လွန်ခဲ့သော နှစ် ၂၀ နီးပါးကထဲက ရခဲ့သော ဆေးနည်းဖြစ်ပါသည် အပြင်းအထန် လေ့ကျင့်ခဲ့ကြသော အားကစားသမားများတွင် sport injury တစ်ခုမဟုတ် တစ်ခု ရတတ်ပါသည် ကျွန်တော့်တွင်လည်း ခါးနာခြင်း နှင့် ဒူးနာခြင်း ရခဲ့ပါသည် ။
အားကစားမလေ့ကျင့်သူများလည်း ဒူးနာခါးနာ အရိုးအဆစ်များ အကြောင်းအမျိုးမျိုးနှင့်နာတတ်ပါသည် ။
ကျွန်တော့ ခါးနာခြင်းက အမြဲတမ်းမနာဘဲ အကြောင်းအကျိုး မသင့်သည့်အခါ အိပ်ယာထဲလှဲနေရသည်အထိနာပီး သက်သာသွားလျှင် မနာတော့ပါ ။
ဒူးနာခြင်းကတော့ ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါသည် ဤဆေးနည်းရခဲ့သည်မှာ ဆယ်စုနှစ်ချီခဲ့ပီဖြစ်သော်လည်း အသုံးမပြုဖြစ်ခဲ့ဘဲ အခြား မြန်မာ နိုင်ငံခြားလိမ်းဆေး ပေါင်းစုံလိမ်းခဲ့ပါသည် နာနေသည့် ဒူးဆစ်အရိုးတွင် ဆရာဝန်ဖြင့်ဆေးထိုးခြင်းကိုပါ ပြု လုပ်ခဲ့ပါသည် ။
ဘယ်ဆေးနည်းကမျှ မသက်သာမပျောက်ကင်းခဲ့ပါ ။
ဤဆေးနည်းရခဲ့သည်မှာ ကြာမြင့်လှပီဖြစ်သော်လည်း မထိုက်သေးသဖြင့် အသုံးမပြု ဖြစ်ဘဲ ရောဂါကိုမွေးမြူ လာခဲ့သည်မှာ ဒူးတဖက်ယောင်ကိုင်းပီးကွေးဆန့့်မကောင်းတော့ပါ ။
ဆယ်စုနှစ်ကျော်ကြာပီးမှ အသုံးပြု ပီးသက်သာပျောက်ကင်းခဲ့သဖြင့် ဝေဒနာခံစားခဲ့ရသည့် ကုန်လွန်ခဲ့သောအချိန်များကို နှမြောမိပါသည် ။
အစွမ်းထက်လှသော ဤဆေးနည်းကို နာကျင်ကိုက်ခဲမှုအမျိုးမျိုးဖြစ်ကြသော ဆွေမျိုး မိတ်ဆွေ တပည့်သားသမီးတို့ကို ပေးခဲ့ပါသည်။
ဆေးနည်းကတော့ သနပ်ခါးသွေးသည့် ကျောက်ပြင်ပေါ်တွင် ဆိတ်ရိုး ကိုသွေးပါ ။
ထွက်လာသည့် ဆိတ်ရိုးအပေါ်တွင် နှမ်းလုံးကြိုင်မြစ်ကို သမသွားအောင် သွေးပါ ။ ရလျှင် နာကျင်ကိုက်ခဲသည့်နေရာကို အသားထဲစိမ့်ဝင်သွားသည်အထိ မိနစ်၃၀ ခန့် အထပ်ထပ်အခါခါ လိမ်းပါ ။
လိမ်းပီးပီးချင်းပင် သိသိသာသာ ဝေဒနာသက်သာပါလိမ့်မည် ။ သတိပြု ရန်မှာ ဆိတ်ရိုးကိုမနဲပါစေနှင့် မိနစ် ၃၀ ခန့်အချိန်ယူပီးအထပ်ထပ်အခါခါလိမ်းပါ။ နှမ်းလုံးကြိုင်မြစ်ကို ဘယဆေးဆိုင်များတွင်ဝယ်၍ရပါသည် ။
ဤဆေးနည်းကို ဒေါက်တာအောင်နိုင် (ဆေးသုတေသန)ပြုစုသော ပွဲတွေ့ တိုင်းရင်းမြန်မာဆေးနည်းများစာအုပ်မှရရှိခဲ့ပါသည် ။
#မှတ်ချက်
( နှမ်းလုံကြိုင်အမြစ်မှာရှာရခက်ပါသည် )
အထက်ပါဆေးလိမ်းရမည့် နည်းအတိုင်း နှမ်းလုံးကြိုင်မြစ်မရှိပါလျှင် ……
#သက်ရင်းကြီး အမြစ်နှင့် ဆိတ်ရိုးကို လိမ်းပေးပါ ။
[…ဆေးသွေးရာတွင် ရေအစား သံပုရာသီးကိုညှစ်ပြီးအသုံးပြုပါက အရိုးအကြောအတွက်ပိုမိုပြီးအကျိုးများပါသည် ] ဒူးနာ ခါးနာ အရိုးအဆစ်နာ ရောဂါများ သက်သာပျောက်ကင်းခဲ့သော လက်တွေ့ဆေးနည်းဖြစ်သဖြင့် မေတ္တာဖြင့် မျှဝေလိုက်ပါသည် ။
#crd to original uploader