ငါးတန်ခေါင်းနဲ့ချက်ပါတယ်
ငါးခေါင်းတွေကို ဆား၊ နနွင်းမှန့်၊ ငံပြာရည်၊ ငရုတ်သီးအရောင်တင်မှုန့်တို့နှင့် နယ်ထားပါ။ မျှစ်ချဉ်ပါးပါးလှီးထားပါ။ ငုံးဥပြုတ်၊ ပဲပြား၊ ခရမ်းချဉ်သီး၊ ရှမ်းနံနံတွေထည့်ချက်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ထောင်းထားပါ။ စပါးလင်ပါးပါးလှီးထားပါ။ စချက်မယ်ဆို ထောင်းထားတဲ့ကြက်သွန်တွေကို ဆီနည်းနည်းနဲ့ဆီသပ်ပါ။ စပါးလင်တွေပါ ထည့်သပ်ပါ။ ဆီသပ်နွမ်းရင် ငါးခေါင်းတွေထည့် ရေထည့်ချက်ပါ။ မျှစ်ချဉ်တွေထည့်၊ ငံပြာရည်၊ ဆား၊ အရသာမှုန့်ထည့်ပြီး ပွက်ပွက်ဆူအောင်ချက်ပေးပါ။ ပြီးရင် ခရမ်းချဉ်သီး ငုံးဥပြုတ် ပဲပြားတို့ထည့်ချက်ပါ။ နောက်ဆုံးမှ ရှမ်းနံနံနှင့် ငရုတ်သီးစိမ်းအုပ်ပါတယ်။ ဒါဆိုစားလို့ရပါပြီ။ ချဉ်စပ်အရသာလေးပါ။
#credit