ကားမှာပါတဲ့ ခလုတ်တွေက ဘာခလုတ်တွေလဲ သိထားသင့်ပါတယ်
1.SMART KEY PUSH START
ဒါကတော့ အားလုံးသိနေတဲ့အတိုင်း ကားဂရိတ် အမြင့်တွေမှာ ပါလာတတ်ပါတယ်။ တချို့ကားတွေမှာက SENSOR ပါသလို လက်က ကားတံခါးလက်ကိုင်နားမှာ ထားလိုက်တာနဲ့တံခါးပွင့်တတ်ပါတ်ယ။ တချို့ကတော့ လက်ကိုင်မှာပါတဲ့ အမည်းဘုလေးနိပ်မှ ပွင့်တာပါ။ ပိတ်တာကတော့ ဘု ဒါမှမဟုတ် အရာလေးတစ်ခုပေးထားပါတယ် ။ PUSH START ENGINE ကတော့ ခလုတ်လေးနိုပ်ရုံပါပဲ ။ အင်ဂျင်က နိုးပေးမှာပါ။ ဘရိတ် နင်းပြီး ခလုတ်နိုပ်ပေးမှ အင်ဂျင်စက်နိုးမှာပါ။
တချို့ကတော့ TURN START ဆိုတာကတော့ သော့ပုံစံ နာရီလက်တံအတိုင်းလှည့်ပေးရပါတယ်။ ကားသော့ကတော့ အိတ်ကပ်ထဲ့ ထုတ်စရာမလိုပဲ စက်နိုးလို့ရမှာပါ။
2. ENGINE STARTER
ဒါက တော့ ဂျပန်ကားတွေမှာ ပါလာတတ်ပါတယ်။ အင်ဂျင်ကို အဝေးက အဝေးထိန်းခလုတ်နဲ့ နိုးပေးတာပါ။ ဘာအတွက် အသုံးပြုလဲ ဆိုတော့ ကားအတွင်းခန်း က အရမ်းနေပူလို့ ပူနေတဲ့အချိန်ဖြစ်ဖြစ် အရမ်းအေးခဲနေလို့နွေးနွေးထွေးထွေး ၇ှိချင်တဲ့အချိန် စက်နိုးထားရုံပါပဲ ။ အိမ်ထဲကနေ ခလုတ်နိုပ်စက်နိုးထားရုံပါပဲ ။ AIRCON ကိုတော့ အော်တိုမှာပဲ ထားထားမှရပါလိမ့်မယ်။ ပြန်ပြီးတပ်ဆင်တာပဲ ဖြစ်ပါတယ်။ ORIGINAL ပါလာတာတော့ရှားပါတယ်။ ပြန်တပ်ဆင်တယ်ဆိုတာ TOYOTA , NISSAN HONDA ကထုတ်ထားတာမဟုတ်ပဲနဲ့တခြားကုမ္ပဏီတွေကနေ ထုတ်လုပ်ပေးထားတာကိုပြောတာပါ။
3. CRUISE CONTROL
ဒါလေးကတော့ ဂ၇ိတ်မြင့်ကားတွေမှာပါ၀င်ပြီးတော့ ဟိုင်းဝေးလမ်းမတွေမှာ ဖြောင့်ဖြူးတဲ့လမ်းတွေမှာအရမ်းအသုံး၀င်တဲ့ခလုတ်လေးပါ။ CRUISE CONTROL ကို အမျိုးမျိုးရှိပြီး ကီလို သတ်မှတ်ပေးထားတဲ့အတွက် အရှိန်နဲ့ မောင်းနှင်မှာကိုလဲ စိတ်ပူစ၇ာမလိုတော့ပါဘူး။ တချို့က ကီလို ၁၁၀ ထိ သာမောင်းနှင်လို့ရသလို ၁၂၀ထိမောင်းနှင်လို့ရတဲ့ကားတွေလဲရှီပါတယ်။ CRUISE ခလုတ်ကို ON လိုက်ရင် ဒိုင်ခွက်ပုံစံလေးပေါ်လာပါလိမ့်မယ် တချို့က CRUISE ဆိုပြီး မီးလေးပြပေးပါတယ်။ CRUISE ခလုတ်ဘေးမှာ အပေါ်အောက် ခလုတ်တစ်ခုပါပါတယ်။ အဲ့ဒါလေးက ကီလို ၄၀ရောက်ပြီးဆိုရင် SET ဆိုတဲ့ အောက်ခလုတ်ကိုနိုပ်ပြီးတော့ သတ်မှတ်တာပါ။ နောက်မှ ကီလို လိုသလိုအပေါ်ခလုတ်ကို ထပ်တင်ပြီး ၁၁၀ ၁၂၀ ထိတင်လို့ရပါတယ်။ ခလုတ်တစ်ခါနိုပ်ရင် ၅ကီလို ၁၀ကီလိုတပ်ပါတယ်။ ဖိနိုပ်ထားရင် လဲရပါတယ်။ လီဗာနင်းစရာမလိုပဲလက်က ကွန်ထရိုးက ပဲ ထိန်းကျောင်းမောင်းနှင်လို့ရပါတယ်။ အပေါ်အောက် ဘေးမှာ CANCEL ဆိုတာပါပြီးတော့ အရှေ့ကသတ်မှတ်ထားတဲ့ကီလိုကို ပြန်ဖြတ်တာပါ။ ဘရိတ်နင်းလိုက်ရင်လဲ CANCEL ဖြစ်ပေမယ့် အပေါ်နိုပ်လိုက်ရင် ကီလို အမြင့်ဆံုးနဲ့ မောင်းနင်ထားတဲ့ မယ်မိုရိကို ပြန်နင်းပေးမှာပါ။ လီဗာလုံး၀သုံးစရာမလိုပဲ ကားမောင်းနှင်နိုင်မှာပါ။ လူသက်သာစေသလို SAFE ဖြစ်တဲ့ခလုတ်လေးပါ။ TOYOTA ကတော့ စတီယာရင် အတွင်းဘက်က ဘေး ဘက်တွေမှာပါတတ်ပါတယ်။
4. VOLUME CONTROL
ဒါကတော့ ကားတော်တော် များများ မှာ ပါလားမေးတတ်ကြတဲ့ ခလုတ်တစ်ခုပါ။ MODE , VOLUME + – ,MUTE စတာတွေပါပြီး တော့ ORIGINAL ပါလာတဲ့ NAVI ဒါမှမဟုတ်တီဗွီတွေကို ခလုတ်ကနေ ကွန်ထရိုးလုပ်တာပါ။ အသံအတိုးအချဲ့ TV ကနေ RADIO ပြောင်းတာ ၊ အခုနောက်ပိုင်း အသံနဲ့ AIRCON စတာတွေကိုပါ ထိန်းချုပ်လို့ရနိုင်လာပါပြီ။
5.PADDLE SHIFT
ဒါကတော့ AUTO GEAR စနစ်တွေမှာသာပါပြီးတော့ MANUAL ပုံစံမောင်းနှင်ချင်တဲ့သူတွေအတွက် စိတ်တိုင်းကျစေမှာဖြစ်ပြီး SPORT CAR အများစုမှသာပါ၀င်တတ်ပါတယ်။ မန်နူရယ်မောင်းဖို့အတွက်ကတော့ တောင် တက် တောင်ဆင်းလမ်းတွေမှာ ဂီယာနဲ့ထိန်းမောင်းထိန်း ဆင်းတာက ဘရိတ်ကိုလဲ မနာစေသလို အန္တရယ်လဲ ကင်းစေပါတယ်။ PADDLE SHIFT မှာ + – ပါသလို ၊ UP DOWN စတာတွေပါပါတယ်။ ဂီယာ ၄ချက် ၅ ချက် ၆ချက် ၇ချက်လောက်ကို ကားပေါ်မူတည်ပြီး ကွဲပြားပြီးမောင်းနှင်နိုင်ပါတယ်။
6. ECON
ဒါကတော့ ဆီစားသက်သာစေတဲ့နည်းပညာဖြစ်ပြီးတော့ နိုပ်ထားရင် တော်ရုံနင်းသလောက်မပြေးသလိုခံစားရပြီးတော့ ဆီစားသက်သာစေပါတယ်။ မပြေးဘူးဆိုပြီး ပိုနင်းရင်တော့ထင်တာထက်ဆီပိုစားတာဆိုတော့ ဖြုတ်ထားသင့်တဲ့ အထဲပါပါတယ်။ မြို့တွင်းကတော့တပ်ထားသင့်ပါတယ်။
7. IDLE STOP (SMART STOP )
IDLE STOP ဆိုတာကတော့ မလိုအပ်တဲ့ နေရာတွေမှာ ဆီကိုချွေတာပေးထားတာပါ။ နောက်ပိုင်း ကားတွေမှာသာအတွေ့များပြီး တော့ HYBRID ကားတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ A ကို အဝိုင်းပတ်ထားတဲ့ ခလုတ်လေးပါ။။ အဖွင့်အပတ် လုပ်လို့ရပါတယ်။ AUTO STOP AND GO (AS & G) ဆိုပြီး လဲ RVR မှာပါလာပါတယ်။ မီးပွိုင့်တွေမှာ စက္ကန့်ပိုင်းရပ်ထားရတဲ့အတွက် အင်ဂျင်ကို ခဏ ရပ်ထားပေးတဲ့စနစ်ပါ။ ၂၀၁၀ နောက်ပိုင်းကားတွေမှာတော့ HYBRID ကားတွေမှ မဟုတ်ပဲ ရိုးရိုးဓာတ်ဆီဒီဇယ်ကားတွေမှာပါ။ ဒီစနစ်ကိုထည့်ပေးထားပါတယ်။ ဂျပန်မှာ ၂၀၁၁ ဆူနာမီဖြစ်တဲ့အချိန် ဓာတ်ပေါင်းဖိုက ပေါက် ကွဲထားတဲ့အတွက် စွမ်းအင် သုံးစွဲနေရချိန်မှာအများပြည်သူသုံး ကားတွေမှာ မီးပွိုင့်တွေမှာ စက်ကို ရပ်ထားခိုင်းခဲ့ပါတယ်။ မလိုအပ်ပဲ လောက်စာဆီကို သုံးစွဲမူများမှာဆိုးလို့ ချွေတာခိုင်းတဲ့သဘောပါ။ အဲ့နောက်ပိုင်းမှာတော့ SMART STOP နည်းပညာက ကားတိုင်းမှာမပါမဖြစ် အဖြစ်ဖြစ်နေပါတယ်။
#crd