အင်ဂျင်ဝိုင် စားတယ်ဆိုတာ ကားအုံနာတိုင်း ၊ ကားပြုပြင်တဲ့သူတိုင်း ရေရှည်ကြုံရတဲ့ ခေါင်းကိုက်တဲ့ ပြဿနာပါ။ ကားအုံနာတွေလဲ တိုင်ပတ်သလို ၊ ဝပ်ရှော့ အများစုကလည်း နေ့တဓူဝ ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။ ကျွန်တော့် အတွေ့ အကြုံအရတော့ တရုတ်ကားတွေက ပိုပြီး အင်ဂျင်ဝိုင်ပိုစားတဲ့ သဘောရှိပါတယ်။ အထူးသဖြင့် Faw နဲ့ Forland တို့လို Dump truck တွေမှာ kilo 80 / 100 နီးပါး မိုင်အားဖြင့် 60 / 70 လောက်မောင်းပြီးသွားတဲ့ ၁လီတာလောက် အင်ဂျင်ဝိုင်သုတ်တာမျိုးရှိပါတယ်။ ဂျပန်ကားတွေမှာတော့ အင်ဂျင်ဝိုင်က အနည်းငယ်အစားသက်သာပါတယ်။ car data တွေအရတော့ 1km မောင်းပြီးသွားတဲ့အခါမှာ 1 deciliter လောက် အင်ဂျင်ဝိုင်စားတာပုံမှန်ပါပဲတဲ့။ ဒါ့ကြောင့် အင်ဂျင်တစ်လုံးမှာ သက်တမ်းတစ်ခုခု အင်ဂျင်ဝိုင်စားတာပုံမှန်ပါပဲ။ ဒါပေမဲ့ လိုအပ်တာထက် စားနေရင်သာပြဿနာရှိတာဖြစ်ပါတယ်။

အင်ဂျင်ဝိုင် စားနေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ အနည်းငယ် ပြောပြပါ့မယ်ဗျာ။
အများစု သိကြတယ်ဗျာ။ ရိန်းကျနေရင် အင်ဂျင်ဝိုင်စားတယ်။ ဒါဆိုရင်
1. ရိန်းကျနေခြင်း
2. ဘယ်ရင်တွေ မကောင်းတော့ခြင်း
3. ဗားစိ ၊ ဗားကိုက်တွေ မလုံတော့ခြင်း
4. တာဘိုချာဂျာတွေ မကောင်းတော့ခြင်း
5. ဂတ်စက်တွေပေါက်ခြင်း
6. အင်ဂျင်ဝိုင်ပန့် မကောင်းခြင်း
7. oil sump တွေ မလုံခြင်း
8. အင်ဂျင်ဝိုင်ချက်နပ်မလုံခြင်း
9. အင်ဂျင်ဝိုင်ဖစ်တာ ၊ ပိုက်တွေ မကောင်းခြင်း
10. အင်ဂျင်သက်တမ်းကြောင့် ဖြစ်ပါတယ်။ ဒါကတော့ အင်ဂျင်ဝိုင်စားနေတဲ့ အခါ ဖြစ်တတ်တဲ့ သဘောတရားတွေဖြစ်ပါတယ်။

ဒါဆိုရင် အင်ဂျင်ဝိုင် စားနေတဲ့ အခါ သိနိုင်တဲ့ အချက်လေးတွေ တစ်ချက် နှစ်ချက်လောက် ဗဟုသုတဖြစ်ဖွယ်ပြောပြပေးပါ့မယ်ဗျာ။

အင်ဂျင်ဝိုင်အသစ်ထည့်ထားတယ်။ kilo 100 လောက်မောင်းပြီး ဂိတ်တံကို ပြန်စစ်တဲ့အခါ မူရင်းအမှတ်ကနေ အောက်ကို 0.2in ထက် ပိုလျော့နေရင် အင်ဂျင်ဝိုင်စားနေပြီလို့ သတ်မှတ်နိုင်ပါတယ်။ အင်ဂျင် အသစ်တွေမှာတော့ ထိုပြဿနာမျိုးရှိမှာ မဟုတ်ပါဘူး။

plug ခေါင်းတွေ ၊ O2 ဆင်ဆာတွေမှာ အင်ဂျင်ဝိုင်မီးလောင်ထားလို့ ဖြစ်တဲ့ ပြာတွေအတော်များများ တွေရရင် အင်ဂျင်ဝိုင်မလုံတော့ဘူး။ အင်ဂျင်ဝိုင် စားနေပြီဟု သိနိုင်ပါတယ်။

intake air cleaner ကဲ့သို့သော နေရာတွေမှာ အင်ဂျင်ဝိုင်စ တွေ တွေ့နေရပြီဆိုရင် intake gasket တွေ အင်ဂျင်မလုံတာသိနိုင်ပါတယ်။

တချို့ကားတွေမှာ တာဘိုကနေ အင်ဂျင်ထွက်တာမျိုးရှိတယ်။ ဒါက တာဘိုလိုင်းတွေ မကောင်းလို့ အင်ဂျင်ဝိုင်စားတာဖြစ်ပြီး ၎င်းကလဲ အင်ဂျင်ဝိုင် စားနည်းတစ်မျိုးဖြစ်ပါတယ်။

အင်ဂျင် ဟိတတ်တာကလဲ အင်ဂျင်ဝိုင်စားခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ အင်ဂျင် အပူကို ကူးလင်း နဲ့ အင်ဂျင်ဝိုင်က အဓိက စုပ်ယူပါတယ်။ အင်ဂျင်ဟိများနေတဲ့အခါ အင်ဂျင်ဝိုင်လဲ ပုံမှန်ထက် ပိုစားပါတယ်။

Engine head ၊ ring တွေ ၊ valve တွေ ၊ seals တွေ ၊ gasket တွေမလုံတာနဲ့ ပတ်သက်ပြီး မီးခိုးပြာတွေ အေ့ဇောက
ထွက်ခဲ့ရင်လဲ ကျွန်တော်တို့ကား အင်ဂျင်ဝိုင်စားနေပြီဆိုတာ သိရပါမယ်ဗျာ။

အင်ဂျင်ဝိုင်တွေ စိမ့်တယ် ၊ အင်ဂျင် အောက်ဘက် ကာဗာကနေ တစိမ့်စိမ့် ထွက်တယ်။ နောက်ပြီး အင်ဂျင်ဝိုင် ညော်နံ့ရတယ်ဆိုရင် ဒါဟာ အင်ဂျင်ဝိုင်စားခြင်းတမျိုးပါဘဲ။

#crd