အသက် ၄၅ နဲ့ ၆၀ ကြားဖြစ်တတ်တဲ့ ရောဂါများကို တစ်ခုချင်းစီခွဲပီးတင်ပြပေးထားပီးတော့ ကုသနည်းများကိုလဲတွဲတင်ပေးထားပါတယ်
===================
အရိုး
xxxxxxxxxxxxxxxxxx
အရိုးတွေ ချောင်လာတယ်။ ဒူးနာတတ်တယ်။ ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်။ ခါးဆစ်ရိုးတွေလည်း နာတတ်တယ်။ ချော်မလဲအောင် ဂရုစိုက်ပါ။ ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ် ။
ကြွက်သား
xxxxxxxxxxxxxxxxxx
ကြွက်သား အားမရှိတာ အမျိုးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက် အဖြစ်များတယ်။ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ ။
အကြော အဆစ်
xxxxxxxxxxxxxxxxxx
အကြော အဆစ် နာတတ်တယ်။ ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနာဖြစ်လွယ်တယ်။ (အကြောအားဆေး သောက်ပေးပါ။) ဦးနှောက် အာရုံကြောက ပိုအရေးကြီးတယ်။ အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။
အတွင်းကလီစာများ
xxxxxxxxxxxxxxxxxx
အသက်ကြီးလာတာနဲ့အမျှ ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။ နှလုံး ကျောက်ကပ် သရက်ရွက် သည်ခြေ အသည်း ညဖက်ဆီးခဏခဏ သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ်။ အများအားဖြင့် ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက်၅၀ ကျော် တွေ အဖြစ်များတယ် ။ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ အပူ အစပ်များစာလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ ။
နှလုံး
xxxxxxxxxxxxxxxxxx
နှလုံးစဖြစ်ရင် အသက်ရူမဝခြင်း၊ ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း၊ ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ကလည်း ညောင်းပြီး အကြောတက်တတ်တယ်။ အိပ်ရာထချိန် ဇက်ကြောတတ်တယ်။ လည်ပင်းညောင်းတတ်တယ်။ မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ့ ပေါ်တတ်တယ်။ နှလုံးမှာ ( အဓိကကြောက်ရတာ ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။ နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check သွားလုပ်ပါ။ အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။
အသည်း
xxxxxxxxxxxxxxxxxx
အသည်းပြဿ နာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ်။ ညာခါး အနောက်ဖက် ညောင်းနာမယ်။ ညာဖက်ပုခုံး ထုံးကျင်ညောင်းနာ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်ပါတယ် ။ အသည်းမကောင်းရင် ည ကောင်းကောင်း
အိပ်မပျော်ပါ ပါးစပ်ခါးပြီး သွားထွက်လွယ်တယ်။ အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်။ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်။ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်။ ခြေမခိုင်ဘဲ ချော်လဲလဝယ်တယ်။ ခြေလိမ်တတ်တယ်။ # အရက်သောက်များသူများက လျော့သောက်တာ နဲ့ အရေပြားယားရင် သတိထားပါ ။ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်။ # အရေပြား ခြောက်သွေ့ လာမယ်။ နှာခေါင်းထိပ်နီလာတယ်။ အသား လက်ဖဝါး မျက်လုံးအိမ်တွေ ဝါလာမယ်။ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး။ ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ်။ ( ခုပြောတာက Taiwan တရုတ်ဆေးနည်း ပညာနဲ့ ကြည့်နည်းပါ )
ကျောက်ကပ်
xxxxxxxxxxxxxxxxxx
ကျောက်ကပ်ပြဿနာကတော့ ခါးနာ ကြောနာ မလန်းဆန်းဘူး။ ခြေသလုံး ညောင်းလွယ်တယ်။ အားမရှိဘူး။ အသားရေး ယားယံတတ်တယ်။ ဆီးသွားရင် အမြှုပ်ထတယ် ဆီးမခိုင်ဘူး။ ခြေလက် အေးတတ်တယ် ခြေထောက်တွေ ရောင်လာတတ်တယ်။ အိပ်မကောင်းဘူး ခဏခဏနိုးတတ်တယ် အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး ။ ခြေသည်းခွံတွေ ကြမ်းလာတယ်။ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေး လာမယ် ကြမ်းပြီးထူလာမယ်။ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ။ အမြဲဆေးသောက်ပါ ဆီးချိုချိန်ပါ။ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ် မတက်နိုင်ရင်လည်း မှုးတတ်တယ်။ သွေးပေါင်ကျလည်း မူးတတ်တယ်။ ကျောက်ကပ်ကို အထူးဂရုစိုက်ပါ ။
သရက်ရွက်
xxxxxxxxxxxxxxxxxx
သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက် တတ်တယ်။ လည်ပင်း ဇက်ကြော တက်လွယ်တယ်။ ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်။ အစာချေဖျက်မှု ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်။ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့ ။ အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်းကြောင်းကို ထိပြီး သွေးယိုတတ်တယ်။ ဝမ်းသွား သွေးပါရင် သတိထားပါ ( သွေးရောင်နီ တာက လိပ်ခေါင်းကြောင်းဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး (သို့) ပေါက်ပြီးဖြစ်တတ်တယ်။ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကို အမြဲကြည့်ပါ ( ရှောကနဲ့ အဖြောင့်လိုက်သွားပြီး ဖင်မကပ်ရင် အကောင်းဆုံးပါ – ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ ) တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ့ ပန်းတာမျိုးက အပူတွေ ထုတ်ပြစ်တာ ကြောက်စရာမလို ကောင်းတယ် တစ်ရက်လုံး ပန်းရင်တော့ ဝမ်းလျောပြီ ( စကားပုံရှိတယ် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဆိုတာ )
အူမကြီး
xxxxxxxxxxxxxxxxxx
အူမကြီးမကောင်းရင် ပါးစပ်ခါးပြီး တချိန်လုံး ရေသောက် ရေငတ်တတ်တယ်။ နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်။ သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်။ လည်ပင်းရောင် ဖောင်းတတ်တယ်။ တော်ရုံ အနည်းငယ်လေးတာတောင် အလေးမ မနိုင်ပါ ။ ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်။ (အပူများတဲ့သဘော) ဝမ်းချုပ်ရင် ခါးလည်းတခါတလေ နာတတ်တယ်။ အူမကြီးက ဝမ်းနဲ့ဆိုင်တယ်။ ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပတ် ၂ စွဲနေတယ် လူတွေက အစာတွေ စုံအောင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့ နည်းနည်းစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေး ကနေ ကင်ဆာဖြစ်သွားတယ်။ အစာအိမ်ကနေ အူနံရံပါး အနာဖြစ်ပြီးသွေးယိုလဲ ကြာရင် ကင်ဆာဖြစ်တတ်တယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်။ ( အစာမခံဘဲ ဗိုက်ဆာရင်စားပါ ) အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့။ အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ။ နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ။ ( တခါတည်း အများကြီးမစားပါနဲ့ ) တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး။ ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿနာ မရှိပါ ။ သို့သော် ဘယ်လောက်စားစား ( သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအားမကောင်း တော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး။ (ဆရာဝန်နဲ့ သေချာပြပါ)။ ဂေါက်ရောဂါရှိရင် ဘီယာနဲ့ မတည့်ပါ။ ရေချိုးရင် မချော်တတ်တဲ့ ဘိနပ်စီးပြီးချိုးပါ။ ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တယ်။ ချော်လဲကျလွယ်တယ်။ အသက်ကြီးရင် အရိုးတွေက wrak ဖြစ်နေပြီး အရိုးအားဆေးစာပါ ချော်မလဲကျပါစေနဲ့ ။
အသက် ၄၀ အရွယ်လုပ်သင့်သည့်အချက်များ
xxxxxxxxxxxxxxxxxx
# နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
# ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်းလုပ်ပါ။ နောက်ပိုင်း မှန်မှန်လမ်းလျှောက်ပါ ။
# ကယ်လ်စီယမ်းနဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ။ စိတ်ဖိစီးမှုကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ ရောဂ တရားထိုင် အသပ်ရူသွင်း
ထုတ်တဲ့ နည်းများလုပ်ပါ ။ ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်။ စိတ်ခံစားမှု အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။ အဖော်နဲ့ ခရီးထွက်ပေးပါ။ သူငယ်ချင်းများနဲ့ တွေ့ဆုံပြီး စိတ်ဖိစီးမှုလျော့ပါ။ ပုံမှန် ကျန်းမာရေး စစ်ဆေးမူကို ခံယူပါ ။
အသက်ကြီးသူများလိုက်နာရန်
xxxxxxxxxxxxxxxxxx
မျောက်လို လှုပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနဲ့
# မျောက်လိုလှုပ်ရှား အသက်ကြီးလာလျှင် လှုပ်လှုပ်ရှားရှားနေပါ လှုပ်ရှားမူ မရှိပါကအကြောများဆိုင်း၍ လူပမာဖြစ်တတ်သည် ။
# ကြောင်လိုစား လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေညက်စေနိုင်သည် တကြိမ်တည်း များစွာ မစားရ ။
# နွားလိုရေသောက် ဆီး ဝမ်းမှန် စေရန်အတွက် ရေကို များများသောက်ပေးပါ ။
# လိပ်လိုလျှောက် အသက်ကြီးလျှင် အရိုးအဆစ်မျာ မသန်မာသည့်အတွက် သွားလာလှုပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ ။
# တုတ်ထောက်မပျင်းနဲ့ အရိုးအဆစ်များ မသန်မာ အသက်ကြီးသူများ တုတ်ကောက် ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည်။ မိမိကိုယ်ကိုလဲမကျအောင် တုတ်ကောက်က အကူရသည် ။