ကြမ်းပိုးပြဿနာဟာ သေးသလိုလိုနဲ့ တကယ်ကြီးတဲ့ဒုက္ခတစ်မျိုးပါ။ ကြမ်းပိုးဒုက္ခပေးလို့ အိပ်ရေးပျက်သူပေါင်း အများကြီးရှိမယ်ထင်တယ်နော် – ဒီတစ်ခါတော့ ငွေကုန်လည်းသက်သာ၊ ကြမ်းပိုးလည်း ပြေးမယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လမ်းဘေးများတွင် အလေ့အကျပေါက်သော ပိစပ်ပင်(ခေါ်) ရှမ်းပြေးပင် အရွက်လတ်တစ်ဆုပ်၊ နှစ်ဆုပ်ခန့်ခူးပြီး ရေစင်စင်ဆေး၊ မိမိအိပ်သည့် အိပ်ယာ အောက်တွင် ဖြန့်ခင်းပြီးအိပ်။
နောက်တစ်နေ့တွင် ပိစပ်ပင် (ခေါ်)ရှမ်းပြေးပင်အရွက်ဟောင်းများကို စွန့်ပစ်ပြီး အသစ်ထပ်မံ ဖြန့်ခင်းပြီးအိပ် (၃)ရက်ခန့် မပျက်မကွက် မှန်မှန်ပြုလုပ် ပေးပါက ကြမ်းပိုးအန္တရာယ်ကင်းဝေး သွားပါလိမ့်မည်။ ကြမ်းပိုးမသေဘဲ ကြမ်းပိုးပြေးသောကြောင့် ပါဏာတိပါတာကံလည်း မထိုက်ပါ။
Credit: original uploader