Home GENERAL အုန်းရည် သောက်ခြင်းအကျိုး

အုန်းရည် သောက်ခြင်းအကျိုး

3

(၁)
ကိုယ်ခံအားကောင်းလာမယ်။
အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။

(၂)
အားပြည့်လာမယ်။
တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။

(၃)
ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။
သင့်ခန္ဓာကိုယ်အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။

(၄)
အစာခြေစနစ်ကောင်းလာမယ်။
သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။

(၅)
ဝိတ်ကျလာမယ်။
အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။

(၆)
ခေါင်းကိုက်သက်သာစေတယ်။
လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၇)
ငယ်ရွယ်နုပျိုစေတယ်။
အချိန်ကြာကြာ သောက်လာတာနဲ့အမျှ အသားအရေ ပြောင်းလဲမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်နုပျိုခြင်းကိုလည်း ဖြစ်စေပါတယ်။

သာမန်ရိုးကျ သွေးပေါင်ကျ သွေးအားနည်း ရောဂါများနှင့် နလံထ လူမမာ သွေးလွန်တုတ်ကွေး နောက်ဆက်တွဲ ဆိုးကျိုး အဖြစ် တကိုယ်လုံး ညောင်းညာ ကိုက်ခဲခြင်း ဝေဒနာ များအတွက်

အုန်းသီးနုရည် တစ်လုံး နှင့် သီးစုံဓာတ်ဆား တစ်ထုပ် ရောဖျော် သောက်ပါ က

ကမ္ဘာ့ အကောင်းဆုံး
သွေးအားဖြည့် သက်စောင့် အဟာရ ဓာတ် နတ်ဆေးတစ်ပါးပဲ။

crd