Home မုန့်လုပ်နည်း ထမနဲ လုပ်နည်း

ထမနဲ လုပ်နည်း

4

ပါဝင်ပစ္စည်းများ (၂ပွဲစာ)
-ကောက်ညှင်းဆန်၂လုံး( ဆန်ချိန်ခွက်)
-အုန်းဆံဖတ် လက်တဆုပ်စာ
-နှမ်းဖြူ၁ဇွန်း၊ နက်၂ဇွန်း( စားပွဲတင်)
-မြေပဲ လက်တဆုပ်စာ
-ဂျင်းတတတ် (၃လက်မခန့်)
-ဆီ၁ခွက်ခွဲ( ဆန်ချိန်ခွက်)
-ဆား ၂ဇွန်း(အချိုဇွန်း)
-ရေ ၁လီတာ

ကောက်ညှင်းဆန်ကို တညရေစိမ်ထားပါတယ်။ ထမနဲမထိုးခင်၂နာရီခန့်ရေစစ်ထားပါ။ မြေပဲကို လှော်ပြီး တဝက်ကိုညက်အောင်ထောင်းပြီး ထဝက်ကိုလေစိတ်ကွဲထောင်းထားပါ။ နှမ်းကို လှော်ထားပါ။ ဂျင်းကိုရှည်ရှည်အချောင်းလေးများပါးပါး လှီးထားပါ၊

အားလုံးအဆင်သင့်ပြီဆိုရင် ဆီပူတည်ပါ ။ အုန်းဆံဖတ်ကို ညိုအောင်ကြော်ပြီး ဆယ်ထားပါ။055

ပြီးရင် ဂျင်းကိုကျွတ်လာအောင်ထဲ့ကြော်ပါ။ ကျွတ်လာရင် မွှေးလာရင် ရေစစ်ထားသော ဆန်ကိုထဲ့ကာ ၅မိနစ်ခန့်မွှေပေးနေပါ။ ဆားထည့်ပါ။ ကောက်ညင်းဆန်က ဆီနဲ့လုံးသွားပြီး နည်းနည်းကော့လာပါမယ် ရေကို လီတာဝက် ခန့်ထည့်ပြီး အဖုံးဖုံးထားပါ။

မီးမျင်းမျင်းထားပါ။ ၅-၆မိနစ်လောက် ဆိုရင် ဆန်ပျော့လာပါမယ်။ သစ်သားယောင်းမလေးနဲ့ မွှေပေးပါ။ မွှေတဲ့အခါ ကျန်တဲ့ရေလီတာဝက်ကို ဖြေးဖြေးချင်းမွှေလိုက်ထဲ့လိုက် လုပ်သွားပါ။ အဲဒီအချိန်မှာ ညက်အောင်ထောင်းထားတဲ့ မြေပဲကိုထဲ့ ထိုးပါ အရသာအလွန်ရှိပါတယ်။ မြေပဲအချိုဓာတ်လေးသမအောင် ရောလိုက်တဲ့သဘောပေါ့။
ကောက်ညင်းက နူးအိလာပြီဆိုရင် ကြော်ထားတဲ့အုန်းသီးထည့်၊ နှမ်းထည့် မြေပဲဆန်အခြမ်းကွဲလေးများထည့်ပါ။

အဲဒီအချိန်ကစပြီး နောက်ယောင်းမလေးတချောင်းနဲ့ ၂ချောင်းကို လက်၂ဖက်စုံကိုင်ပြီး သမအောင်မွှေရပါတယ်။ အဲဒီနောက် ၁၀မိနစ်ခန့်တော်တော်လေးထိုးပြီး ကောက်ညှင်း လုံးပြီးဆီပြန်လာရင် မွှေးလာရင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ထမနဲလေး ရပါပီ။
#crd