Botanical name-Glinus oppositifolius(L.)Aug.DC
Family name-Molluginaceae
Common name – Grishma-sundaraka
Habit – Perennial prostrate herb
Medicinal parts – leaves , stems
Medicinal effects – Anti-oxidant, Anti-microbal, anti-diabetic, hepatoprotective, immunomodulatory
**ပုံသဏ္ဌာန်**
ကန့်ကလာသည် အချိုမျိုး-အခါးမျိုးဟူ၍ နှစ်မျိုးရှိသည်။ အဖြူမျိုး အနီမျိုးဟူ၍လည်းရှိသည်။ အပင်ငယ်မျိုးဖြစ်ပါသည်။ မြေတွင် ထီးကဲ့သို့ ဖြန့်၍ ပေါက်သည်။ အရွက်ကလေးများမှာ ကြမ်း၍ အနည်းငယ် နီရောင် သန်းသည်။ အရွက်များဝိုင်း၍ မျက်နှာချင်းဆိုင် ထွက်သည်။ အပွင့်မှာ အညိုရောင်၊ ခရမ်းရောင်ရှိသည်။ မိုးတွင်း၌ အလွန် ပေါက်ရောက်ကြ ပါသည်။
*ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံတွင် နေရာအနှံ့ပေါက်ရောက်သည်။ အပူပိုင်းဒေသ နှင့်မြစ်ကမ်းပါးဒေသတို့တွင် ပေါက်ရောက်သည်။
**အာနိသင်**
ခါး၏။ အေး၏။ အစာကိုကြေညက်စေ၏။ အရွက်မှာ ခါး၏။ အစေ့မှာ အေး၏။ အဆီအစေးရှိ၏။ ချွဲ၏။
အသုံးပြုသည့်အစိတ်အပိုင်း
ပဉ္စငါးပါးလုံးသုံးသည်။
***အသုံးဝင်ပုံ***
ပိုးကိုပယ်တတ်၏။ အနာကိုကောင်းစေ၏။ ယားနာ၊ ရေငတ် နှာခေါင်းရောင်ခြင်း၊ နှလုံးကျဉ်းခြင်း၊ သမင်ဖြူ၊ ကြွေကျသောနတ် ဆီးနှင့်ပတ်သက်သော ရောဂါစသည်တို့ကို ပျောက်ကင်းစေသည်။ အားတိုးခြင်း ထက်မြက်ခြင်း သွေးကိုစင်ကြယ်စေခြင်းစသည်တို့ကို ဖြစ်စေ သည်။ တစ်ပင်လုံးမှာ နို့ရည်ကိုပွားစေတတ်သည်။ ကျွဲများအား မြက်အစား ကျွေးကြ၏။ ကျွဲ၌ နို့ကိုပိုထွက်စေသည်။ ထောပတ်နှင့် ရော၍ကို ပါက အမျိုးသမီးများမှာ နို့များစွာထွက်၏။ အမြစ်မှာမြစ်ချင်းပြီး အနေနှင့် သွေးကိုစင်ကြယ်အောင်ပြုလုပ်တတ်သော ဂုဏ်သတ္တိရှိ၏။ အင်္ဂလိပ်နှင့်မြန်မာ ဥပသကာအဖြစ် အစားထိုးသုံးနိုင်၏။ အစေ့ကိုကော်ဖီ စေ့အစား အသုံးပြုနိုင်သည်။ကန့်ကလာအပင်သည် သွေးသန့်စေသည်။ အားတိုးစေပါသည်။ အစာကြေ၍ ခွန်အားကိုဖြစ်စေသည်။
***အသုံးပြုပုံ***
၁။အမြစ်ပြုတ်ရည်ကို အားဆေးအဖြစ် အသုံးပြုသည်။ အမြစ်(၁)ဆ နှင့် ရေ(၁၀)ဆကိုပြုတ်ရည်ပြုလုပ်၍ အသုံးပြုနိုင်သည်။
၂။အပင်သည် နို့ရည်ကို ပိုမိုထွက်စေသည်။အစေ့ကို ကော်ဖီစေ့အစား(သို့) ကော်ဖီစေ့နှင့်အတူ ရောစပ်ပြီး အသုံးပြုနိုင်သည်။
၃။အဖျားပျောက်စနာလံထအခါ၌ ပျို့အန်နေပါက ကန့်ကလာပင်ကိုပြုတ်၍ ငါးပိရည် ငါးပိချက်နှင့်တို့မြှုပ်စားလျှင်နှုတ်မြိန်စေ၏။ အဖျားရောဂါဖြစ်စဉ်ဆေး အစာများလက်မခံဘဲပျို့အန်နေပါက ကန့်ကလာပဉ္စငါးပါးပင် (၁၁)ပင်မျှနှင့်ထန်းလျက်သေး၅ခဲထည့်ကျိုကာတစ်ဇွန်းချင်းသောက်ပေးခြင်းဖြင့် ပျို့အန်ခြင်းသက်သာပြီး အစာလက်ခံလာပါသည်။
၄။ ကန့်ကလာပဉ္စငါးပါးပြုတ်ရည်တွင် ဆားအနည်းငယ်ထည့်၍ သုံးခွက် တစ်ခွက်တင် ကျိုသောက်ပါက ချောင်းဆိုးရောဂါ ပျောက်၏။
၅။ကန့်ကလာပဉ္စငါးပါးပြုတ်ရည်တွင် ထန်းလျက်သင့်တော်ရုံထည့်ပြီး ၃ခွက်တစ်ခွက်တင်ကျို၍
တစ်နေ့လျှင်အကြမ်းပန်းကန်တစ်လုံးခန့် သုံးကြိမ်
တိုက်ကျွေးပေးပါကလေပူထခြင်းလေပျို့အန်ခြင်းကို သက်သာစေပါသည် ။