နှလုံးသည် လူ့အသက်ရှည် ကျန်းမာရေးအတွက် အရေးအကြီးဆုံးသော ကိုယ်တွင်းအင်္ဂါဖြစ်သည်။ လူများအိပ်ပျော်သည့်တိုင် အနားမယူဘဲ အလုပ်လုပ်နေသူမှာ နှလုံးမာဆယ်များဖြစ်သည်။ နှလုံးမာဆယ်းများ အနားယူသည့်အချိန်သည် လူအသက်ဆုံးသည့် အချိန်ဖြစ်လေသည်။ နှလုံးမှမာဆယ်များ ညှစ်ထုတ်အားကြောင့် လူ့တစ်ကိုယ်လုံးသို့ သွေ:များရောက်ရှိပြီးနှလုံးမာဆယ်များ ပြန်ကျုံ့သည့်အခါ လူ့ခန္ဓာအနှံ့မှ သွေ:ဟောင်းများသည် နှလုံးတွင်းသို့ ပြန်လည်ရောက်ရှိကြပြန်သည်။ ထိုသွေ.များကို အဆုတ်မှရှူသွင်းသည့် လေ(အာနာပါန)ဖြင့် သန့်စင်ပြီးသွေ:အသစ် ဖြစ်စေသည်။ ထိုသွေ:သစ်ကို ခန္ဓာကိုယ်သို့ ဖြန့်ဖြူးခြင်းကို တစ်မိနစ်လျှင် အကြိမ် ၇ဝ မှ အကြိမ် ၁ဝဝ ကျော်အထိ နှလုံးမာဆယ်များက မနားမနေ ပြုလုပ်ပေးသည်။
ဤမျှအရေးပါသော နှလုံးမာဆယ်များအား ကောင်း၊မကောင်း တစ်နည်းအားဖြင့် နှလုံးအားကောင်း၊ မကောင်းကို သိရှိနိုင်ရန် ဆေ:ရုံကြီးများ သို့လည်း သွားရောက် မစစ်ဆေ:နိုင်၊ ဆရာဝန်ကြီးများနှင့်လည်း ငွေကုန်ကြေးကျခံပြီး သွားရောက် မစစ်ဆေ:နိုင်သူများအတွက် မိမိကိုယ်တိုင် စစ်ဆေ:နိုင်မည့် နည်းလမ်းတစ်ခုကို တင်ပြလိုသည်။ ဤနည်းမှာ မိမိခြေသလုံးမာဆယ်ကို စစ်ဆေ:ရမည့် နည်းလမ်းဖြစ်သည်။
ရှေးကရဟန်းတော်များသည် ”သလုံးမြင်းခေါင်း (ခြေသလုံးကြွက်သား) ကောင်းနေသမျှ ဆွမ်းခံစားရမည်”ဟု အဆိုရှိသည်။ တစ်နည်းအားဖြင့် ကျန်းမာနေသည့် ဆွမ်းခံစားနိုင်သည့် အင်အားကို ခြေသလုံးကြွက်သားအင်အားဖြင့် စံပြုတိုင်းတာခြင်းဖြစ်သည်။
ထို့အတူ အနောက်တိုင်းဆေ:ပညာရှင် ဆရာဝန်ကြီးများကလည်း ခြေသလုံး ကြွက်သားများသည် လူ၏ ”ဒုတိယနှလုံး”ပင်ဖြစ်သည်ဟု ဆိုကြသည်။ နှလုံးအားကောင်း၊ မကောင်းကို စစ်ဆေ:လိုလျှင် ခြေသလုံးကြွက်သားများကို အားရှိ၊ မရှိ စစ်ဆေ:ကြည့်ခြင်းဖြင့် သိနိုင်သည်ဟု ဆိုသည်။
လူငယ်များတွင် ခြေသလုံးကြွက်သားအင်အားကို အထူးစစ်ဆေးနေစရာမလိုပေ။ ပြေးလွှားခြင်း၊ ဘောလုံးကန်ခြင်း၊ တောင်ဆင်းတောင်တက် ပြုလုပ်ခြင်းများသည် ခြေသလုံးကြွက်သားများဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။ အသက် ၆ဝ ကျော် လူကြီးပိုင်းမှာမူ မတ်တတ်ကြာကြာမရပ်နိုင်ခြင်း၊ ခြေလှမ်းသွက်သွက် မလျှောက်နိုင်ခြင်း၊ လှေကားထစ်များစွာ မတက်နိုင်ခြင်းပြဿနာများရှိလာသည်။ ဤသို့ဖြစ်ရခြင်းမှာ ခြေသလုံးကြွက်သား များအားနည်းလာခြင်းကြောင့်ဖြစ်သည်။ ခြေသလုံး ကြွက်သားအားနည်းလျှင်၊ တစ်မိုင်ခန့်မျှ လမ်းမလျှောက်နိုင်လျှင်၊ မောလျှင် နှလုံးအားနည်းရောဂါ ဝင်လာပြီဟု ခန့်မှန်းနိုင်ပေသည်။
အချို့လူကြီးများတွင် ခြေသလုံးကြွက်သားများ ပျော့ကျသွားသူများရှိသလို ခြေသလုံးကြွက်သားများ တောင့်တင်းမာခဲပြီး လမ်းမလျှောက်နိုင် သူများလည်း ရှိသည်။
ကြွက်တက်သူများပင် ရှိသည်။ မကြာခဏ အနင်းအနှိပ်ခံခြင်း၊ ပရုတ်ဆီဆေးအပူများ လိမ်းခြင်းပြုလုပ်သော်လည်း ခြေသလုံးကြွက်သားများမှာ အမြဲတောင့်တင်းနေလေ့ရှိသည်။ ခြေသလုံးကြွက်သားများ အမြဲတောင့်တင်းနေလေ့ ရှိသူများသည် နှလုံးသွေ:ကြောပိတ် ရောဂါဖြစ်နိုင်ခြေ ရှိသူများ ဖြစ်သဖြင့် သတိထားသင့်သည်။
နှလုံးကြွက်သား အားကောင်းစေရန်အတွက် လေ့ကျင့်ခန်းမှာ တစ်နေ့လျှင် နှစ်မိုင်ခန့် လမ်းလျှောက်ပေးခြင်းဖြစ်သည်။ လမ်းလျှောက်ပျင်းသူများ တွင် ခြေသလုံးကြွက်သား ပျော့ကျသွားတတ်သည်။ အစားများပြီး အထိုင်များသူများတွင် ခြေသလုံးကြွက်သား တောင့်တင်းမာကျောပြီး သွေ:ကြောပိတ်ရောဂါ ရတတ်သည်။
လူကြီးများ ရေချိုးသည့်အခါတွင်လည်း ဒူးအောက်ပိုင်း ခြေသလုံးမှစ၍ ရေလောင်းပြီးမှသာ ချိုးသင့်ကြောင်း တင်ပြလိုက်ရပေသည်။
#credit