**ဆီးဖြူသီးသည် တြိဖလ သုံးပါးဖြစ်သော ဆီးဖြူ၊ဖန်ခါး၊သစ်ဆိမ့် တွင် ပါဝင်ပြီး ရသာယန ဆေး ဖြစ်သည်။
Botanical name-Phyllanthus -emblica L
Synonym name-Emblica officinalis Gaertn .
Family name- Phyllanthaceae
English name -Indian gooseberry

Habit – Deciduous tree
Medicinal parts -Fruits
Medicinal effects – Anti-diabetic, (scurvy),
anti-tumour, anti-inflammatory,
Anti-microbal, immunomodulatory,
Lower uric acid

*ပုံသဏ္ဌာန် *
အပင် ရွက်ကြွေပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ ခန့်အထိမြင့် ၍ပင်စည်တွင် အညိုရောင် အမွေးခေါက်များရှိသည်။ကိုင်းဖြာသည်။ အရွက် ၂-ခါ ငှက်မွေးရွက်ပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။
ရွက်မြွှာ များ ၅ဝ-၆ဝ ခန့်ထိ ပါရှိ၍ သေးငယ်ပြီး မျက်နှာချင်း ဆိုင်ခပ်စိပ်စိပ်ထွက်၏။
အပွင့် စိမ်းဝါရောင်ဖြစ်သည်။ အဆုပ်လိုက်ပွင့်၍ သုံး၊ တ တွင် ပွင့်သည်။
အသီး ပြောင်ချော၍ အဝါနုရောင်ရှိသည်။ အသားဟူ၍ အမြောင်း ၆ မြောင်းရှိသည်။ အစေ့တစ်ခုသာပါ သည်။ တပေါင်း၊ တန်ခူးတွင် သီးသည်။
**ပေါက်ရောက်သည့်ဒေသ**
မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ပေါက်ရောက်သည်။ အထူးသဖြင့် အထက်မြန်မာပြည်နှင့် သမအအေးပိုင်းဒေသတွင် အမြောက်အမြား ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက် ပေါက်ရောက်သည်။
***အာနိသင် ***
မြန်မာ့ဆေးကျမ်းများအလိုအရ ဆီးဖြူသီးသည် ချို၊ ချဉ်၊ ဖန် ခါးသော အရသာရှိ၏။ အေး၏။ အစာကို ကြေကျက်စေ၏။ဝမ်းမီး တောက်စေ၏။ ဒေါသသုံးပါးကို နိုင်၏။ သွေးကိုဖြစ်စေ၏။ အပူ ကို ငြိမ်းစေ၏။
အသုံးပြုသည့်အစိတ်အပိုင်း
အသီး၊ အရွက်၊ အစေ့
***အသုံးပြုပုံ***
အသီး
၁။ဆီးဖြူသီး သည် အသက်ကိုရှည်စေ၏။ ချောင်းဆိုး၊ ပန်းနာ၊ လေနာတို့ကို ပျောက်ကင်းစေ၏။
၂။သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကိုထောင်း၍ အရည် ညှစ်ယူပြီး သံပရာရည်နှင့်သောက်လျှင် ချက်ချင်း သက်သာ ပျောက်ကင်း၏။
၃။ဆီးဖြူသီးအခြောက် (သို့) အစိုကိုသွေး၍ သံပရာရည် အနည်းငယ် ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်ပေါ်တတ် သော ယားယံနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကို လိမ်းပေးက ပျောက်၏။ ကိုယ်ခန္ဓာ၏ ခုခံအားကို မြင့်တက်စေ၏။
၄။ဆီးဖြူသီးအခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊သကာရည် နှင့် နယ်စားပါက ဆီးပုပ်ရောဂါပျောက်၏။
၅။ဆီးဖြူသီးခြောက်ကို ငရှဉ့်သားနှင့် ချက်စားပါက ဒူလာသွေးဝမ်းကျရောဂါ ပျောက်၏။
၆။ဆီးဖြူသီးကို အညက်ကြိတ်၍ ထိပ်ကအုံပေးပါက နှာခေါင်း သွေးလျှံခြင်းပျောက်၏။
၇။တောဆီးဖြူ(သို့) တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါပြုတ် သောက်ပါကဆီးချိုရောဂါဖြစ်ခါစကိုသက်သာ၏။
အရွက်
၈။အရွက်ကို ရေနှင့် ၃-ခွက်တစ်ခွက်တင်ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်းပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီးကမ်းပြိုခြင်းများ တစ်ခဏချင်း ပျောက်၏။
၉။ဆီးဖြူသီးရွက်နုများကို ဆန်ပုံးရည်ဖြင့် တိုက်ကျွေးခဲ့သော် အစာမ‌ကြေခြင်းဝမ်းသက်ခြင်းများ ပျောက်ကင်း၏။
၁၀။ဆီးဖြူရွက်ကို ကျွမ်းအောင်လျှော်ပြီး အုန်းဆီနှင့်ရော၍ကလေး များ၌ ဖြစ်တတ်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏။
၁၁။မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီးဖြူးပေးလျှင် သက်သာ၏။
အစေ့
၁၂။အ‌စေ့ကို ထုတောင်းပြီးလျှင် ရေနွေးနှင့် ပြုတ်၍ မျက်စိကိုဆေးကြောပေးသော် မျက်စိ၌ဖြစ်တတ်သော ရောဂါများ ပျောက်ကင်း၏။
#crd