Home HEALTH လက်တွေ့သွားရောဂါအတွက်ဆေးတစ်လက်

လက်တွေ့သွားရောဂါအတွက်ဆေးတစ်လက်

5

သွားနာ၊သွားကိုက်၊သွားယိုင်၊သွားဖုံးနာ သွားသွေးယိုစိမ့်ခြင်း အတွက်

စိတ်ညစ်ဖွယ်ကောင်းအောင် သွားကိုက်၊သွားနာခြင်းကြုံရ၏။ သွာဆေးခန်းမကြာခဏသွားရသောကြောင့်သွားဆရာ၀န်နှင့်ပင် ဖောက်သည်ဖြစ်ရကာ ရင်းနှီးခင်မင်နေတော့သည်။ဖြစ်လေတိုင်း အင်္ဂလိပ်ဆေးကစွမ်းပါဘိ။ သွားနုတ်၊သွားဖါ၊ဆေးထိုး ၊ ဆေး သောက်ဖြင့် သက်သာပျောက်ကင်းရသည်သာ။

မကြာမီ သွားကိုက်၊သွားနာပြန်ဖြစ်ပြန်သည်။ မြန်မာတိုင်းရင်းဆေးနည်းလေးများကို အထင်မသေးမိရန် အကြောင်းတစ်ခုဖန်လာသည်။ ထိုသည်က မန်ကျည်းစေ့ခွံနှင့် ကျောက်ချဉ်သာဖြစ်တော့၏။

မန်ကျည်းစေ့အရင့်အစေ့(၃၀)ကို ဒယ်အိုးတွင်ထည့်၍ မီးဖြင့် ကျွမ်းအောင်လှော်လိုက်ပြီး မန်ကျည်းစေ့၏အစေ့ခွံယူရ၏။ မန်ကျည်းစေ့အတွင်းသားအဖြူကို မသုံးရပါ။ မန်ကျည်းစေ့အခွံအကျွမ်းလှော်ကိုအမှုန့်ပြု၍ထားပါ။ထိုနောက် ကျောက်ချဉ်(၁)မတ်သားတိတိကို ခွက်ငယ်တစ်ခုတွင်တင် ၍မီးဖုတ်ပါ။ ငါးမှုန့်ကြော်သကဲ့သို့ ဖောင်းမို့တက်လာပါက အအေးခံပြီး ကျောက်ချဉ်မီးဖုတ်ကို အမှုန့်ပြုပါ။ မန်ကျည်းစေ့အခွံ မိးကျွမ်းအလှော်အမှုန့်ထောင်းနှင့် ကျောက်ချဉ်မီးဖုတ်အမှုန့်ကို ရောစပ်၍ လေလုံသောဗူးငယ်တွင်ထည့်ထားပါ။

သွားနာ၊သွားကိုက်၊သွားယိုင်၊သွားဖုံးနာနှင့်သွားသွေးယိုစိမ့်ခြင်းဖြစ်ပါက ထိုဆေးမှုန့်ကိုသိပ်ပေးပါ။အမြန်ဆုံးသက်သာပျောက်ကင်းပါကြောင်း။

ဆေးမြီတို-၃၆ မြန်မာဆေးမြီးတိုများ

#သွားခိုင်စေရန်
ကျောက်ချဉ်နှင့်ငရုတ်ကောင်းစေ့ကို ဆတူရောပြီး သံဆုံတွင်ညက်အောင်ထောင်း၍ နံနက်အိပ်ရာထတိုင်းသွားတိုက်ပေးပါ။

#crd