Home USABLE TIPS Battery ဝယ်ယူတဲ့အခါမှာ သိထားရမယ့် Watt အား တွက်ချက်ပုံ

Battery ဝယ်ယူတဲ့အခါမှာ သိထားရမယ့် Watt အား တွက်ချက်ပုံ

2

လျှပ်စစ်ပစ္စည်းတွေမှာ သူ့တို့သုံးစွဲတဲ့အားပမာဏ Watt ဆိုတာ‌လေး ကိုယ်စီရှိကြပါတယ်။
နေ့စဉ်အသုံးပြုနေတဲ့ မီးလုံးတစ်လုံးဟာ 40 ကနေ 100 W၊ ရေခဲသေတ္တာ တစ်လုံးဟာ 100 ကနေ 800 W၊ ထမင်းပေါင်းအိုး တစ်လုံးဟာ 300 ကနေ 900 W၊ ပန်ကာ တစ်လုံးဟာ 50 ကနေ 100 W စသဖြင့် အသီးသီးရှိတတ်ကြပါတယ်။
▪️ဒီလျှပ်စစ်ပစ္စည်းတွေအတွက် အားတွက်ချက်ပုံကတော့ ဥပမာ ကိုယ်က 100 W ရှိတဲ့ မီးသီးတစ်လုံးကို တစ်နေ့ 5 နာရီအသုံးပြုမယ်ဆိုကြပါစို့။ 100 W × 5 hours = 500 Wh ဟာ 5နာရီစာမီးလုံးအတွက် ကုန်ကျမယ့်အားပမာဏဖြစ်ပါတယ်။ ဒီနည်းအတိုင်း တစ်အိမ်လုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်းရဲ့ W ကို အသုံးပြုမယ့်ကြာချိန်နာရီနဲ့မြောက်ပြီး ထည့်ထည့်ပေါင်းသွားရင် တစ်နေ့တာလုံးမှာ လိုအပ်မယ့် Wh စုစုပေါင်းကိုရပါမယ်။
▪️ဘက်ထရီတစ်လုံးရဲ့ သိုလှောင်အားကိုတွက်ချက်တဲ့အခါမှာတော့ ဘက်ထရီမှာ ဖော်ပြထားတဲ့ Volt အားနဲ့ Ah နှစ်ခုကိုမြောက်လိုက်ရင် Wh ကိုရပါတယ်။
ဥပမာ 51.2V 100Ah Battery ရဲ့ အားဟာ 51.2V × 100Ah = 5120 Wh ဖြစ်ပါတယ်။ 5120Wh တနည်း 5.12 KWh သိုလှောင်အားရှိတဲ့ Battery နဲ့ဆိုရင် 100 W မီးသီးကို နာရီ (50)ကျော်အသုံးပြုနိုင်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။