Home HEALTH ဖြူကောင်၏ ဆေးဖက်ဝင် အစွမ်းများ

ဖြူကောင်၏ ဆေးဖက်ဝင် အစွမ်းများ

4

(ကျန်းမာရေး ဗဟုသုတ)ဖြူအစာအိမ် အမြစ်ပေါင်းတစ်ထောင်။ ပျားရည် ပန်းပေါင်းတစ်ထောင်။

မျောက်မျက်ကွင်းဖြူ အမှီးရှည် (မျောက်ချီခါး)
အညွှန့်ပေါင်းတစ်ထောင်။ ဆေးဖက်တွင် လွန်စွာအရေးပါ အရာရောက်ပါ၏။

ဖြူအစာအိမ်က အမြစ်ပေါင်းတစ်ထောင် ဆိုသလောက် အမြစ်ပေါင်း တစ်ထောင်စားသုံးပြီး အလွန်ခါးပါသည်။ ကင်ဆာရောဂါအတွက် ကာကွယ်ဆေးအဖြစ် အသုံးပြုကြသည်။

ဖြူဆူးတောင် ဆေးအစွမ်းမှာ—

မီးဖွားရခက်သည့် မိခင်၏ ဆံထိုးတွင် ဖြူဆူးထိုးပေးထားပါက ကလေးမီးဖွားရ လွယ်ကူသည်။

ဖြူဆူးဆောင်ထားလျှင် မကောင်းသော အတတ်ပညာများဖြင့် ပြုစားနှောက်ယှက်၍ မရပါ။

ဒူးနာ၊ ခါးနာ ဇက်ကြောတက်ပါက ဖြူဆူးနှင့် အသာထိုးပေးပါက လျှင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်။ မြန်မာ့ဆေးဖက်ဝင်စာအုပ်မှ ကူးယူဖေါ်ပြပါပေးပါသည်။
#crd