ကားတွေမှာ ဓာတ်ဆီနံ့တွေ ထွက်ထွက်နေတာ ကြုံဖူးပါလိမ့်မယ်။ အကြောင်းကတော့ အများကြီးရှိပါလိမ့်မယ်။ ထင်ရှားတဲ့ အချက်တွေကတော့…
- ဆီတိုင်ကီ ဆီထည့်တဲ့ အဖုံး Gas cap မလုံတော့လို့ ဆီငွေ့ပျံခြင်းဖြစ်ပါတယ်။ ဒါဆိုရင် ဆီအဖုံး အက်နေလား၊ seal ချောင်နေလား၊ အဖုံးမကြပ်တာလား စစ်ဆေးပြီး ပြုပြင်လိုက်ပါ။
- EVAP စနစ်မှ ဆီနံထွက်ခြင်း။ EVAPစနစ်ကတော့ ဆီတိုင်ကီထဲက ဆီငွေ့တွေကို ကာဗွန်မှုန့်တွေနဲ့ ဖမ်းပြီး အင်ဂျင်လေလိုင်းထဲကို ပြန်ထည့်ပေးခြင်းပါ။ ဆီငွေ့ အပိတ်အဖွင့်အတွက် Solenoid ဗားကိုအသုံးပြုပါတယ်။ ကာဗွန်ဗူး (Charcoal Canister) အက်ကွဲနေတာ၊ ပိုက်တွေမလုံတာ ဖြစ်နေရင်လည်း ဆီနံ့ထွက်ပါလိမ့်မယ်။
- အင်ဂျင် ဆီများနေခြင်း။ အများအားဖြင့် စက်စနှိုးတဲ့အချိန်မှာ ဆီနံ့ထွက်တတ်ပါတယ်။ အကြောင်းကတော့
အင်ဂျင်မှာ လိုအပ်တဲ့ ဆီပမာဏထက် များပြီးပေးနေလို့ပါ။
အဲ့လိုဖြစ်နေတာကတော့- အင်ဂျင် အအေးခံရေ ဆင်ဆာ Engine Coolant Temperature Sensor (ECT) မကောင်းတာ၊
- Fuel Injector အမြဲ ပွင့်နေတာ၊ ▫️လေဆင်ဆာ (MAF/MAP) များမကောင်းတာ၊
- အင်ဂျင် မီးတိုင်မင် မမှန်တာ၊ ▫️လေစစ် ညစ်ပတ်ပြီးပိတ်နေတာ၊
- O2 sensor မကောင်းတာ၊
- လေအဝင် အပူချိန်ဆင်ဆာ (IAT) မကောင်းတာ နဲ့
- ဆီဖိအား regular မကောင်းတာတို့ကြောင့်ဖြစ်ပါတယ်။
အဲ့ဒါဆိုရင် အိတ်ဇောမှာ အမဲမှုန့်တွေပါမယ်၊ ဆီစားမယ်၊ ပလတ်ဂ် မှာ အမဲဂျိုးတွေကပ်မယ်၊ အင်ဂျင် မီးသံထွက်ပြီး အဆွဲအရုန်းကျပါမယ်။
- အင်ဂျင် Misfire ဖြစ်ခြင်း။ ဆီနံ့ကတော့ အိတ်ဇောလိုင်းမှ ထွက်ပါမယ်။ အင်ဂျင်တွင်း မီလောင်ပေါက်ကွဲမှု အပြည့်အဝမရှိလို့ မလောင်ကျွမ်းလိုက်ရတဲ့ ဆီတွေ အိတ်ဇောကထွက်လာပါမယ်။
အကြောင်းကတော့ ပလက်ဂ် မကောင်းခြင်း၊ Head gasket နဲ့ ဗားတွေ၊ ရင်းတွေ မလုံခြင်းကြောင့်ဖြစ်ပါတယ်။ အင်ဂျင်လည်း နှိုးရခက်ပြီး Check engine light ပေါ်လာပါမယ်။ နောက်ဆက်တွဲအနေနဲ့ Catalytic Converter ပါပျက်စီးတတ်ပါတယ်။ - Fuel Injector ယိုစိမ့်ခြင်း။ ကားစက်စနှိုးချိန်နဲ့ အရှိန်တင်တဲ့ အချိန်တွေမှာ ဆီနံ့ထွက်ပါမယ်။ ဆီစားမယ်၊
အိတ်ဇော အငွေ့မြင်ရပါမယ်။ အင်ဂျက်တာမှာ ဆီတွေစိုနေတာ မြင်နိုင်ပါမယ်။ - နောက်ဆုံးအဖြစ်များတာတော့ ကားထဲမှာ ဆီနံ့တွေမွှန်နေတာပါ။ အာ့ဆိုရင်တော့ ဆီတိုင်ကီထဲက ဆီပန့်၊ ဆီစစ် နဲ့ ပိုက်စနစ် မကောင်းလို့ ဖြစ်နိုင်ပါတယ်။ နောက်ထိုင်ခုံအောက်မှာ ဆီပန့်ထိုင်ထားတဲ့ ကားတွေမှာ ပိုဆိုးပါမယ်။ အချို့ ဆီတိုင်ကီပန့် လဲလှယ်ပြီး ကောင်းကောင်းပြန်မတပ်ထားရင်လည်း ဆီခိုးထွက်ပါမယ်။
စာရေးသူကိုယ်တိုင်ကြုံဖူးတာကတော့ ဆီတိုင်ကီကြမ်းပြင်ကို အောက်နဲ့ ပွမ်းထားပြီး သံချေးတက်ကာ ဆီတိုင်ကီပေါက်စိမ့်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကားအောက်ပိုင်း ခြစ်မိရင် သေချာကြည့်ပါ။ အောက်မှာ တန်းတွေပါတာပဲ ဆီတိုင်ကီကို မထိဘူးမထင်ပါနဲ့။
Credit…