Home HEALTH သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမဲ့ နည်းလမ်း (၅)ခု

သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမဲ့ နည်းလမ်း (၅)ခု

6

မကြာခဏ ခေါင်းကိုက်တတ်တယ်၊ မောပန်းလွယ်တယ်၊ ရင်ဘတ်အောင့်တတ်တယ်။ ဒါတွေအပြင် သွေးတိုးတတ်တယ်ဆိုရင် အဲ့ဒါတွေဟာ အိပ်ရေးပျက်တာများလို့၊ စိတ်ဖိစီးမှုများလို့၊ ကိုယ်အလေးချိန်များနေလို့စသဖြင့် ဖြစ်နိုင်ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လည်း သွေးတိုးတတ်တယ်၊ အိမ်က လူကြီးတွေ သွေးတိုးတတ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက ဆယ်မိနစ်အတွင်း သွေးတိုးကျစေပြီး သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

(၁) နားရွက်အနောက်နဲ့ လည်ပင်းကို နှိပ်ပေးပါ။

နားရွက်အနောက်ကနေ ညှပ်ရိုးနေရာအထိ ဖြည်းဖြည်းလေး နှိပ်ပေးတာက သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးဖိအားများနေတာကို လျှော့ချပေးနိုင်ပါတယ်။ ပြီးရင် ပုံမှာပြထားတဲ့ နံပါတ် ၃ နေရာကို လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးနှိပ်ပေးတာက သွေးတိုးပြီးခေါင်းမူးနေတာကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။

(၂) ဘယ်ဘက်နှာခေါင်းနဲ့ပဲအသက်ရှူပါ။

သွေးတိုးနေတာကို အမြန်ဆုံးကျစေမယ့် နောက်တနည်းကတော့ ညာဘက်နှာခေါင်းကို ပိတ်ထားပြီး ဘယ်ဘက်နှာခေါင်းနဲ့ပဲ အသက်ရှူတာပါ။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး လည်ပင်းကိုဖြောင့်ဖြောင့်ထားပါ။ ညာဘက်လက်မနဲ့ ညာဘက်နှာခေါင်းကို ပိတ်ပြီး ဘယ်ဘက်နှာခေါင်းနဲ့ အသက်ရှူပေးလိုက်မယ်ဆိုရင် သွေးဖိအားတိုးနေတာကို ၁၀ မိနစ်အတွင်း ကျသွားစေပါတယ်။

(၃) ရေတဖန်ခွက်သောက်ပါ။

တခါတလေ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေတဲ့အခါမှာလည်း သွေးတိုးတတ်ပါတယ်။ ဒီတော့ သွေးတိုးတဲ့အခါမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ရေတဖန်ခွက်သောက်ပေးလိုက်ပါ။

(၄) ပက်လက်လှဲပြီး ကြွက်သားတွေကိုဖြေလျှော့ပေးပါ။

သွေးတိုးတဲ့အခါ ကြမ်းပြင်ပေါ်မှာ လဲအိပ်ပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။ မျက်လုံးမှိတ်ပြီး အသက်ကိုဖြည်းဖြည်းချင်းရှူပေးတာက သွေးလှည့်ပတ်မှုကိုပုံမှန်ဖြစ်စေပြီး သွေးဖိအားတိုးနေတာကို ဖြည်းဖြည်းချင်းလျော့သွားစေပါတယ်။

(၅) ခြေထောက်ရေနွေးစိမ်ပေးပါ။

သွေးတိုးနေတဲ့အခါ လည်ပင်းနဲ့ဦးခေါင်းကို အေးနေအောင် ထားပေးဖို့လိုပါတယ်။ ပြီးတော့ ရေဇလုံထဲမှာ ရေနွေးထည့်ပြီး ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ချက်ချင်းသွေးတိုးကျစေပါတယ်။

#ပြန်လည်မျှဝေပါသည်