Home မုန့်လုပ်နည်း ရွှေထမင်း

ရွှေထမင်း

4

ပါဝင်ပစ္စည်းများ
• ကောက်ညှင်း – ၆ လုံး
• ထန်းလျက် – ၅၀ ကျပ်သား
• ဆား – အနည်းငယ်
• ရေ – နို့ဆီဘူး ၆ ဘူး
• ပဲဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အုန်းသီး – ၁ လုံး

ပြုလုပ်နည်း
၁။ ရေကို နို့ဆီဘူး ၆ ဘူးဖြင့် ထန်းလျက်၊ ဆား ထည့်ကျိုပြီး စစ်ထားပါ။
၂။ စစ်ပြီးသား ထန်းလျက်ရည်ကို ညောင်စေးကျသည်အထိ ဆက်၍ကျိုပါ။
၃။ ကောက်ညှင်းကို ပေါင်းထားပါ။
၄။ ပေါင်းထားသော ကောက်ညှင်းထဲ ညောင်စေးကျပြီးသား ထန်းလျက်ရည်ကို ထည့်၍ မွှေပါ။
၅။ လောင်းထည့်မည့် မုန့်ဗန်းထဲ ဆီအနည်းငယ်သုတ်ပါ။
၆။ ထန်းလျက်နှင့် ကောက်ညှင်းကို သမအောင် မွှေ၍ ဆီသုတ်ပြီးသား မုန့်ဗန်းထဲ လောင်းထည့်ပြီး မျက်နှာပြင် ညီညာအောင် ညှိပါ။
၇။ မိနစ် ၂၀ ခန့် ကြာမှ မုန့်မျက်နှာပြင်အပေါ်မှ လက်ဝါးကို ဆီသုတ်ပြီး လက်နှစ်ဖက်ဖြင့် မုန့်သားကျစ်လာစေရန် အားရပါးရ ဖိရိုက်ပါ။
၈။ မုန့်အပေါ်မှာ ဖြူးစားရန် အုန်းသီးကို ပါးပါးလေး ခြစ်ထားပါ။
၉။ မိနစ် ၃၀ ခန့်ကြာမှ ဓားဖြင့်လှီးပြီး လိုသလိုပုံသွင်း သုံးဆောင်နိုင်ပါတယ်။

Credit :