1) Window စတက်တာနဲ့ နောက်ခံမှာ run နေသည့် program တွေကို ပိတ်ရန်
တစ်ခါလေမှာ စက်ဖွင့်လိုက်တာနဲ့ အသုံးမပြုပဲ နောက်ခံမှာ ပွင့်ပြီး Run နေတဲ့ Program လေးတွေရှိတဲ့အတွက်လည်း Window တက်ရာတွင်ဖြစ်စေ၊ အသုံးပြုနေစဉ်ဖြစ်စေ စက်လေးတက်ပါတယ်။ မလိုအပ်ပဲ မသုံးတဲ့ software လေးတွေ ပိတ်ထားစေချင်ပါတယ်။ Ctrl + Alt + Del key သုံးခု ကို တွဲနှိပ်၍ Task Manger ကို ရွေးပါ။ Startup Menu ကို သွားပီး Enable ဖြစ်နေသော အသုံးမလိုသော Software များကို Select ထောက်ပြီး အောက်တွင် Disable button လေးကို နှိပ်ပေးပါ။ နောက်တစ်ခါ Window တက်လာလျှင် မလိုအပ်သော application software များ အလုပ်မလုပ်တော့ပါဘူး။ အဲဒီအတွက်ကြောင့်လည်း စက်ကို ပိုမို လျှင်မြန်စေပါတယ်။
2) Disable shadows, animations and visual effects
Window 10 မှာ အရမ်းကို ကောင်းတဲ့ shadow, animations နှင့် အမြင်အာရုံကို စွဲဆောင်စေနိုင်တဲ့ effect လေးတွေ များစွာ ထည့်သွင်းထားတဲ့အတွက် အဲဒီအချက်တွေဟာ ကိုယ့်ရဲ့ ကွန်ပျူတာကို နှေးစေမှာပါ။ တကယ်လို့အဲဒီအချက်များကို လျော့ချလိုက်မယ်ဆိုရင်တော့ ပိုပြီးမြန်ဆန်လာနိုင်တာတွေ့ရမှာပါ။ လုပ်ဆောင်ချက်ကတော့
Computer Run box (Window Key + R) > sysdm.cpl လို့ရိုက်ပြိး Enter ခေါက်ပါ။ System Properties dialog box> Advanced tab> Performance Settings > Performance Options dialog box > အောက်ဖော်ပြပါ ပုံအတိုင်း

- Animate Controls and elements inside windows,
- Animate windows when minimizing and maximizing,
- Animation in the taskbar,
- Fade or slide menus into view,
- Fade or slide ToolTips into view,
- Fade out menu items after clicking,
- Show Shadows under mouse pointer Select တွေကို disable လုပ်ပေးပါ။
3) Disable transparency
Shadows, animations နှင့် visual effects တွေကို ပိတ်ပြီးရင် Window 10 မှာပါတဲ့ transparency ကိုလည်း ပိတ်သင့်ပါတယ်။ သူကတော့ Computer> Settings> Personalization > Colors အောက်မှာရှိတဲ့ Transparency effects ကို off လုပ်ပေးပါ။
4) Turn on automated Windows maintenance
Window 10 သည့် နေ့တိုင်း နောက်ဘက်ခြမ်းမှ အမြဲတမ်း PC ကို maintenance လုပ်ပေးနေတယ်။ PC ကို လုံခြုံစိတ်ချရန်အတွက် အမြဲတမ်း scanning လုပ်ပေးနေသလို system အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်များကိုလည်း အလိုအလျောက် လုပ်ဆောင်ပေးနေပါတယ်။ အလုပ်မလုပ်တဲ့အချိန်နှင့် ချိန်ဆပြီး အချိန်ထည့်ထားပေးလို့ ရပါတယ်။ ဆိုလိုတာက အဲဒီအချိန်မှာတော့ ကိုယ့်ရဲ့ ကွန်ပျူတာကို ဖွင့်ထားပြီး၊ power တပ်ထားပေးရမှာ ဖြစ်ပါတယ်။
Computer Run box (Window Key + R) > control လို့ရိုက်ပြိး Enter ခေါက်ပါ။ Control Panel dialog box > Security and maintenance > Maintenance > Change maintenance settings > ကိုယ်ကြိုက်နှစ်သက်သည့် times ကို ရွေးချယ်၍ Allow schedule maintenance to wake up my computer at the schedule time ကို Select လုပ်၍ Ok ကို နှိပ်ပါ။
5) Kill bloatware
တစ်ခါလေ window 10 ဟာ အရမ်းနှေးသွားရတဲ့ အကြောင်းအရင်းဟာ bloatware (or) adware တွေဟာ CPU speed ကို ကျအောင်လုပ်ထားတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် PC မှာရှိတဲ့ adware (or) malware တွေကို security ကောင်းတဲ့ antivirus software များကို ထည့်သွင်းပြီး scan ဖတ်နိုင်ပါတယ်။ window 10 မှာ built-in ပါပြီးသား anti-malware-application ဖြစ်တဲ့ Window Defender ကိုလည်း အသုံးပြုနိုင်ပါတယ်။ Malwarebytes Anti-Malware လို့ခေါ်တဲ့ free antivirus version ကို install လုပ်ပြီး ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ရှိတဲ့ file တွေကို scan လုပ်ပြီး virus တွေကို သတ်နိုင်ပါတယ်။
6) Defrag your harddisk
သင့် PC မှာသုံးနေရတဲ့ Harddisk ထဲမှာရှိနေတဲ့ file တွေကိုလည်း အမြဲတမ်းလိုလို စီသင့်ပါတယ်။ အပြင်မှာရှိတဲ့ ကိုယ့်ရဲ့အလုပ်လုပ်နေတဲ့ file (စာရွက်စာတမ်း) တွေသာ ရှုပ်ပွနေခဲ့ရင်လည်း ရှင်းရသလိုပဲ ကိုယ့် ကွန်ပျူတာထဲမှာရှိတဲ့ file တွေကိုလည်းရှင်းသင့်ပါတယ်။ Window 10 မှာတော့ Built-in defragmenter ပါဝင်ပြီး အလိုအလျောက် လုပ်ဆောင်ပေးတာ ဖြစ်တဲ့အတွက် သူလုပ်ဆောင်နေရင်လည်း စက်ကလေးတတ်ပါတယ်။ ထိုကြောင့် Daily, weekly, monthly ဆိုပြီး ပြန်လည် ပြင်ဆင်နိုင်ပါတယ်။ ကိုယ့် file အများဆုံးထားတဲ့ Drive ကိုသာ Select ပေးပြီးထားလို့လည်း ရပါတယ်။
Search box မှာ Defragment လို့ရိုက်လိုက်လျှင် Defragment & Optimize Drives ဆိုတာကို နှိပ်ပါ။ Optimize Drives dialog box လေးကျလာလျှင် Change Settings ကိုနှိပ်၍ ကိုယ်လိုအပ်သလို Daily, weekly, monthly ဆိုပြီး ရွေးချယ်နိုင်ပါတယ်။
7) Shut down and restart windows
IT ရဲ့ ထူးခြားတဲ့ လက်နက်တစ်ခုကတော့ တစ်ခါလေ PC ရဲ့ တစ်ခုခုဖြစ်သွားခဲ့ရင် shutdown (or) restart ချလိုက်တာနဲ့ ပြန်ကောင်းတက်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ RAM မှာ မှတ်သားထားတာတွေများ နေတာကို မရှင်းလင်းတဲ့ အတွက်ကြောင့်၊ application တွေကို အချိန်ကြာမြင့်စွာ အသုံးပြုထားတဲ့အတွက်ကြောင့်၊ တစ်ချို့ ကွန်ပျူတာကို ရက်အတော်ကြာအောင် shutdown မလုပ်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အချက်တွေကိုသာ လုပ်ဆောင်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ Window 10 Computer လေးကတော့ သုံးရတာ ပိုမိုအဆင်ပြေနေမှာကို တွေ့ရမှာပါ။