ရွှေကြည်တစ်ပိသာ အချိုးနဲ့ပြောပြပါ့မယ်။ ပွဲထိုင်ဗန်းဆို ပုံမှန် တစ်ပိသာ နည်းနည်းထူချင်ရင် တစ်ပိသာ ၂၅ ကျပ်သားလောက် လုပ်လို့ရပါတယ်။
လိုအပ်သော ပစ္စည်းများ
===============
ရွှေကြည် တစ်ပိသာ၊
အုန်းသီးရင့်ရင့် ၆ လုံး၊
နို့စိမ်း ၅ လုံး၊
ကြက်ဥ အလုံး ၂၀၊
သကြား ၅၀သား (အစိမ့်)၊
ထောပါတ် ၂၀သား၊
ဆီ ၂၅ ကျပ်သား၊
စပျစ်သီးခြောက် အချို ၁၅ ကျပ်သား၊
ဆားနဲနဲ၊
ဘိန်းစေ့ နည်းနည်း လိုအပ်ပါတယ်။
အကောင်းစား အရသာရှိလှတဲ့ ရွှေခြည်ဆနွင်းမကင်း တစ်ပိဿာအိုးရဲ့ အချိုးပါ။
ပြုလုပ်နည်း
***********
ရှေးဦးစွာ ရွှေခြည်နဲ့သကြားကို မွှေးလာအောင် လှော်ထားပါ။ ကြက်ဥကို ကြေအောင်ခေါက်ထားပေးပါ။ ထို့နောက် လှော်ပြီးသား ရွှေခြည် ထဲကို အုန်းနို့ နို့ဆီဗူးနဲ့ ၁၂ ခွက်ထည့်ပါ။ ကြက်ဥခေါက်ထားတာကိုပါ ထည့်ပါ။ ထောပါတ်ထည့်ပါ။ ဆီထည့်ပါ။ ဆားထည့်ပါ။ နို့စိမ်း ၅ ဗူးထည့်ပါ။ အားလုံး သမအောင်ရောမွှေပါ။
မုန့်လုပ်ရန် အဆင်သင့်ဖြစ်ပါပြီ။ ရောထားသည်များကို အိုးထဲမှာ ဆီပြန်လာအောင် ကျိုပါ။ ဆီပြန်ပြီး မုန့်သား လည်လာလျှင်စပျစ်သီးခြောက်ထည့်ပါ။ ထို့နောက် ဖုတ်မည့်ဗန်းထဲ လောင်းထည့်ပါ။ အုန်းနို့ဦးရည် နဲနဲချန်ထားပြီး ဖြန်းပေးပါ။ ဘိန်းစေ့ဖြူးပြီး အပေါ်မီးများများ အောက်မီးနဲနဲနှင့် မိနစ် ၃၀ မှ ၄၅ မိနစ်ကြာအောင် မီးအနဲအများအလိုက် ဖုတ်ပါ တစ်ရက် အနဲဆုံး ၈ နာရီ အအေးခံပါ။ စားသုံးရန်အဆင်သင့် ရွှေခြည်ဆနွင်းမကင်းရပါပြီ။
#credit