Home HEALTH ပန်းသီးရှာလကာရည် (Apple cider vinegar)

ပန်းသီးရှာလကာရည် (Apple cider vinegar)

3

Organic unfiltered with the Mother က အကောင်းဆုံး ဖြစ်ပါတယ်။

၁။ ဗီတာမင်ဓာတ်တွေ ပါရှိခြင်း
(Vitamin A, C, E, B1, B2, B6)

၂။ သတ္တုဓာတ် မျိုးစုံ ပါဝင်ခြင်း
(Calcium, Chromium, Copper, Iron, Magnesium, Manganese, Phosphorus, Potassium, Selenium, Sodium, Zinc)

၃။ အမြှင်ဓာတ် (Fiber) ပါဝင်ခြင်း

၄. The Mother ဆိုတာ pure unfiltered apple cider vinegar မှာ ပါပါတယ်။
ဒီ Mother ထဲမှာ ပါတာတွေကတော့ amino acids တွေ၊ digestive enzymes (အစာချေဆေး) နှင့် အာဟာရဓာတ်များ ပါပါတယ်။ သူတို့တွေဟာ bacteria, fungus ပိုးမွှားတွေကို သုတ်သင်ပေးနိုင်သလို၊ ခန္ဓာကိုယ် ရောင်ကိုင်းခြင်းကိုလဲ သက်သာစေနိုင်ပါတယ်။

၁။ အစာ မစားခင် ၁၅ မိနစ်လောက် အလိုမှာ သောက်ရင် အစာကြေစေပါတယ်

၂။ အရိုးအဆစ်တွေ ကိုက်ခြင်း၊ အသားတွေ နာခြင်းကိုလည်း သက်သာစေပါတယ်။

၃။ ခန္ဓာကိုယ် ခုခံအားကိုလည်း အားရှိစေပါတယ်။
နေမကောင်းတဲ့အခါ တစ်နေ့ကို သုံးကြိမ်လောက် သောက်ပေးနိုင်ရင် ကောင်းပါတယ်။

၄။ လည်းပင်း အကြိတ်တွေ ရောင်တတ်သူများအတွက်လည်း ကောင်းတယ်လို့ ပြောပါတယ်။
(swollen lymph nodes)

၅။ သည်းချေ ကျောက်တည်သူများ ၊ ကျောက်ကြောင့် ဗိုက်နာနေသူများ အတွက် ကောင်းတယ်လို့ ပြောပါတယ်။
သည်းချေကျောက် ကြေစေချင်ရင်
pple cider vinegar 2 teaspoon နဲ့ lemon juice 1 teaspoon ရောပြီး မနက် အိပ်ယာက နိုးနိုးချင်း၊ အစာ မစားမီ သောက်ရမှာ ဖြစ်ပါတယ်။

၆။ ထိတ်ခပ်နာ ရှိသူများ (Sinus infections)
apple cider vinegar ½ cup နဲ့ ရေ ½ cup ရောပြီး ဆူလာတဲ့ အထိ တည်ပြီး အဝကျယ် ဖန်ဘူး တစ်ခုထဲ ထည့်ပြီး အငွေ့တွေကို ရှူပေးရပါတယ်

၇။ ကြို့ ဆက်တိုက် ထိုးနေတာကိုလဲ ပျောက်စေပါတယ်တဲ့ (Hiccups)

၈။ ပွေး ပေါက်နေတဲ့ နေရာကို တို့ရင်လဲ ပျောက်ကင်းနိုင်ပါသတဲ့။

၉ ။ ကျောက်ကပ်မှာ ကျောက်တည်နေတာကို ကြေစေနိုင်တယ်လို့လဲ ပြောပါတယ်။

၁၀။ အသည်းမှ အဆိပ်တွေ ထုတ်ရာမှာလည်း ကောင်းပါသတဲ့။

လဖက်ရည်ဇွန်း ၂ ဇွန်းကို ရေ ၈ အောင်စ (ငါးကြင်းဖန်ခွက် တခွက်) နဲ့ ရောပြီး သောက်ပါ။ သွားတွေကို မထိအောင် ပိုက်နဲ့ စုပ်သောက်ပါ။

အရည် မသောက်ချင်သူတွေအတွက် ဆေးလုံး (tablet) သောက်လို့ ရပါတယ် တခါသောက် ၁ လုံး (သို့) ၂ လုံး တနေ့ ၂ ကြိမ် ထမင်းစားပြီး သောက်ကြပါတယ်

#Crd