မုန့်ပေါင်း ပူပူ ချိုချိုလေး
ပါဝင်ပစ္စည်းများ
————————
၁။ဆန်မှုန့်-၆ ဇွန်း
၂။ကောက်ညှင်းမှုန့်-၂ ဇွန်း
၃။ဆား-လက်ဖက်ရည်ဇွန်း တစ်ဝက်
၄။ရေနွေး-၄ ဇွန်းခန့်
၅။ထန်းလျက်-၄ ခဲ
ပြုလုပ်နည်း
——————
– ကောက်ညှင်းမှုန့် ဆန်မှုန့်နဲ့ ဆားကို နှံ့အောင်မွှေပေးပါ
– ရေနွေးကို တစ်ဇွန်းစီထည့်လိုက် နယ်လိုက် လုပ်ပေးပါ
– ဆန်မှုန့်အခဲလေးတွေကို လက်နဲ့ဆုပ်ချေပြီး ဇကာစစ်ချလို့ ရရင် ရပါပြီ
– (ဒီနေရာမှာ ရေက အတိအကျကြီး မလိုပါဘူးနော် လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်)
– ဆန်မှုန့်အခဲလေးတွေကို ဇကာတိုက်ချပါ
-အစာအတွက် ထန်းလျက်ခဲလေးတွေကို မကြေ့တကြေထောင်းပါ
– ပေါင်းမယ့်ခွက်လေးတွေကို ဆီလေးနည်းနည်းသုတ်ပါ
– ဇကာတိုက်ထားတဲ့ အမှုန့်တစ်ဇွန်းအရင်ထည့်ပါ ပြီးရင် ထန်းလျက်ထောင်းထားတာ တစ်ဇွန်းထည့်ပါ
-အပေါ်ကနေ အမှုန့် နှစ်ဇွန်းခန့် အစာမြုပ်အောင် ထည့်ပါ
– ကဲ အမှုန့်လေးတွေ ကုန်အောင် တစ်ခွက်ပြီးတစ်ခွက် ထည့်ပြီးရင်တော့ ရေနွေးဆူဆူမှာ ၁၀ မိနစ်ပေါင်းပေးပါ
#crd