ပထမဆုံး ဆောက်လုပ်ခွင့်တင်ပြရပါတယ်။

မြေယာဌာနမှာ

  • ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်၊ အဲဒါလျှောက်ဖို့ က မြေကွက်ပိုင်ဆိုင်မှု အထောက်အထား (ဂရံ ၊ မြေပေးမိန့်)၊ ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ ဆောင်ပြီးကြောင်း ပြေစာ ( အဲဒါမပါရင် မရဘူး)။ သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်ပါ။ တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင် GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊ အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး။
  • လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
  • သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
  • စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
  • ဌာနက M/S တင် တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
  • ၁၀၅ /၁၀၆ အတွက် ငွေသွင်း
  • အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

၁၀၅ / ၁၀၆ ရရင် ဆောက်လုပ်ခွင့်အတွက်

  • အဆောက်အဦဌာနမှာ လျှောက်လွှာထုတ်
  • မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
  • လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
  • မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
  • မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
  • အနားလေးရပ် ထောက်ခံချက်ယူ
  • အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
  • အဆောက်အဦ Drawing (၃)စုံ
  • Drawing မှာ စည်ပင်က လိုင်စင်ရ အင်/ယာ လက်မှတ်ထိုးရတယ်။ လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။ (အခြား အင်/ယာ ထိုးလို့မရ)
  • ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
  • မြိုနယ်စည်ပင် EO က လက်မှတ်ထိုး ရုံးအပေါ်စာနဲ့ တင်
  • အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့် (Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
  • မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
  • ဌာနက M/S ရေး EC တင်
  • EC က ပြန်ကျရင် ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
  • Green Board ထုတ် မြေကွက်မှာကပ်
  • ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က အကြောင်းကြားရင် သွားထုတ်
  • တင်ပြထားတဲ့ Design အတိုင်း ဆောက်

၆ လ လောက်အကြာ အဆောက်အဦ ဆောက်ပြီးရင် ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

  • မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
  • ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
  • ယခင်က ငွေသွင်းချလံမိတ္တူ
  • လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
  • ပြီးစီးကြောင်း အတွက် ငွေသွင်း ( မပြီးသေးရင် Ex ထပ်တိုးတင်)
  • တစ်ပတ်စောင့် ကွင်းလာဆင်း
  • EC မှာ ပြန်တင် ဆောက်လုပ်ပြီးစီးကြောင်း
  • ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ အဝဝ ပြီးမြောက်၏။

#Credit_To_Original_Writer