Home COOKING ပီဇာဆော့စ် (Sauce for pizza)

ပီဇာဆော့စ် (Sauce for pizza)

2

ခရမ်းချဉ်သီးကို ခြမ်းပြီး အိနပ်နေအောင် ပြုတ်ထားပါ

ကြက်သွန်ဖြူ/နီ ကိုထောပတ်နဲ့ ဆီသတ်ပါ
Basil leaves / Oregano / thyme/Dill/
Rosemary/bay leaves စတဲ့ western herbs (အနောက်တိုင်း ဟင်းခပ် အရွက်)တွေထည့်ပါ ( Ocean မှာရှိပါတယ်)

အနံ့မွှေးလာရင် ပြုတ်ထားတဲ့ ခရမ်းချဉ်သီးတွေကို ( ရေမပါဘဲ ) ထည့်မွှေချေပါ

ကြေသွားပြီးရင် blender နဲ့ မွှေပါ

ပြီးရင် ဆန်ခါနဲ့ စစ်ပါ
ရလာတဲ့ အနှစ်တွေကို ဒယ်မှာ ပြန်ထည့်ပြီး
ဆား/ သံပုရာရေ( လိုအပ်ရင်)/ သကြား/ ငရုတ်ကောင်းမှုန့် ထည့်မွှေပါ

တချို့ကတော့ apple juice / Apple cider Vinegar တွေ ထည့်ကြပါတယ်

မီးအေးအေးနဲ့ ၄၅ မိနစ် ၁ နာရီထိ
ပျစ်လာအောင်မွှေပေးပါ

( တကယ်တမ်း ကြာချိန်က ၄ နာရီလောက်ထိ နှပ်ထားရပါတယ် )

ဒါမှသာ juicy အနှစ်အရသာ ပြည့်စုံလာပါတယ်

အအေးခံပြီး ဗူးသန့်သန့်နဲ့ လေလုံအောင် ပိတ်ထား

အအေးခန်း( 14’C )မှာ ထားပါက အနည်းဆုံး လချီ ပြီးအထားခံပါတယ် ✌

ရေခဲခန်း ( – 18 ‘ C ) မှာ ထားရင် နှစ်ချီ အထားခံပါတယ်
( လိုတဲ့အခါ အခန်းအပူချိန်အတိုင်း အရေဖျော်ပြီး ပြန်နွှေးသုံးပါ )

အီတလီခေါက်ဆွဲ Spaghetti ကိုပြုတ်ထားပြီး
ဒီ Sauce ထဲမှာ ပုဇွန်/ကမာ/ပြည်ကြီးငါး/ဂုန်း စသည့် ( seafood) ပြုတ်ထည့်ပါက

” Spaghetti seafood Mariana ” ဖြစ်သွားပါတယ်

ကြက်/ဝက် (ကြိတ်သား) (minced meat)
ထည့်ပါက ” Spaghetti Bolonise ” ဖြစ်သွားပါတယ်

အပေါ်ကနေ permisam cheese ဖြူးတင်
Chopped parsley နဲ့ အလှဆင်ပါ

#Napolitan Sauce အဖြစ် အသုံးပြုနိုင်သလို

( Beef Stewed / Mutton Stewed )

အမဲစတူး / ဆိတ်စတူး
ဥနီ ( Carrot)/ စလေရီ ( celery) နဲ့ဒီ Sauce ကိုသုံးပြီး နှပ်ထားနိုင်ပါတယ်