Home GENERAL
3

ခွေးတောက်(ဂွေးတောက်)ပင်စိုက်ပျိူးနည်း

ခွေးတောက်ပင်ဟာ မြန်မာနိုင်ငံအနှံအပြားမှာ စိုက်ပျိူးဖြစ်ထွန်းနိုင်ပါတယ် ။ သဲဆန်တဲ့ မြေမှာ ပိုမိုဖြစ်ထွန်းပြီး အပင်စိုက်ပျိူးရာမှာ မျိူးစေ့ကနေ ပျိူးထောင်၍ စိုက်ပျိူးရပါတယ် ။ ပျိူးထောင်ပြီး တစ်လခွဲ အကြာမှာ ရွှေ့ပြောင်းစိုက်ပျိူးရပါတယ်။ ခွေးတောက်ပင် စိုက်ပျိူးရာမှာ စိုက်ပျိူးမည့်ဘောင်ကို (၆) လက်မ အမြင့်ထားပြီး တစ်ဘောင်နဲ့ တစ်ဘောင်ကိုတော့ (၂) ပေခန့် ခွာထားပေးရပါတယ် ။ စိုက်ပျိူးပြီး တစ်လသား အရွယ်မှာ နွားချေး ကြက်ချေး နှင့် မြေသြဇာ ကျွေးပြီး ရေပေးရပါမယ်။

အညွှန့်ခူးခြင်း

ခွေးတောက်ပင်ဟာ (၃) လသား အရွယ်မှာ စတင် အညွှန့်စတင်ခူးနိုင်ပြီး ၃ ရက်ခြား တစ်ကြိမ် ခူးဆွတ်နိုင်ပါတယ်။ စိုက်ခင်းထဲမှာ ပေါင်းမြတ်များကို ရှင်းလင်းအောင် လုပ်ဆောင်ပေးရပါတယ်။အဓိက ကျရောက်နိုင်တဲ့ ပိုးတွေကတော့ ပျပိုး၊ ပိုးတုံးလုံး ၊ ရွက်လိပ်ပိုး တွေဖြစ်ပါတယ် ။ခွေးတောက်ပင်ဟာ ပုံမှန် ဝင်ငွေ ရရှိနိုင်တဲ့ နှစ်ရှည်ပင် အမျိူးအစားဖြစ်ပါတယ် ။ အရင်က ခွေးတောက်ညွှန့်ကို အရိုင်းအပင်တွေကသာ ရရှိနိုင်တာကြောင့် ရှားပါးပြီး စီးပွားဖြစ် မစိုက်ပျိူးနိုင်ကြပါဘူး။ ယခုအခါ ခွေးတောက်ပင်ကို စီးပွားဖြစ် စနစ်တစ်ကျ စိုက်ပျိူးလာကြတာကြောင့် ဟင်းသီးဟင်းရွက်စျေးကွက်မှာ ခွေးတောက်ကိုလဲ မြင်တွေ့လာနေရပါပြီ

ခွေးတောက်ပင် ပြုစုနည်း

ခွေးတောက်ပင်ကို အညွှန်များပြီး ဝေနေဖို့အတွက် အညွှန့်ခူးဖြတ်ရာမှာ အရေးကြီးပါတယ် ။ ကျွန်တော်တို့ ဖြတ်လိုက်တဲ့ ကိုင်းတွေဟာ အပေါ်ကို ရောက်နေမယ်ဆိုရင် အညွှန်တွေဟာ သိပ်ပြီး သန်မှာ မဟုတ်သလို အများကြီးလဲ ထွက်လာမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အညွှန်ဖြတ်တဲ့အခါ အောက်ခြေမှာရှိတဲ့ နှစ်တက် သုံးတက်ကိုသာ ချန်ပြီး ညှပ်ပေးမှသာ အကိုင်းအခက်တွေ များပြီး အညွှန့် များများရမှာ ဖြစ်ပါတယ် ။ ခွေးတောက်ပင်ဟာ အပင်အကြမ်းခံ အမျိူးအစားဖြစ်တာကြောင့် ပြုစုရာမှာ အရမ်းကို ရိုးရှင်းပြီး လွယ်ကူစေပါတယ်

ခွေးတောက်၏ အကျိူးကျေးဇူးများ

အစာလည်း ဆေး၊ ဆေးလဲ အစာ ဆိုသလိုပါပဲ ခွေးတောက်ရဲ့ ကောင်းကျိူးတွေကတော့ များစွာရှိပါတယ် ။ ခွေးတောက်ဟာ လေထိုးလေအောင့် ရောဂါ ၊ လေဖျက် ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ် ။ ဝမ်းအတွင်း အဆိပ်အတောက်များကို လည်းပြေစေနိုင်ပါတယ် ။ ခွေးတောက်ကို သကြားနဲ့ ရောထောင်းပြီး အဆစ်အမြစ် ကိုက်တဲ့ လွဲတဲ့ နေရာ ၊ ကိုက်တဲ့နေရာတွေမှာ အုံပေးခြင်းဖြင့် အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ် ။ ခွေးတောက်ရွက်မှာ သံဓာတ်နဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ် ။ ခွေးတောက်စြ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေး၊သလိပ်ရွှင်ဆေး စတဲ့ အရာတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်

အရက် သောက်တဲ့သူတွေအတွက် ခွေးတောက်ရွက်ကို ဟင်းချိူချက်သောက်ခြင်းဖြင့် အရက်ဂျိူးများကို ချေဖျက်နိုင်ပါတယ် ။ ခွေးတောက်ကို ဘဲဥဖြင့် ကြော်စားခြင်းဖြင့် ခွန်အားကို တိုးစေပါတယ် ။ ခွေးတောက်ရွကို မီးကင်၍ အုံပေးခြင်းဖြင့် အနာဆွေးများ ၊ ပြည် တည်နာများ ၊ သွေးစုနာ များကို သက်သာပျောက်ကင်းစေနိုင်ပါတယ်

ခွေးတောက်မျိူးစေ့ ပျိူးထောင်နည်း

ခွေးတောက်မျိူးစေ့ များကို (၄ ) လက်မ ဒုရှိသော သဲဘောင်တစ်ခါပေါ်မှာ ဖြန့်၍ အပေါ်မှ သဲနု ပါးပါး ဖုံးအုပ်ပါ ။ ရေကို အစိုဓာတ်မပြတ်စေရန် လောင်းပေးပါ ။ အပင်လေး များထွက်လာပါက အသင့်ရေနှပ်ထားသော မြေအိတ် ထဲသို့ ပြောင်းရွှေ့ပေးပါ ။ ပြောင်းရွှေ့ပြီး တစ်လ ခွဲသားခန့်မှာ မြေချ စိုက်ပျိူးနိုင်ပါတယ်။
#credit