားသုံးသူတွေဖက်ကနစ်နာလို့ အရေးဆိုလာရင် စားသုံးသူရေးရာဦးစီးဌာနတို့၊ စားသုံးသူကာကွယ်ရေးဥပဒေတို့ဆိုတာ ဆီတွေ၊လက်ဘက်တွေ၊

အရောင်တင်မှုန့်တွေအတွက်တင်မက ကုန်စိမ်းဖြစ်တဲ့ ထောပတ်သီးတွေအတွက်ပါ အကြုံးဝင်မလာဖူးလို့မပြောနိုင်
ပါ။

စားသုံးသူရေးရာမို့ပါ။
ဒါကြောင့် ထောပတ်သီးစားသုံးသူတွေအပေါ် စေတနာထားရောင်းပေးခြင်းအားဖြင့်

ထောပတ်သီး များပိုမိုရောင်းချလာနိုင်ရေးအတွက် စိုက်ပျိုးသူ၊ဝယ်ယူရောင်းချသူများ၊ဝယ်ယူစားသုံးသူများ အားအကြံပြု နှိုးဆော်အပ်ပါတယ်။
#Credit