Home USABLE TIPS မီးဖိုချောင်သုံးပစ္စည်းများ၏ အကျိုးကျေးဇူးများ

မီးဖိုချောင်သုံးပစ္စည်းများ၏ အကျိုးကျေးဇူးများ

16

စိုက်ပျိုးရေးဝါသနာပါသူတွေအနေနဲ့ အပင်တွေအတွက် ဓာတ်မြေဩဇာ အထူးတလည် ဝယ်စရာမလိုဘဲ မိမိတို့ရဲ့ မီးဖိုချောင်ထဲက ပစ္စည်းလေးတွေနဲ့တင် အပင်တွေကို သန်စွမ်းစေမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

မီးဖိုချောင်သုံးပစ္စည်းများ၏ အကျိုးကျေးဇူးများ

၁။ ငှက်ပျောသီးခွံ: ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

၂။ ကော်ဖီမှုန့်အနှစ်: သံပုရာပင်လိုမျိုး အက်ဆစ်ဓာတ်ကြိုက်တဲ့ အပင်တွေအတွက် အလွန်ကောင်းမွန်ပါတယ်။

၃။ ကြက်ဥခွံ: ကယ်လ်စီယမ်ဓာတ် အများအပြားပါဝင်လို့ အပင်ခြေမှာ ခြေပြီးဖြူးပေးရင် အပင်ကို ကြံ့ခိုင်စေပါတယ်။

၄။ မုန့်ဖုတ်ဆိုဒါ (Baking Soda): ခရုတွေရှိတဲ့နေရာမှာ ဖြူးပေးထားရင် ခရုတွေ မလာတော့ပါဘူး။

၅။ တင်လဲရည်: မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး အပင်အတွက် သင့်တော်တဲ့ pH အဆင့်ကို ရရှိစေပါတယ်။

၆။ ငါးကန်ထဲကရေ: အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်ပါတယ်။

၇။ ပြာ: ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် ပါဝင်လို့ အပင်တွေကို သန်စွမ်းစေပါတယ်။

၈။ နို့: ပရိုတင်းနဲ့ ကယ်လ်စီယမ် ပါဝင်လို့ အပင်တွေကို အမြန်ကြီးထွားစေပါတယ်။

၉။ ဟင်းသီးဟင်းရွက်ပြုတ်ရည်: အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်စုံလင်စွာ ပါဝင်ပါတယ်။

၁၀။ လက်ဖက်ခြောက်အိတ်အဟောင်း: အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိစေပါတယ်။

အပင်သန်စွမ်းပြီး အပွင့်အသီး ဝေဆာစေမယ့်နည်း

ကြက်ဥခွံနဲ့ ငှက်ပျောသီးခွံကို ဗူးတစ်ခုထဲထည့်၊ ရေမြုပ်အောင်ထည့်ပြီး (၃) ညကြာ နှပ်ထားပါ။

ရရှိလာတဲ့ အချဉ်ဖောက်ရည် (၁) ဇွန်းကို ရေ (၁) လီတာနဲ့ ရောပြီး အပင်တွေကို ဖျန်းပေးပါ။

ပုရွက်ဆိတ်နဲ့ ပိုးမွှားနှင်နည်း

ကြက်ဥခွံကို လှော်ပြီး အမှုန့်ကြိတ်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းနဲ့ ရောမွှေပါ။

ပုရွက်ဆိတ်ရှိတဲ့နေရာမှာ ဖြူးပေးနိုင်သလို၊ ရေ (၅၀၀) မီလီလီတာမှာ အမှုန့် (၂) ဇွန်းရောပြီး ဖျန်းပေးလို့လည်း ရပါတယ်။

ခရမ်းချဉ်သီး အရသာ ပိုချိုစေမယ့်နည်း

မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းခန့်ကို ခရမ်းချဉ်ပင်ခြေမှာ ဖြူးပေးရင် အသီးအရသာ ပိုမိုချိုမြိန်စေပါတယ်