မိမိခန္ဓာကိုယ်တွင် ရှိသင့်သည့် အနေအထားတစ်ခုထက် အဆီတွေတက် အဝဖက်ကိုရောက်လာခဲ့လျှင် သွားလာနှေးကွေး လေးမှိုင်းနေတက်လာပါတယ်အဲလိုမျိုးအချိန်ရောက်လာမှသာလျှင် အများအားဖြင့် ဝိတ်ချတော့မယ် အဆီချမယ်ဆိုသည့် စိတ်ကူး စိတ်သန်းပေါ်လာတက်ကြပါတယ် ။ ပေါ်ပေါက်မှု့နှင့်အတူ လွဲမှားသော အယူအဆကိုအခြေခံပြီး ဝိတ်ချခြင်းကို လုပ်ဆောင်တက်ကြပါတယ် ။
အများအားဖြင့် ပထမ ဦးစွာ အစားသောက်ကို စားနေကြပုံမှန်ထက် စားသောက်ခြင်း မပြု့တော့ဘဲ ဝိတ်ချတက်ကြပါတယ် အဲလို မျိုး အစားသောက်လျှော့ချလာခြင်းကြောင့် အဆီတွင်မက ကြွက်သားတွေနဲ့တစ်သျှူးတွေပါ လျော့ကျသွားပါတယ် ။မိမိခန္ဓာကိုယ့်ရဲ့ဇီဝဖြစ်စဉ်တွေ နှေးကွေးသွားမှု့ဖြစ်ပေါ်လာပါတယ် အဲလိုဖြစ်ပေါ်လာသည့်အခါတွင် မူလကအပြင်းအထန် အစားသောက်ကို လျော့ချခြင်းကြောင့်ဖြစ်ပေါ်ရတယ်ဆိုပြီး အစားသောက်ကိုပြန်လည်ပုံမှန် စားသောက်သည့်အခါတွင် အလေးချိန် မှာ သိသိသာသာပြန်လည်တက်လာပြီး မူလထက်ပိုမိုတက်သည်ကို အထူးသတိချပ်သင့်ပါသည် ။
အဲလိုဆန္ဒမစောကြပါနဲ့လို့ပြောချင်ပါသည်။ မြန်မာစကားရပ်မှာ လှလို့ဝလို့ပါလား ဆိုတာအပြောများပါတယ် ပိန်လို့လှလို့ဆိုတာ ပြောခဲပါတယ် ။
အပြင်းအထန် အစားသောက်မစာခြင်းဖြင့် ဝိတ်ချမည့်စနစ်သည် မိမိကျန်းမာရေးအတွက် အားနည်းချက်ကိုဖြစ်ပေါ်စေသဖြင့် တဖြေးဖြေးဖြင့် ကျန်းမာရေးနှင့်ညီညတ်သည့် အသီးအရွက်အပါအစားအစာစားသောက်ခြင်းဖြင့် စားသောက်ထိန်းကြောင်း ခြင်းသည်သာ ကျန်းမာရေးအတွက် ကောင်းမွန်သလို့မိမိတက်နေသည့် ဝိတ်အလေးချိန် အဆီများကို ကျဆင်းစေပါသည် ။
တစ်ချို့ဆိုလျှင် လွယ်ကူပြီး လူတိုင်းအဆင်ပြေစေသည့် ရေ သောက်ခြင်းကိုပင် အလွန်ပင်နည်းပါးကြပါသည် ။ ရေသောက်မနည်းစေဘဲ ရေများများ သောက်တက်သည့် အလေ့အကျင့်ကိုလည်း ပြုလုပ်သင့်ပါသည် ။ ခန္ဓာကိုယ်အတွက် ရေဓာတ်များစွာလိုအပ်ပါသည် ရေဓာတ်ရေလျှော့လျှင် အသားအရေအခြောက်ခမ်းတက်ခြင်း လန်းဆန်းမှု့အတွက် အားအင် လျှော့နည်းခြင်း ဖြစ်သည့်အပြင် ကိုယ့်တွင်ကလိစာများအတွက်လည်း ဆိုးကျိုးများဖြစ်ပေါ်စေတက်ပါသည် ။ ရေသောက်မနည်းခြင်းသည်လည်း ဝိတ်ချမည့်သူ အတွက်လည်း အထောက်အကူပြု့သလို လူ့ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါသည် ။
နောက်တစ်ချက်အနေဖြင့် မိမိစိတ်ပိုင်းဆိုင်ရာကိုလည်း ထိန်းသိမ်းရပါလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာအဖြင့် စိတ်ဖိစီးမှု့တွေ အလွန် များလွန်လျှင်လည်း အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါသည်။ ဒီလိုစိတ်ဖိစီးမှု့များပြားလာခြင်းကြောင့် မိမိခန္ဓာကိုယ့် ဇီဝဖြစ်စဉ် တစ်ခုဖြစ်သည့် Cholesterol လို့ခေါ်သည့် ဟော်မုန်းတစ်မျိုးကို ဖြစ်ပေါ်ထွက်ပေါ်လာပြီး အဲဒီဟော်မုန်းကြောင့် အဆီပိုတွေက မိမိဝမ်းဗိုက်နေရာကို ပိုပြီးစုဆောင်းဖြစ်ပေါ်စေလို့ ဗိုက်တွေထွက် အဆီတွေများ ဗိုက်ခေါက်တွေ ထူဖြစ်ပေါ်လာပါသည် ။ ဒါကြောင့် မိမိစိတ်တွင် စိတ်ဖိစီးမှု့များဖြစ်ပေါ်လာခြင်းကို လျှော့ချနေထိုင်ဖို့လည်း ဝိတ်ချသူများအနေဖြင့် အထူးလိုအပ်ချက်ဖြစ်ပါသည်။ ကျန်းမာရေးအရ စိတ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းတက်စေရန်နှင့် စိတ်ဖိစီးမှု့ကင်းဝေးနေထိုင်တက်စေဖို့လည်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည် ။
အဆီများသောအသားများ စားခြင်း ၊ အချိုရည်များသောက်သုံးခြင်းမျာကို ရှောင်ရှားပါ ။ ကိုယ့်လက်ကျန်းမာရေး အားကစားတစ်ခုခုကို ပုံမှန်အနေအထားဖြင့် လုပ်ဆောင်သည့်အပြင် တင်ပြချက်ကို လိုက်နာပါက သင့်အတွက် အလှပျက်မည်အနေအထား ဝိတ်တက် ဝလာခြင်းကင်းပြီး မိမိကျန်းမားရေးပါ အထူးကောင်းမွန်သော နေထိုင်မှု့အဖြစ် ရရှိလာနိုင်ပါသည် ။