စောင်းအိုလုလင်နဲ့ ဘုရင့်သမီးတော်လေး ချစ်ကြိုက်မိလို့ ဘုရင်ကြီးအမျက်ရှကာ ဂူထဲပိတ်သတ်ခဲ့တဲ့ တဝဂူ လို့ အစချီလိုက်တာနဲ့ ပုဂံကိုရောက်ဖူးသူတိုင်း စိတ်ဝင်တစား ရှာခဲ့ကြဖူးမယ်လို့ ထင်ပါတယ် ။ ပုဂံ ချစ်သူ လည်းရှာခဲ့ဖူးပါတယ်။ ” လသာညမြာ
စောင်းသံသာယာ လွင့်မျောလာ၊ ချစ်သူနှစ်ဦးရဲ့ ကိုယ်ပိုင် ကမ္ဘာ….’ ဆိုတဲ့ သီချင်းသံလေးရဲ့ အဆုံးမှာလွမ်းမောဖွယ် ပုဂံ ဒဏ္ဍာရီတွေထဲက ရင်နှင့်ဖွယ်ရာ ဇာတ်လမ်းလေးကို မြင်တွေ့ရမှာပါ စောင်းအိုလုလင်လေး ရဲ့ဘဝအစဟာ မြို့စားလေးတစ်ယောက်ပေါ့။
အဲ့ဒီမြို့စားလေးမှာ အလွန်လှပပြီး ချစ်ဖို့ကောင်းတဲ့ စောကလျာ ဆိုတဲ့ နှမငယ်လေးတစ်ယောက်ရှိတယ်။အဲ့နှမငယ်ဟာ နယ်ပိုင်စော်ဘွားကြီး နဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။ စော်ဘွားကြီးဟာ သူ့နှမငယ်ကို မချစ်ကြိုက်ဘဲ တွဲနေတာကို တစ်နေ့မှာ မြို့စားလေး သိသွားပြီး နှမငယ်ကို တားမြစ်ခဲ့ပေမယ့် တားမရပါဘူး။ စော်ဘွားကြီးကလည်း ရာထူးပိုကြီးတာကြောင့် ဘယ်လိုမှ မပြောရဲဘဲ ရှိနေပါတော့တယ်။ တစ်နေ့မှာတော့ မြို့စားလေးဟာ သူ့နှမငယ် နဲ့ စော်ဘွားကြီးတို့ကို အပြီးတိုင်ခွဲဖို့ နှမငယ်ကို ခေါ်ကာ မြင်းနဲ့ အတင်းထွက်ပြေးခဲ့ပါတယ်။ သူ့လက်စွဲတော်စောင်း ကိုပါစွဲလို့ပေါ့။ စောကလျာလေးကတော့ တစ်လမ်းလုံးငိုယိုလို့လိုက်ပါခဲ့ပါတယ်။
ပင်းတယတောင် ရွှေဥမင်လှိုဏ်ခေါင်း ထိပ်ရောက်တော့ နှမဖြစ်သူဟာ မြင်းပေါ်ကခုန်ချခဲ့ပါတယ်။ ခုန်ချလို့ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ အသက်ငွေ့ငွေ့သာကျန်တဲ့ အချိန်မှာ သူတို့ချစ်ခြင်းကိုခွဲတဲ့သူဟာ သူမတို့လိုပဲ ချစ်ရသူနဲ့ခွဲကာ အခိုင်အမာအုတ်ဂူထဲမှာ သွတ်သွင်းခြင်းခံရပါစေ လို့ ကျိန်စာတိုက်ခဲ့ပြီး စောကလျာလေးဟာ သေဆုံးသွားပါတယ်။နှမငယ်လည်းမရှိတော့ မြို့စားလေးဟာလည်း ပုဂံမြို့ကိုရောက်ကာ စောင်းအိုလုလင်အသွင်ပြောင်းလို့ နေထိုင်ခဲ့ပါတယ်။ အားလပ်တဲ့အခါ တီးခတ်လေ့ရှိတဲ့ စောင်းအိုလုလင်ရဲ့ စောင်းသံကို တနေ့မှာ ဘုရင့်သမီးတော်လေးဟာနားဆင်မိပြီး စောင်းအိုလုလင်နဲ့တွေ့ကာ သူတို့နှစ်ဦး ချစ်ကြိုက်သွားပါတော့တယ်။ဒီအကြောင်းကို ဘုရင်ကြီးကြားသိတဲ့အခါ အမျက်တော်ရှပြီး နှစ်ယောက်လုံးကိုဖမ်းစီးစေကာ တဝဂူထဲမှာ ဂူသွင်းလှောင်ပိတ်သတ်စေပါတော့တယ်။ ထိုအခါ ပန်းရံဆရာကြီးက ချစ်သူနှစ်ဦးကို သနားပြီး ရှင်လို့ရှင်ညား ကယ်တင်မယ့်သူတွေ့အောင် ဂူပေါက်ဝကိုပိတ်တဲ့အခါ အုတ်တချပ်လှပ်ပေးခဲ့ပါတယ်။သို့သော်လည်း ချစ်သူနှစ်ဦးဟာ တဝဂူထဲမှာ ပိတ်မိပြီးသေဆုံးသွားခဲ့ရပါတယ်။ထိုနေရာမှာဘဲ ဘုရင်ကြီးက တဝဂူဘုရားကိုတည်ခဲ့ပါတယ်။
လွမ်းမောဖွယ်ဇာတ်လမ်းလေးအဆုံးမှာတော့ လပြည့်ညတိုင်းမှာ တဝဂူဘုရားဆီကနေ ကြေကွဲဖွယ်စောင်းသံကို ရံဖန်ရံခါ ကြားရလေ့ရှိတယ်လို့ ယခုတိုင်ပြောစမှတ်ရှိနေပါတော့တယ်။ တကယ်တော့ ဒီဇာတ်လမ်းလေးဟာ တကယ်မရှိခဲ့ပါဘူး၊အိန္ဒိယရုပ်ရှင် ဇာတ်လမ်းကျောရိုးကိုယူပြီး နန်းတွင်းအရှုပ်တွေနဲ့ ရောစပ်လိုက်တဲ့အခါ ခေတ်အဆက်ဆက်နာမည်ကြီးဇာတ်လမ်းကြီးဖြစ်လာတယ်လို့ဆိုကြပါတယ်။ ၁၉၆၀ လောက်မှာ ပဲခူး မြရွှေဆိုသူက ဒီဇာတ်လမ်းကိုအခြေခံပြီး စာအုပ်ထုတ်ဝေခဲ့တယ် စာရေးဆရာကြီး ကြေးမုံဦးသောင်းက တဝဂူမှစောင်းသံ ဆိုပြီး ဝတ္တု တိုတစ်ပုဒ်ရေးတော့ လူပိုသိသွားတယ်.. တဖန်ဂီတစာဆို ဦးကြော့မှူ းက ပုဂံမြို့ဟောင်းတနေရာ ဆိုတဲ့သီချင်းကို အဆိုတော် တင်တင်မြနဲ့ သီချင်းအဖြစ်သီဆိုခဲ့ပြီး ဇာတ်ပွဲများတွင်လည်း ကပြကြရာ ကြားဖန်များတော့ တကယ့်အဖြစ်အပျက်သဖွယ်ဖြစ်လာပါတယ်လို့ နှောင်းလူတို့ကဆိုကြပါတယ်။( တဝဂူဘုရား ၁၄၉၅) သို့သော်လည်း ပုဂံချစ်သူ ရောက်ဖူးခဲ့သော တဝဂူဘုရား မှ အုတ်ချပ်များဖြင့် ပိတ်ထားသောဂူပေါက်သည် တချိန်က ဒဏ္ဍာရီ ဆန်ဆန် တကယ့်အဖြစ်အပျက်များ ရှိခဲ့လေသည်ကို ထင်ဟပ်စေသည့် ပြယုဂ်များလားဟုတွေးတောရင်း..
Credit – from original uploader