Home USABLE TIPS ကား ဒိုင်ခွက်ပေါ်က အချက်ပြ သင်္ကေတများ

ကား ဒိုင်ခွက်ပေါ်က အချက်ပြ သင်္ကေတများ

5

#ကားမောင်းတဲ့အချိန်မှာ သိထားသင့်တဲ့ ကား ဒိုင်ခွက်ပေါ်က အချက်ပြ သင်္ကေတများ

ကားမောင်းသူတိုင်း သိထားသင့်တဲ့ ကား Dashboard ပေါ်မှ သင်္ကေတများအကြောင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

A. အသက်ကယ်ခါးပတ် အချက်ပြခြင်း
ပုံမှန်ဆိုရင် ကားခါးပတ်ကို မဝတ်ကြတာများပါတယ်။ ကားခါးပတ်မပတ်ခြင်းက Safe မဖြစ်စေလို့ ခါးပတ်ပတ်ဖို့ အမြဲသတိရသင့်ပါတယ်။ ကားမောင်းနေစဉ် ကားခါးပါတ်မပတ်ထားတဲ့ အချိန်မျိုးမှာ မီးလင်းလာတတ်ပါတယ်။ ခါးပါတ် lock မကျသေးရင်လဲ မီးလင်းတတ်ပါတယ်။

B. ယာဉ်ရှေ့ခန်းအတွင်း အသက်ကယ်လေအိပ် အလုပ်မလုပ်ပါ။
အသက်ကယ် လေအိတ်မှာ ချို့ယွင်းချက်ရှိတဲ့ အခြေအနေမျိုး မှာ မီးလင်းပါတယ်။ အသက်ကယ် လေအိတ် အရေးပေါ် ယာဥ်အန္တရာယ် အတွက်အလုပ်လုပ်ပေးတာ ဖြစ်လို့ အချက်ပြမီးလင်းလာခဲ့ရင် Service ကို အမြန်သွားရောက်ပြီး စစ်ဆေးထားသင့်ပါတယ်။

C. Handbrake ဆွဲထားသည်။
ဟန်းဘရိတ်ကို အပြည့်အဝ မလွှတ်ရသေးတဲ့ အခြေအနေနှင့် ဘရိတ်စနစ်မှာ ချို့ယွင်းချက်ဖြစ်တဲ့အခါမျိုးတွေမှာ မီးလင်းနေတတ်ပါတယ်။ ဘရိတ်က ကားမောင်းတဲ့အခါ အရေးကြီးတဲ့ စနစ်တစ်ခု ဖြစ်လို့ အချက်ပြမီးလင်းလာပါက Service ကို အမြန်သွားရောက်ပြီး စစ်ဆေးထားသင့်ပါတယ်။

D. ရှေ့မီးဖွင့်ထားသည်။
(DRL) လို့ခေါ်တဲ့ နေ့ခင်းမှာလင်းနေတဲ့ ကားအရှေ့မီးက auto ဖွင့်ထားမိတဲ့ အချိန်မှာ အချက်ပြမီး လင်းနေတတ်ပါတယ်။

E. ဘထ္ထရီကို စစ်ဆေးသင့်သည်။
ဘက်ထရီ အားကုန်တာ၊ ဘက်ထရီပုံမှန်အလုပ်မလုပ်တော့တာ စသဖြင့် ဘက်ထရီချို့ယွင်းချက်များရှိပါက ဘက်ထရီ အချက်ပြ မီး လင်းလာတတ်ပါတယ်။

F. ကားတံခါး ပွင့်နေသည်။
ကားလော့မကျသေးတာ၊ ကားတံခါးပွင့်တဲ့အခါမျိုးတွေမှာ လင်းနေတတ်ပါတယ်။

G. အင်ဂျင်အပူချိန်မြင့်တက်ခြင်း ပြဿနာ
ကားအကြာကြီး မောင်းထားတဲ့အတွက် အင်ဂျင်ပင်ပန်းနေပြီလို့ ဖြစ်လို့ ကားကိုရပ်ပြီး ရေဒီရေဒါကို အအေးခံပါ။အင်ဂျင်က မနားတမ်းအလုပ်လုပ်နေရတဲ့အခါ ကြာရင် အင်ဂျင် အပူလွန်ပြီး အချက်ပြမီးပေါ်တတ်ပါတယ်။

H. အင်ဂျင်ဆီ pressure ကျနေသည်။
အင်ဂျင်ဝိုင်နည်းနေတဲ့ အချိန် နဲ့ အင်ဂျင်ဝိုင် ယိုစိမ့်မှုရှိတဲ့ အခြေအနေမှာ အချက်ပြ ပေးမယ့် စနစ် ဖြစ်ပါတယ်။

I. အင်ဂျင်ချို့ယွင်းမှုရှိနေသည်။
အင်ဂျင်မှာ ချို့ယွင်းမှု သို့မဟုတ် မှားယွင်းမှုတစ်စုံတစ်ရာရှိပါက အင်ဂျင်အချက်ပြမီး လင်းနေတတ်ပါတယ်။ အသေးစိတ်ကို ရေးတင်ထားတာ ရှိလို့ ရှာဖတ်နိုင်ပါတယ်။

J. Auto Brake System ချို့ယွင်းမှုရှိနေသည်။
အခုလိုမိုးတွင်းမှာ ရေဗွက်အိုင်တွေကို ဖြတ်မိတဲ့ အချိန်မှာ wheel speed sensor ကြိုး ရေစိုနေတာ၊ ကြိုးပျက်တဲ့အချိန်မျိုးမှာ အချက်ပြမီးလင်းတတ်ပါတယ်။

#crdoriginaluploder