Home HEALTH ပူစီနံ နှင့် ဂေါက်ရောဂါ

ပူစီနံ နှင့် ဂေါက်ရောဂါ

4

ဂေါက်ရောဂါကို ကိုယ်တွေ့ သက်သာပျောက်ကင်းခဲ့တဲ့ ဆေးနည်းလေး ဖြန့်ဝေလိုပါတယ်ဗျာ။ လွယ်လွန်းတော့လည်း မယုံမှာတော့ စိုးမိပါတယ်။
အဆစ်ရောင် ဂေါက်ရောဂါဆိုတာက ရောဂါကြီးတစ်မျိုး ဝဋ်နာကံနာ အစာငတ်တဲ့ရောဂါပါ။ အသက်၃၅/၄၀လောက်ကနေစပြီး အဖြစ်များတာပါ။ ဂေါက်ရောဂါသမားအတွက် မတည့်တဲ့အစာက များလှပါတယ်။ စူဖြိူးသောအသား၊ကလီစာ၊ မြေအောက်က တွင်းအောင်းစာတွေ ဥ၊ မို၊ မျှစ်၊ လက်လုပ်ချဥ်များ၊ ချဥ်ပေါင်အနီ၊ ပဲအမျိူးမျိူး၊ အရက်ဘီယာ ဖျော်ရည်အမျိုးမျိုး စသည်ဖြင့် အခုစားရင် တော်နေကြာ နာရတော့တာပါ။
တခါတခါ မစားပဲတောင် နာတဲ့အခါတွေ ရှိပါတယ်။ နာတယ်ဆိုပေမယ့် ပြည်တည်တာမျိုးတော့မရှိပါဘူး။
နာပြီဆိုရင် တောင်ဝှေ့၊ ဂျိုင်းထောက်ပါ သုံးရတဲ့အထိနာပါတယ်။ အကိုက်အခဲပျောက်ဆေး ထိုးဆေးစားဆေး တွဲသုံးမှ သက်သာပါတယ်။ ကိုယ်တွေ့ ခံစားခဲ့ရတာပါ။

ကျွန်တော့်ဆရာဝန်ကတော့ Allopurinol စားဆေး တစ်နေ့ နှစ်လုံးနှစ်ကြိမ် နေ့တိုင်း စားနေဖို့ လမ်းညွှန်ထားပါတယ်။ မပြတ်တမ်းမစားဖြစ်ခဲ့တာရယ် အစားမရှောင်နိုင်တာရယ်ကြောင့် ဖြစ်မယ်ထင်တာပဲ တစ်ပတ် ၇ရကျအတှငျးတောငျ လေးကြိမ်လောက် ဆေးထိုးခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။

ဂေါက်ရောဂါက ရင့်လာသည်နှင့်အမျှ ခြေဆစ် လက်ဆစ်တွေပုံပျက်လာပြီး အအိပ်ပျက်အစားပျက်ဒဏ်၊ အကိုက်အခဲပျောက်ဆေးဘေးဆိုးကျိုးဒဏ်နှင့် အဟာရပြတ်သည့်ဒဏ်တွေကြောင့် လူ့သက်တမ်းစေ့ မနေရတော့ပါဘူး။ ကိုယ့်ရွာမှာတင် သေရသူတွေ မြင်ခဲ့ရတာပါ။

ဂေါက်ရောဂါအနုအရင့် သိနိုင်ဖို့ကတော့ သွေးစစ်ရပါမယ်။

လူခန္ဓာအတွင်းမှာ အစ်ဆစ် အချဥ်ဓာတ်တွေ များလာပြီး အဆစ်တွေကြားမှာ အနည်ထိုင်ရာကနေ အဆစ်ရောင်ဂေါက်ရောဂါရယ်လို့ ဖြစ်လာရတာ ပါပဲ။ အက်စစ်အချဥ်ဓာတ်တွေကို ကျောက်ကပ်က ထိန်းညှီပြီး ဆီးအဖြစ် မစစ်ထုတ်နိုင်လို့ ခန္ဓာအတွင်းမှာ အစ်စစ်ဓာတ်တွေ များနေရတာ လို့ ဆိုပါတယ်။
သည့်အတွက်ကြောင့် ဂေါက်ရောဂါပျောက်ဖို့ရာ ကျောက်ကပ်ကို ဆေးကြောပေးဖို့ လိုအပျတယျလျို့ ဆိုထားပါတယ်။
ကျောက်ကပ်ကို ဆေးကြောဖို့ အလွယ်ဆုံးနည်းကတော့ ပူစီနံ/ပူစီနာကို ပြုတ်သောက်ရတာပါပဲ။

ကျွန်တော်လည်း fbပေါ်ကတွေတာပါ 2gမို့ ပြန်ရှာမရဖြစ်နေလို့ ကျိုယျတိုငျရေးပွီး တစ်ဆင့်ဖြန့်ဝေရခြင်းပါဗျာ။

ပူစီနံပင်ကို အရိုးအရွက်ပါလက်တစ်ဆုပ်စာ ခူး၊ဆေးကြောပြီး ပြုတ်ပါတယ်။ ရေနွေးခပ်ဖန်ဖန်ခပ်သောက်သည့် အရောင်အနေအထားထိ (ရေသန့်ဘူးတစ်လီတာဘူးခန့်ကျန်) ပြုတ်ပါတယ်။ ပြီးရင် အအေးခံပြီးသောက်နိုင်သလို တစ်ဆက်တည်း သောက်တာပါ။ နံနက်ပိုင်းမှ အဆင်ပြေပါတယ်။ ညဆိုရင်တော့ အပေါ့ကိစ္စက အဆင်အပြေပါဘူး။
ကျွန်တော်ဆို နှစ်ရက်ခြားပြီး နှစ်ကြိမ်သောက်ယုံနှင့်ပဲ သက်သာပျောက်ကင်းခဲ့တာ အခုဆို သုံးလကျော်ခဲ့ပါပြီ။ မတည့်စာမှန်သမျှလည်း ပြီးခဲ့တဲ့ သုံးလကျော်အတွင်းမှာ အကြိမ်များစွာ စားခဲ့ပြီးပါပြီ။
အရက်ဘီယာတော့ ကျွန်တော် မသောက်တာ ကြာခဲ့ပါပြီ။
ကိုယ်တွေ့ သေခြာအောင်စောင့်ကြည့်ပြီးမှ အသိပေးဖြန့်ဝေခြင်းဖြစ်ပါတယ်ဗျာ။ ယနေ့အထိ ပူစီနံပြုတ်ရည် သုံးကြိမ်ခန့် သောက်ခဲ့ပါပြီ။
ပူစီနံကို ထမင်းနှင့် အရွက်စိမ်း အစားများရင် မျက်လုံးတွေအစ်နေအောင် တက်တတ်ပေမယ့် ပြုတ်ရည်သောက်လို့ ကျွန်တော့်မှာတော့ တက်တယ်မရှိပါဘူး။
ကိုယ့်ပတ်ဝန်းကျင်မှာ ဂေါက်ရောဂါဖြစ်နေသူ ရှိနေခဲ့ရင် တစ်ဆင့်စကားတစ်ဆင့် ပြောကြားပေးကြဖို့ မတ္တာရပ်ခံလိုပါတယ်ဗျာ။

ရောဂါဆိုးကြီးမှ လွှတ်ကင်းပါမယ်ဆိုရင်ဖြင့် မည်မျှအထိ ဝမ်းသာမယ်ဆိုတာကတော့ မပြောပြလိုတော့ပါဘူး။
#credit