Home COOKING ဘဲကင်နည်း

ဘဲကင်နည်း

2

ပါဝင်ပစ္စည်းများ – ဘဲကင်

ဘဲ
ရှာလကာရည် – စတီးဇွန်း ၁ ဇွန်း
ပဲငံပြာရည် – စတီးဇွန်း ၁ဇွန်း
သကြား – စတီးဇွန်း ၁ ဇွန်း
ဆား
မန်ကျည်းသီးစေ့ခန့်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
5 Spice Powder – အနည်းငယ်
ပဲငံပြာရည်အနောက် – လက်ဖက်ရည် ဇွန်းတစ်ဝက်
အကင်ရည် – စတီးဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
=======

ဘဲကို ရှာလကာရည် စတီးဇွန်း ၁ ဇွန်း ၊ ပဲငံပြာရည် စတီးဇွန်း ၁ဇွန်း နဲ့ ရေမြုပ်ရုံထည့်ပြီး တဖက်ကို ၁၅ မိနစ်နဲ့ နာရီဝက် ပြုတ်ပါ ။
၁၀ မိနစ်လောက် အအေးခံပြီး အရသာရည်နဲ့ အနှံသုတ်လိမ်းပြီး နာရီဝက်လောက် နှပ်ထားပါ ။
အရသာ အရည်အတွက် ရှာလကာရည် စတီးဇွန်း ၁ ဇွန်း ၊ ပဲငံပြာရည် အကြည် စတီးဇွန်း ၁ ဇွန်း ၊ သကြား စတီးဇွန်း ၁ ဇွန်း ၊ ဆား၊ မန်ကျည်းသီးစေ့ခန့် ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ၊ 5 Spice Powder အနဲငယ် ၊ ပဲငံပြာရည်အနောက် လက်ဖက်ရည် ဇွန်းတစ်ဝက် ၊ အကင်ရည် စတီးဇွန်း ၁ ဇွန်း အားလုံး အရည်ပျော်အောင်ဖျော်ထားပါ။

နာရီ ဝက် နှပ်ပြီးရင် Oven မှာ 175 Degree နဲ့ တဖက်ကို နာရီဝက်ကင်ပြီး အခြားတဖက်ကို မိနစ်၂၀ ခန့် ကင်ပါ။

တဖက်မလှန်ခင် ကျန်တဲ့ အရည်ကို သုတ်လိမ်းပေးပါ။
အသားလဲနူး အရေခွံလဲကျွတ်အောင် ကင်ချိန်က စုစုပေါင်းမှ ၂နာရီ ပဲ ကြာပါတယ် ။

#Credit to original upload